fbpx

Supply Chain Process Standards (10 – Categories)

Supply Chain Process Standards များကို နံပါတ်စဉ်ရေးထိုးသည့်စနစ်ဖြင့် ဖော်ပြထားပြီး လုပ်ငန်းမျိုးတူစုအတန်းအစား (Category) ၁၀ မျိုးဖြင့် ခွဲခြားဖော်ပြလိုက်ပါတယ်။

၎င်းတို့မှာ –

(1) Develop Vision and Strategy
(လုပ်ငန်းဆိုင်ရာအမြင်နှင့် မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး)
(2) Develop Manage Products and Services
(ထုတ်ကုန်နှင့်ဝန်ဆောင်မှု စီမံခန့်ခွဲရေး ဖွံ့ဖြိုးတိုးတက်မှု)
(3) Market and Sell Products and Services
(ထုတ်ကုန်နှင့်ဝန်ဆောင်မှု ဈေးကွက်ရှာဖွေရေးနှင့်ရောင်းချရေး)
(4) Deliver Products and Services
(ထုတ်ကုန်နှင့်ဝန်ဆောင်မှု လွှဲပြောင်းပေးပို့ရေး)
(5) Manage Customer Services
(သုံးစွဲသူဝန်ဆောင်မှု စီမံခန့်ခွဲရေး)
(6) Develop and Manage Human Capital
(လူသားအရင်းအမြစ်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး)
(7) Manage Information Technology
(သတင်းနည်းပညာ စီမံခန့်ခွဲရေး)
(8) Manage Financial Resources
(ဘဏ္ဍာရေးအရင်းအမြစ် စီမံခန့်ခွဲရေး)
(9) Manage Environmental Health and Safety (EHS) (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကာကွယ်ရေး စီမံခန့်ခွဲမှု)
(10) Manage Knowledge, Improvement and Change (အသိပညာ၊ တိုးတက်ပြုပြင်ရေးနှင့် ပြောင်းလဲမှုစီမံခန့်ခွဲရေး)

တို့ ဖြစ်ပါတယ်။

အထက်ပါ လုပ်ငန်းအမျိုးအစားတူရာ အတန်းအစား (Category) တစ်ခုချင်းစီတွင် လုပ်ငန်းစဉ်အုပ်စု (Process group) များပါဝင်ပြီး Process group တိုင်းတွင်လည်း လုပ်ငန်းစဉ်များ (Process) များဟူ၍ ထပ်မံခွဲခြားဖော်ပြထားသည်။ ထို့ပြင် Process တိုင်းတွင် လုပ်ဆောင်ချက် (Activity) များပါဝင်ကာ Activity တစ်ခုချင်းစီတွင် –

(က) အနိမ့်ဆုံး လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်နှင့်
(ခ) လက်တွေ့အကောင်းဆုံး လုပ်ဆောင်သင့်သည့်အချက်ဟူ၍ အသေးစိတ် ဆက်လက်ခွဲခြားဖော်ပြထားပါတယ်။

Supply chain process standards များ ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ်ထုတ်ဝေမှုတွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်ထက် ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ဖော်ပြထားပြီး လုပ်ငန်းစဉ်များအလိုက် အနိမ့်ဆုံးလိုက်နာဆောင်ရွက်သင့်သည့် လုပ်ဆောင်ချက်များနှင့် အကောင်းဆုံးလက်တွေ့လုပ်ဆောင်သင့်သည့် အချက်များ စုစုပေါင်း ၂၆၀၀ ကျော် ပါဝင်သည်။ ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေရာတွင် မျက်မှောက် Supply chain များ၏ လုပ်ဆောင်ချက်များကို ပိုမိုတိကျစွာဖော်ပြနိုင်ရန် ပထမအကြိမ်တွင် ဖော်ပြခဲ့သည့် စံနှုန်းသတ်မှတ်ချက် ၃၀ ရာခိုင်နှုန်းကို ပြန်လည်ပြင်ဆင်တည်းဖြတ်ထားခဲ့သည်။

#SuperLight #Logistics #Educating#Supply_Chain_Process_Standards

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN