fbpx

သိုလှောင်ရုံနဲ့ ကုန်စည်ဖြန့်ချီရေးဌာနများ သိမှတ်ဖွယ် (၆)ရပ်

✅ E-commerce ထွန်းကားလာမှုနှင့်အတူ သုံးစွဲသူများ၏ ဝယ်ယူမှုအလေ့အထ ပြောင်းလဲလာမှုက Supply chain ကွန်ယက်အတွင်း လုပ်ငန်းအဆင့်ဆင့်၏ လျင်မြန်မှုအရှိုန်အဟုန်ကို ပိုမိုမြင့်မားလာစေရန် တွန်းအားပေးလျက်ရှိသည်။

✅ Supply chain ကွန်ယက်အတွင်း အဓိကလုပ်ငန်းစဉ်အဆင့်တစ်ရပ်ဖြစ်သည့် သိုလှောင်ရုံများနှင့် ကုန်စည်ဖြန့်ချိရေးဌာနများသည်လည်း ပြောင်းလဲလာသည့်လိုအပ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလျင်မြန်သွက်လက် ထိရောက်စေရေးအတွက် ကြိုးပမ်းအားထုတ်လာကြရသည်။

✅ သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင်မှု အဆင့်တစ်ရပ်ကို စွဲမြဲဆုပ်ကိုင်ထားနိုင်ရေးအတွက် သိုလှောင်ရုံနှင့် ကုန်စည်ဖြန့်ချိရေးဌာနများ၏ လုပ်ငန်းထိရောက်လျင်မြန်ရေးသည်လည်း အဓိကစွမ်းဆောင်ချက်တစ်ရပ်အဖြစ် တည်ရှိနေပေသည်။

✅ သို့ဖြစ်ရာ သိုလှောင်ရုံနှင့် ကုန်စည်ဖြန့်ချိရေးဌာနများအတွင်း လုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်လာစေရေးအတွက် ဆောင်ရွက်သင့်သည့် သိမှတ်ဖွယ်အချက် ၆ ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

———————————————
(၁) Keep your warehouse organized
သိုလှောင်ရုံကို စနစ်တကျနေရာချထား စီစဉ်ဆောင်ရွက်ပါ

(၂) Prioritize Fast-moving Products
အရောင်းသွက်ကုန်ပစ္စည်းများကို ဦးစားပေးနေရာချထားပါ

(၃) Automate the data collection Process
အလိုအလျောက် အချက်အလက်စုစည်းမှု လုပ်ငန်းစဉ်ကို အသုံးပြုပါ

(၄) Use inventory management software
ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုဆိုင်ရာနည်းပညာ အသုံးပြုပါ

(၅) Same time with cross docking
ကုန်ပစ္စည်းအဝင်၊ အထွက် တစ်ပြိုင်တည်းပြုလုပ်ခြင်းဖြင့် အချိန်ကိုချွေတာပါ

(၆) Increase visibility with better lighting
အလင်းရောင်ပိုမိုပေးခြင်းဖြင့် မြင်ကွင်းကောင်းမှုကို မြှင့်တင်ပါ

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY