fbpx

FMCG ဆိုတာဘာလဲ ?

FMCG ဆိုသည်မှာ အရောင်းသွက်သုံးကုန်ပစ္စည်းများ (Fast Moving Consumer Goods) ကိုခေါ်ဆိုခြင်းဖြစ်ပြီး ၎င်းကုန်ပစ္စည်းများကို Consumer Packaged Goods (CPG) (အသင့်ထုတ်ပိုးသုံးကုန်ပစ္စည်းများ) ဟုလည်းခေါ်ဆိုကြသည်။ အရောင်းသွက်သုံးကုန်ပစ္စည်းများ (FMCG) သည် အလျင်အမြန်ရောင်းချရပြီး တန်ဖိုးနည်းသည့်သုံးကုန်ပစ္စည်းများဖြစ်သည်။ ဥပမာအားဖြင့် အသင့်ထုတ်ပိုးစားသောက်ကုန်များ၊ အဖျော်ယမာကာနှင့် ရေချိုးခန်းသုံးပစ္စည်းများကဲ့သို့ အိမ်သုံးကုန်ပစ္စည်းများဖြစ်သည်။ အရောင်းသွက်ကုန်ပစ္စည်း (FMCG) အများအပြားသည် ဝယ်ယူသုံးစွဲမှုများပြားခြင်း (သို့မဟုတ်) တာရှည်မခံခြင်း စသည့်အခြေအနေများအရ စင်တင်ထားသည့်သက်တမ်းကာလမှာ တိုတောင်းလေ့ရှိသည်။ အချို့သောအရောင်းသွက်ကုန်ပစ္စည်း (FMCG) သည် ပျက်စီး၊ ပုတ်သိုးလွယ်ကြသည်။  ဥပမာအားဖြင့် သား၊ ငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းနှင့် ပေါင်မုန့်ကဲ့သို့ စားသောက်ကုန်မျိုးများသည် ၎င်းတို့၏သဘာဝအရ တာရှည်ခံသည့်ပစ္စည်းများမဟုတ်ကြပေ။

အသင့်ထုတ်ပိုးထားသော စားသောက်ဖွယ်များ၊ အချိုရည်များ၊  ဖယောင်းတိုင်ကဲ့သို့ FMCG ကုန်ပစ္စည်းအချို့မှာမူ အနှုတ်၊ အသိမ်းများသည့် အရောင်းသွက်ကုန်ပစ္စည်းများဖြစ်ကြသည်။ အရောင်းသွက် FMCG ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အရေးပါသည့်အချက်တစ်ရပ်မှာ ထုတ်ပိုးမှုပင်ဖြစ်သည်။ ကုန်ပစ္စည်း၏ရောင်းအားမြှင့်တင်ရေးတွင် သုံးစွဲသူများအား ဆွဲဆောင်မှုပြုနိုင်မည့် ထုတ်ပိုးမှုပုံစံသည် အလွန်အရေးပါသည့်အချက်ဖြစ်သည်။ ထုတ်ပိုးမှုသည်အတွင်းမှ ကုန်ပစ္စည်းများကို အကာအကွယ်ပြုရန်သာမက ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ သုံးစွဲသူများထံ သတင်းအချက်အလက်မျှဝေရေးကိုပါ အထောက်အကူဖြစ်စေသည်ကို သတိပြုရမည်ဖြစ်သည်။ အရောင်းသွက် FMCG သုံးကုန်ပစ္စည်းများသည် အမြတ်အစွန်းအရ တစ်ခုချင်းအပေါ်တွင် များစွာမရရှိနိုင်သည့်တိုင် ရောင်းချရသည့်အရေအတွက်ပမာဏအရ ထိုက်သင့်သည့်အကျိုးအမြတ်ကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ကုန်ပစ္စည်းများဖြစ်ပေသည်။

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY