fbpx

မတူညီသည့် အထူးသိုလှောင်ရုံ ထိန်းသိမ်းထားရှိမှုဆိုင်ရာ အမျိုးအစားများ

👉 ကုန်စည်ပစ္စည်း အမျိုးအစားများပေါ်တွင် မူတည်၍ သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ဆောင်ရမှုများသည် မတူညီကွဲပြားလျက်ရှိရာ သိုလှောင်ရုံများသည်လည်း အမျိုးမျိုးအစားစားကွဲပြားနေလျက်ရှိသည်။

👉 အချို့သောသိုလှောင်ရုံကြီးများသည် အထူးသိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ဖြည့်ဆည်းပံ့ပိုးပေးနိုင်သကဲ့သို့ အချို့သောသိုလှောင်ရုံများသည် အထူးသိုလှောင်မှုအမျိုးအစားတစ်ခု (သို့မဟုတ်) နှစ်ခုအပေါ်သာ အာရုံစိုက်ဆောင်ရွက်ပေးနိုင်သည်။

👉 ကုန်စည်ပစ္စည်းအမျိုးအစားအားလုံးသည် တစ်နေရာ၊ တစ်ခန်းတည်းတွင် သိုလှောင်ထားရှိခြင်းမပြုနိုင်ပေ။

👉 အချို့ကုန်ပစ္စည်းများသည် အထူးဝန်ဆောင်မှုပေးရခြင်းမျိုး ရှိနိုင်သလို အချို့ကုန်ပစ္စည်းများမှာ အထူးလုပ်ဆောင်ချက်များလိုအပ်ခြင်း မရှိနိုင်ပေ။

သို့ဖြစ်၍ အထူးသိုလှောင်ထိန်းသိမ်းထားရှိမှုဆိုင်ရာ မတူညီသည့်အမျိုးအစားများကို အကြမ်းအားဖြင့် ဖော်ပြလိုက်ပါသည်။

✅ Ambient storage (ပတ်ဝန်းကျင်အပူချိန်တွင်သိုလှောင်ထားရှိမှု)
✅ Cold storage (အအေးခံသိုလှောင်ထားရှိမှု)
✅ Hazardous storage (အန္တရာယ်ရှိကုန်ပစ္စည်းများသိုလှောင်ထိန်းသိမ်းမှု)
✅ Archive storage (မှတ်တမ်းအထောက်အထားများသိုလှောင်ထိန်းသိမ်းမှု)
✅ Dry Bonded storage (စာချုပ်ဖြင့်အပ်နှံသောကုန်ခြောက်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု)

Bonded Warehouse တွင်လည်း သိုလှောင်ထိန်းသိမ်းအပ်နှံသည့် ကုန်ပစ္စည်းအမျိုးအစားပေါ်တွင်မူတည်၍ အောက်ပါအတိုင်း နှစ်မျိုးခွဲခြားထားရှိသည်။

✅ Dry Bonded storage (စာချုပ်ဖြင့်ကုန်ခြောက်များအပ်နှံထားရှိမှု)
✅ Wet Bonded storage (စာချုပ်ဖြင့် ကုန်စို (အစို) များအပ်နှံထားရှိမှု)

မိတ်ဆွေတို့အတွက် အသုံးဝင်မယ်ဆိုရင် Like & Share လုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော်

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN