fbpx

Freight elevator ဆိုတာဘာလဲ ?

Freight elevator ဆိုသည်မှာ အဆောက်အဦတစ်ခုအတွင်း ကုန်ပစ္စည်းများကို အထပ်တစ်ထပ်မှ အခြားအထပ်တစ်ထပ်သို့ ပို့ဆောင်ပေးနိုင်ရန် ပုံစံထုတ်ထားသော ကုန်တင်ဓာတ်လှေခါးပင်ဖြစ်သည်။ Freight elevator ကို Service elevator, Cargo elevator နှင့် Goods lift ဟုအမျိုးမျိုးခေါ်ဝေါ်ကြပြီး လူစီးနင်းရန်ထက် ကုန်တင်ရန်ရည်ရွယ်ပုံစံထုတ်ထားသည့် ဓာတ်လှေခါးများဖြစ်သည်။

ကုန်တင်ဓာတ်လှေခါးများသည် လူစီးဓာတ်လှေကားများနှင့်နှိုင်းစာလျှင် အသွားနှုန်းမြန်ဆန်ခြင်း မရှိသော်လည်း ပုံမှန်အားဖြင့် လူစီးဓာတ်လှေကားများထက် အရွယ်အစားပိုမိုကြီးမားလေ့ရှိသည့်ပြင် သယ်ဆောင်နိုင်သည့်ဝန်ပမာဏမှာလည်း 2300 Kg မှ 4300 Kg အထိ သယ်ဆောင်နိုင်ကြသည်။

ကုန်တင်ဓာတ်လှေများတွင် လူအဖွင့်၊ အပိတ်ပြုလုပ်ရသောတံခါးများနှင့် ကုန်အတင်အချပြုလုပ်စဉ် ထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးနိုင်သည့် Enclosure ခေါ် လှေခါးအိမ်အတွင်းဖက်တွင် အကြမ်းခံနိုင်သည့် အကာအရံများကို အလှအပအဖြစ်တပ်ဆင်ထားလေ့ရှိသည်။ ယခုအခါ ဟိုက်ဒရောလစ်စနစ်သုံး ကုန်တင်ဓာတ်လှေခါးများ ပေါ်ထွန်းနေပြီဖြစ်သော်လည်း လျှပ်စစ်မော်တာများကိုအသုံးပြုလျက် စက်သီးကြိုးများဖြင့်ဆွဲသော (သမားရိုးကျ) Traction elevator များကိုသာ အသုံးများနေကြဆဲဖြစ်သည်။

Freight elevator များကို အောက်ပါအတိုင်းအတန်းအစားများ ခွဲခြားထားသည် –

Class A
General Freight Loading (အထွေထွေကုန်ပစ္စည်းတင်ဓာတ်လှေခါး)

အဆိုပါအတန်းအစားတွင် မည်သည့်ကုန်ပစ္စည်းတစ်ခုချင်းစီမဆို ဓာတ်လှေခါးသယ်ဆောင်နိုင်မှုပမာဏ၏ ၄ ပုံ ၁ ပုံ ထက်မပိုလွန်ရပေ။  ထို့ပြင်တင်ဆောင်သည့်ကုန်ပစ္စည်းကို လူ့လုပ်အား (သို့မဟုတ်) လက်တွန်းယာဉ်၊ လှည်းဖြင့်သာ တင်ဆောင်ရမည်ဖြစ်သည်။

Class B
Motor Vehicle Loading (ကားတင်ဓာတ်လှေခါ

အဆိုပါဓာတ်လှေခါးမှာ ကုန်တင်ထရပ် (သို့မဟုတ်) (မည်သည့်) လူစီးယာဉ်များကိုသာ သီးသန့်တင်ဆောင်ခွင့်ပြုပြီး ဓာတ်လှေခါး၏သယ်ဆောင်နိုင်မှုပမာဏထက် ကျော်လွန်ခြင်းမပြုရပေ။

Class C1
Industrial Truck Loading (ကုန်တင်ယာဉ်တင်ဓာတ်လှေခါး)

ကုန်ပစ္စည်းများအတင်အချကိုဆောင်ရွက်ရာတွင် ဓာတ်လှေခါးအတွင်း ကုန်တင်ယာဉ်များအသုံးပြုနိုင်သည်။ တစ်ကြိမ်လျှင်ယာဉ်တစ်စီးသာ မောင်းဝင်၊ မောင်းထွက်ခွင့်ရှိပြီး ယာဉ်နှင့်ကုန်စုစုပေါင်းအလေးချိန်သည် ဓာတ်လှေခါး၏ သယ်ဆောင်နိုင်မှုဝန်ပမာဏထက် ကျော်လွန်ခွင့်မရှိပေ။

Class C2
Industrial Truck Loading (ကုန်တင်ယာဉ်တင်ဓာတ်လှေကား)

ဤအတန်းအစားတွင် ကုန်တင်၊ ကုန်ချနေစဉ်အတွင်း ဓာတ်လှေခါးအလေးချိန်သည် သယ်ဆောင်နိုင်မှုပမာဏ၏ ၁၅၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးသည်။ အဆိုပါခွင့်ပြုချက်အရ ကုန်တင်၊ ကုန်ချပြုလုပ်ရာတွင် ဖော့ကလစ်ကဲ့သို့ဝန်ချီယာဉ်ကို အသုံးပြုနိုင်ခွင့်ရမည်ဖြစ်သည်။

Class C3
Industrial Truck Loading (ကုန်တင်ယာဉ်တင်ဓာတ်လှေကား)

ဤအတန်းအစားတွင်မူ ကုန်တင်ကုန်ချပြုလုပ်စဉ် ဓာတ်လှေခါးတင်ဆောင်နိုင်သည့်ဝန်ပမာဏထက် ကျော်လွန်ခွင့်မပြုပေ။

Freight elevator များတွင် အရွယ်အစားသေးငယ်သည့် ဓာတ်လှေခါးများ၌ ပုံမှန်အားဖြင့်အလယ်မှဖွင့်သည့် လျှောထိုးအဖွင့်အပိတ် တံခါးနှစ်ချပ်ပါရှိမည်ဖြစ်သည်။ သို့ရာတွင် ဓာတ်လှေခါးအရွယ်အစားပေါ်တွင်မူတည်၍ လျှောထိုးတံခါး ၃ ချပ်မှ ၄ ချပ်အထိ တပ်ဆင်ထားသည်။ အလွန်ကြီးမားသည့် ဧရာမဝန်တင်ဓာတ်လှေကားကြီးများတွင် လျှောထိုးတံခါး ၆ ချပ်အထိ တပ်ဆင်ထားလေ့ရှိသည်။

#SuperLight #Logistics #Educating #What_is_Freight_Elevator

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN