fbpx

Sectors

WHAT WE CAN DO

Mobile

နည်းပညာနယ်ပယ်အတွင်းမှ မိတ်ဖက်လုပ်ငန်ရှင်များ့ ဈေးကွက်အတွင်း အစဉ်ထာဝရ ဦးဆောင်ထားနိုင်ရန် မှန်ကန်သောဈေးနှုန်း၊ တိကျသေချာသော သတင်းအချက်အလက်၊ သွက်လတ်မြန်ဆန်သော ပို့ဆောင်ပေးမှုများဖြင့် Super Light logistics မှ ကူညီ ဆောင်ရွက်ပေးပါသည်။

Electronics

Electronic ပစ္စည်းများ၊ computer နှင့်စပ်ဆက် ပစ္စည်းများ၊ Telephone နှင့်ဆက်သွယ်ရေး ပစ္စည်းများသည် အလျှင်အမြန် တိုးတက်ပြောင်းလဲလျက်ရှိပြီး ဈေးကွက် ပြိုင်ဆိုင်မှုလည်း အင်မတန် ပြင်းထန်လှသည်။ နိုင်ငံတကာနှင့် တန်းတူ ဈေးကွက်အတွင်း ကုန်ကျစရိတ် သက်သက်သာသာဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးရောင်းချနိုင်ရန် Super Light Logistics မှ အကောင်းဆုံး ဝန်ဆောင်မှု ပေးပါသည်။

Home Appliance

လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသော ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်စီးပွားရေး အခင်းအကျင်းအတွင်း တိကျမြန်ဆန်သော၊ ယုံကြည်စိတ်ချရသော logistics ဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ၊ အကောင်းဆုံး သော နည်းပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Super Light Logistics ဖြစ်သည်။

General Cargo

စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ဝန်ထမ်းများမှ ကောင်းမွန်ပြည့်စုံသော နည်းပညာများဖြင့် လုပ်ငန်းလျစ်ဟာမှုများ မရှိအောင် အကောင်းဆုံးဝန်ဆောင်မှုပေးနေသောကြောင့် Customer များဧ။် ယုံကြည်မှုကို အပြည့်အဝရရှိထားသည့် Super Light Logistics ဖြစ်သည်။

Vehicle Parts

စက်တပ်ယာဉ် နှင့် စပ်ဆက်ပစ္စည်းများ၊ တာယာ product များသည်လည်း ယနေ့မျက်မှေက်ခေတ်တွင် ဈေးကွက်စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေရပေသည်။ ကုန်ကျစရိတ် သက်သာစွာဖြင့် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်လာစေရန် Super Light Logistics မှ ကူညီပေးနိုင်ဖို့ အစဉ်ကြိုးစား တောင်ရွက်ပေးလျက် ရှိပါသည်။

Construction

ဆောက်လုပ်ရေးလုပ်ငန်းများ အခက်အခဲမရှိ ပိုမိုလွယ်ကူစွာ လည်ပတ်ဆောင်ရွတ်နိုင်စေရန် Super Light logistics အနေဖြင့် စနစ်ကျသော လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုများ နှင့်အတူ ခေတ်မီ စက်ကိရိယာများကြီးများဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

Food and Beverages

Food & Beverage လုပ်ငန်းများအတွက်လည်း နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများဧ။် သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်းတွင် လျစ်ဟာမှုမရှိစေရန် Super Light Logistics မှ ဝန်ဆောင်မှု ပေးလျက်ရှိပေသည်။

Clothing

အဝတ်အထည်လုပ်ငန်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဌတွင် Super Light logistics မှ အပြည့်အ၀ တာဝန်ယူပြီး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ တိုးတက်လာရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
my_MMMY