fbpx

Distribution 🛒 Vs Supply Chain 🔗

ကုန်စည်ဖြန့်ဖြူးမှု (Distribution) နှင့် ဈေးကွက်ချိတ်ဆက်မှု (Supply chain) တို့၏ ဘုံရည်မှန်းချက်မှာ သုံးစွဲသူများ၏ လိုအပ်ချက်နှင့်လိုအင်ကို ဖြည့်ဆည်းပေးပြီး သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကို ရရှိရေးပင်ဖြစ်သည်။

👉 ကုန်စည်ဖြန့်ဖြူးမှု (Distribution) 🛒
——————————————
ကုန်စည်ဖြန့်ဖြူးမှု (Distribution) သည် ထုတ်ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို ကုန်ပစ္စည်းထုတ်လုပ်သူထံမှ သုံးစွဲသူများလက်ဝယ်သို့ ရောက်ရှိအောင် ပို့ဆောင်ဖြန့်ဖြူးပေးခြင်းဖြစ်သည်။
ထိုသို့ပို့ဆောင်ဖြန့်ဖြူးရာတွင် ကြားခံအဖွဲ့အစည်းများ (သို့မဟုတ်) ပုဂ္ဂလိကလုပ်ငန်းရှင်များဖြစ်သည့် တစ်ဆင့်ခံကုန်စည်ဖြန့်ဖြူးသူများ၊ အရောင်းကိုယ်စားလှယ်များ၊ လက်လီ၊ လက်ကားလုပ်ငန်းရှင်များ အဆင့်ဆင့်ပါဝင်ပတ်သက်နေသည့်အပြင် ကုန်စည်ဖြန့်ဖြူးမှုနှင့် ဆက်နွယ်နေသည့် သယ်ယူပို့ဆောင်ရေး၊ ကုန်စည်သိုလှောင်ထိန်းသိမ်းရေးစသော လုပ်ငန်းများပါ အကြုံးဝင်ပါရှိမည်ဖြစ်သည်။

👉 ဈေးကွက်ချိတ်ဆက်မှု (Supply chain) 🔗
———————————————–
ဈေးကွက်ချိတ်ဆက်မှု (Supply Chain) မှာမူ ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို စတင်ဖန်တီးထုတ်လုပ်သည်မှ အဆိုပါထုတ်ကုန်ပစ္စည်းကို သုံးစွဲသူလက်ဝယ်ရောင်းချပေးသည်အထိ လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးဖြစ်သည်။
တနည်းအားဖြင့် ဈေးကွက်ချိတ်ဆက်မှု (Supply Chain) သည် ကုန်ပစ္စည်းထုတ်လုပ်ရန်လိုအပ်သော သဘာဝအရင်းအမြစ်များ၊ ကုန်ကြမ်းများ၊ အစိတ်အပိုင်းများကို စုဆောင်းခြင်းသာမက ထုတ်ကုန်၊ ကုန်ကြမ်းနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရန်ပုံငွေများကို စုစည်းခြင်းမှအစပြုကာ အဆိုပါကုန်ကြမ်းနှင့် အစိတ်အပိုင်းများကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ထွက်ရှိလာသောကုန်ပစ္စည်းကို သုံးစွဲသူများလက်ဝယ်သို့ ပို့ဆောင်ရောင်းချသည်အထိ လုပ်ငန်းအားလုံး အကြုံးဝင်သက်ဆိုင်နေသည့် ကုန်ထုတ်လုပ်မှုဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာနှင့် သတင်းပိုင်းဆိုင်ရာ ကွန်ယက်ကြီးပင်ဖြစ်သည်။
ဈေးကွက်ချိတ်ဆက်မှု (Supply Chain) တွင် သဘာဝအရင်းအမြစ်နှင့် ကုန်ကြမ်းပစ္စည်းများ၊ အစိတ်အပိုင်းများကို ကုန်ပစ္စည်းထုတ်လုပ်မည့် စက်ရုံ၊ အလုပ်ရုံများသို့ ပို့ဆောင်ရသည့် အဆန်လမ်းကြောင်း (Up stream) ပို့ဆောင်မှုနှင့် ထုတ်ကုန်ပစ္စည်းကို သုံးစွဲသူများလက်ဝယ်သို့ ပို့ဆောင်ပေးရသည့် အစုန်လမ်းကြောင်း (Down stream) ပို့ဆောင်မှု ပါဝင်သည့်ပြင် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတစ်လျောက် ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ကုန်စည်စာရင်းထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည့် လုပ်ငန်းများအားလုံး အကြုံးဝင်သက်ဆိုင်နေမည်ဖြစ်သည်။

သို့ဖြစ်၍ ကုန်စည်ဖြန့်ဖြူးမှု (Distribution) မှာ ဈေးကွက်ချိတ်ဆက်မှု (Supply Chain) လုပ်ငန်းစဉ်ကြီး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေမည်ဖြစ်သည်။

#SuperLight #Logistics #Educating #Distribution_vs_SupplyChanin

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN