fbpx

ပွင့်လင်းမြင်သာသည့် Supply chain တစ်ရပ်၏ အရည်အသွေး (၁၁) ချက်

✅ Transparent (ပွင့်လင်းမြင်သာမှု) ဟူသောဝေါဟာရကို လုပ်ငန်းဆိုင်ရာ ဆက်ဆံမှုဝေါဟာရအနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုပါက အကြောင်းအရာများနှင့် အခြေအနေအရပ်ရပ်ကို ဖုံးကွယ်ထားခြင်းမရှိသော လုပ်ငန်းဆောင်ရွက်မှုတစ်ရပ် (သို့မဟုတ်) နည်းလမ်းတစ်ခု (သို့မဟုတ်) လုပ်ထုံးလုပ်နည်းတစ်မျိုးပင်ဖြစ်သည်။

✅ တနည်းအားဖြင့်ပြောရလျှင် Transparent ဆိုသည်မှာ မည်သည့်အရာကိုမျှ ထိန်ချန်ထားခြင်း၊ လိျှု့ဝှက်ထားခြင်းမရှိပဲ Supply chain လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသောအရာရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခြင်းပင်ဖြစ်သည်။

✅ ပွင့်လင်းမြင်သာသည့် Supply chain တစ်ခု၏ သွင်ပြင်လက္ခဏာများ (သို့မဟုတ်) အရည်အသွေးများကို သိသာထင်ရှားပေါ်လွင်စေရန် Transparent ဟူသောစကားလုံးကိုပင် Acronym (စကားလုံး word အသီးသီး၏ ပထမဆုံးသောစာလုံး letter ကိုယူလျက် အတိုကောက်အဖြစ်အသုံးပြုမှု၊ ဥပမာ – NATO = North Atlantic Treaty Organization) အဖြစ်အသုံးပြုလျက် ဖော်ပြလိုက်ပါသည်။

👉 Transparent Supply chain 👈
———————————————
(၁) T = Technological = နည်းပညာပိုင်းဆိုင်ရာ
(၂) R = Responsible = တာဝန်ရှိသော
(၃) A = Accurate = မှန်ကန်တိကျသော
(၄) N = Necessary = လိုအပ်သော
(၅) S = Safety = လုံခြုံစိတ်ချရမှု
(၆) P = Practical = လက်တွေ့အသုံးချသော
(၇) A = Accommodating = လိုအပ်သည်ကိုမျှဝေခြင်း
(၈) R = Revealing = ထုတ်ဖော်ခြင်း
(၉) E = Ethical = ကျင့်ဝတ်နှင့်ဆိုင်သော
(၁၀) N = Noticeable = သိသာမြင်သာသော
(၁၁) T = Trendy = အသုံးများလာသော

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN