fbpx

သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်တွေကို ယခုတစ်ပတ် ဆာင်းပါးမှာ အသေးစိတ်ရေးသားမျှဝေလိုက်ပါတယ်။

သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်တွေကို ယခုတစ်ပတ် ဆာင်းပါးမှာ အသေးစိတ်ရေးသားမျှဝေလိုက်ပါတယ်။

✅ သုံးစွဲသူများ၏ ယုံကြည်မှုရရှိအောင်ဆောင်ရွက်ပါ ✅
———————————————————————-
သုံးစွဲသူဗဟိုပြု Supply chain တစ်ခုဖန်တီးရာတွင် သုံးစွဲသူများ၏ယုံကြည်အားထားမှုရရှိရေးသည် အဓိကသော့ချက်ပင်ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် သုံးစွဲသူများ၏ယုံကြည်အားထားမှုရရှိရေးအတွက် အရည်အသွေးမှန်ပစ္စည်းများကို ကတိပြုထားချိန်တွင် အရောက်ပို့ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ အချိန်မှီမပေးပို့နိုင်ပဲ ကတိပျက်ယွင်းမှုသည် သုံးစွဲသူများ၏ ယုံကြည်အားထားမှုကိုသာမက ကျေနပ်နှစ်သက်မှုကိုပါ လျော့ကျစေမည်ဖြစ်သည်။သို့ဖြစ်၍ သုံးစွဲသူအမှာစာတိုင်းကို တပြေးညီသဘောမ ထားပဲ အမှာစာအမျိုးအစားပေါ်မူတည်၍ (ဥပမာ Special order, Rush order, Normal order, New product order စသည်) ဦးစားပေးသတ်မှတ်ကာ ဆောင်ရွက်သင့်သည်။ ထို့ပြင် အမှန်တကယ်ရောက်ရှိနိုင်မည့်(ပေးပို့နိုင်မည့်) ရက်ကိုတွက်ချက်လျက် သုံးစွဲသူထံသို့ အသိပေးကတိပြုရမည်ဖြစ်သည်။

✅ သုံးစွဲသူများအပေါ် အပြည့်အဝသိရှိနားလည်ပါ ✅
————————————————————–
သုံးစွဲသူဗဟိုပြု Supply chain တစ်ခုတည်ဆောက်သည့်အခါ သုံးစွဲသူများအပေါ် အပြည့်အဝသိရှိနားလည်ခြင်းသည် ဒုတိယအရေးကြီးဆုံးအချက်ပင်ဖြစ်သည်။ သုံးစွဲသူများအပေါ် နားလည်သိရှိရေးအတွက် သုံးစွဲသူများ၏သဘောထား၊ ဝေဖန်ချက်နှင့်အကြံပြုချက်များကို စဉ်ဆက်မပြတ်အလေးထားဂရုပြု ဆန်းစစ်နေရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လိုအပ်ပါက သုံးစွဲသူများနှင့်စပ်လျဉ်း၍ သတင်းပေးနိုင်မည့် လက်လီ၊ လက်ကားစသည့် လုပ်ငန်းလက်တွဲဖက်များအား မက်လုံးပေးဆွဲဆောင်မှုနည်းလမ်းများ ကျင့်သုံးဆောင်ရွက်သင့်သည်။ ဥပမာအားဖြင့် အချက်အလက်မျှဝေခြင်း (Data sharing) နှင့်စပ်လျဉ်း၍ သတင်းပေးသည့်အကြိမ်အရေအတွက်၊ သတင်းတိကျမှန်ကန်မှု စသည်တို့အပေါ်မူတည်၍ ကုန်ပစ္စည်းများအပေါ် Discount ပေးခြင်းမျိုးဖြစ်သည်။

✅ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်အကဲဖြတ်ပါ ✅
————————————————————————-
သုံးစွဲသူဗဟိုပြု Supply chain တစ်ခုသည် သုံးစွဲသူများ၏သဘောထားအပေါ်အခြေခံလျက် လုပ်ငန်းဦးတည်ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ်အသီးသီး၏ စွမ်းဆောင်ချက်များအပေါ် သုံးသပ်အကဲဖြတ်ဆောင်ရွက်ရန်လိုအပ်မည်။

✅ သုံးစွဲသူဝန်ဆောင်မှုနှင့် ကုန်ကျစရိတ်ကိုချင့်ချိန်ပါ ✅
——————————————————————
လုပ်ငန်းဆောင်ရွက်မှုအားလုံးအတွက် အမှန်တကယ်ကုန်ကျစရိတ်နှင့် သုံးစွဲသူဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်များအပေါ်အခြေခံလျက် အမှန်တကယ်အမြတ်အစွန်းရရှိနိုင်မှု အခြေအနေကို တွက်ချက်ဆောင်ရွက်သင့်သည်။

✅ သတင်းစုစည်းသူများ တာဝန်ပေးခန့်ထားပါ ✅
———————————————————
သုံးစွဲသူများ၏ကုန်ပစ္စည်းအပေါ် သဘောထားမှတ်ချက် (Comments) များအပါအဝင် Online သတင်းအချက်အလက်များ၊ လုပ်ငန်းဆိုင်ရာသုံးသပ်မှုအချက်အလက်များ၊ ဈေးကွက်ဆိုင်ရာအချက်အလက်များအတွက် သတင်းစုစည်းတင်ပြမည့်ရာထူးများ တာဝန်ပေးဆောင်ရွက်ပါ။ အချုပ်အားဖြင့် သုံးစွဲသူဗဟိုပြု Supply chain တစ်ခုဖန်တီးရာတွင် သုံးစွဲသူဆိုင်ရာအချက်အလက်များကို အသုံးပြုရမည်ဖြစ်သော်လည်း အချက်အလက်တိုင်းကိုသေချာစွာ ဝေဖန်သုံးသပ်ပြီးမှ သုံးစွဲသွားခြင်းဖြင့် အမှားအယွင်းနည်းပါးနိုင်မည်ကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN