fbpx

Transportation Services

Make a call to SL Hotline to start a business with us or more detail information you would like to know.

ယနေ့ခေတ် ကမ္ဘာနှင့်အဝန်း ကုန်ပစ္စည်းများကို ကုန်းကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေး စသည့် နည်းလမ်း သုံးမျိုးဖြင့် အဓိက ကူးသန်းရောင်းဝယ် သယ်ယူတင်ပို့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ကုန်ပစ္စည်းများအား ကုန်းကြောင်းမှတစ်ဆင့် အများဆုံး သယ်ယူပို့ဆောင်လျက်ရှိပေသည်။

ကျွန်တော်တု့ိ Super Light Logistics အနေဖြင့် ပြည်တွင်းစီးပွားရေး လိုအပ်ချက်နှင့်အညီ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း (Land Transportation) ကို အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများနှင့် အဆင့်မီကုန်တင်ယာဉ်များဖြည့်စွက်ကာ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ အာရှ၊ဥရောပနိုင်ငံ အသီးသီးမှ ကုန်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း၊ နယ်စပ် စသည့်ဖြင့် မည်သည့်Transit နှင့်မဆို တင်သွင်း ဖြန်းဖြူးရောင်းချနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လျက်ရှိတွင် Super Light Logistics သည် ရန်ကုန် ၊ မန္တလေး ၊ မြဝတီ အစရှိသည့် အဓိက စီပွားရေးအချက်အချာမြို့ကြီး(၃)မြို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ကုန်ပစ္စည်းအမျိုးမျိုး သယ်ဆောင်နိုင်သော ကုမ္ပဏီပိုင် ကုန်သယ်ယာဉ် အစီး (၁၀၀) ကျော်ဖြင့် Customer များဧ။် လိုအပ်ချက်ပန်းတိုင်များဆီသို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Super Light အား ယုံကြည်စွာဖြင့် လက်တွဲလုပ်ကိုင်သော Customer များအနေဖြင့် အောက်ပါ ဝန်ဆောင်မှုများကို တာဝန်ယူမှုအပြည့်အဝဖြင့် ပေးစွမ်းနိုင်မည်ဟု ကတိပြုပါသည်။

Handling Guarantee

ကျွမ်းကျင် ယာဉ်မောင်းများနှင့် ခေတ်မီ Truck ကားများကြောင့် ကုန်ပစ္စည်း ထိခိုက်ပျက်ဆီးမှု နည်းပါးခြင်း (ပျက်စီးဆုံးရှုံးမှုရှိပါက Super Light မှ ၁၀၀% တာဝန်ယူပေးပါသည်)

Efficient Time & Cost

ပြည်တွင်းမှာ အမြန်ဆုံးနဲ့ အတန်ဆုံး ဝန်ဆောင်မှုဖြစ်ခြင်း

Cargo Tracking & GPS

မိမိဧ။်ကုန်စ္စည်း လက်ရောက်ရှိနေသည့်၊ ရောက်ရှိမည့် အချိန်၊ နေရာကို GPS မှတဆင့် အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ခြင်း

Minimize work function

လိုအပ်သော နည်းပညာ၊ လူစွမ်းအား၊ စက်ကိရိယာ အားလုံးကို Super Light မှ ဆောင်ရွက်ပေးသောကြောင့် လုပ်ငန်းတာဝန်များ သိသိသာသာ လျော့နည်းသက်သာသွားခြင်း

What We Can Do

Mobile

နည်းပညာနယ်ပယ်အတွင်းမှ မိတ်ဖက်လုပ်ငန်ရှင်များ့ ဈေးကွက်အတွင်း အစဉ်ထာဝရ ဦးဆောင်ထားနိုင်ရန် မှန်ကန်သောဈေးနှုန်း၊ တိကျသေချာသော သတင်းအချက်အလက်၊ သွက်လတ်မြန်ဆန်သော ပို့ဆောင်ပေးမှုများဖြင့် Super Light logistics မှ ကူညီ ဆောင်ရွက်ပေးပါသည်။

Electronics

Electronic ပစ္စည်းများ၊ computer နှင့်စပ်ဆက် ပစ္စည်းများ၊ Telephone နှင့်ဆက်သွယ်ရေး ပစ္စည်းများသည် အလျှင်အမြန် တိုးတက်ပြောင်းလဲလျက်ရှိပြီး ဈေးကွက် ပြိုင်ဆိုင်မှုလည်း အင်မတန် ပြင်းထန်လှသည်။ နိုင်ငံတကာနှင့် တန်းတူ ဈေးကွက်အတွင်း ကုန်ကျစရိတ် သက်သက်သာသာဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးရောင်းချနိုင်ရန် Super Light Logistics မှ အကောင်းဆုံး ဝန်ဆောင်မှု ပေးပါသည်။

Home Appliance

လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသော ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်စီးပွားရေး အခင်းအကျင်းအတွင်း တိကျမြန်ဆန်သော၊ ယုံကြည်စိတ်ချရသော logistics ဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ၊ အကောင်းဆုံး သော နည်းပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Super Light Logistics ဖြစ်သည်။

General Cargo

စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ဝန်ထမ်းများမှ ကောင်းမွန်ပြည့်စုံသော နည်းပညာများဖြင့် လုပ်ငန်းလျစ်ဟာမှုများ မရှိအောင် အကောင်းဆုံးဝန်ဆောင်မှုပေးနေသောကြောင့် Customer များဧ။် ယုံကြည်မှုကို အပြည့်အဝရရှိထားသည့် Super Light Logistics ဖြစ်သည်။

Vehicle Parts

စက်တပ်ယာဉ် နှင့် စပ်ဆက်ပစ္စည်းများ၊ တာယာ product များသည်လည်း ယနေ့မျက်မှေက်ခေတ်တွင် ဈေးကွက်စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေရပေသည်။ ကုန်ကျစရိတ် သက်သာစွာဖြင့် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်လာစေရန် Super Light Logistics မှ ကူညီပေးနိုင်ဖို့ အစဉ်ကြိုးစား တောင်ရွက်ပေးလျက် ရှိပါသည်။

Construction

ဆောက်လုပ်ရေးလုပ်ငန်းများ အခက်အခဲမရှိ ပိုမိုလွယ်ကူစွာ လည်ပတ်ဆောင်ရွတ်နိုင်စေရန် Super Light logistics အနေဖြင့် စနစ်ကျသော လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုများ နှင့်အတူ ခေတ်မီ စက်ကိရိယာများကြီးများဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

Food and Beverages

Food & Beverage လုပ်ငန်းများအတွက်လည်း နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများဧ။် သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်းတွင် လျစ်ဟာမှုမရှိစေရန် Super Light Logistics မှ ဝန်ဆောင်မှု ပေးလျက်ရှိပေသည်။

Clothing

အဝတ်အထည်လုပ်ငန်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဌတွင် Super Light logistics မှ အပြည့်အ၀ တာဝန်ယူပြီး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ တိုးတက်လာရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

FAQ

• မြန်မာနိုင်ငံအတွင်းသို့ ၊ကုန်စည်များတင်သွင်းရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်သောကုမ္ပဏီအဖြစ် ပထမအဆင့် လုပ်ငန်းမှတ်ပုံတင် ရပါမည်။ မှတ်ပုံတင် သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် တင်သွင်းသူတစ်ယောက်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တင်ပို့သူ/တင်သွင်းသူအဖြစ် မှတ်ပုံတင်ရမည်။ မှတ်ပုံတင်သက်တမ်းသည် ၃ နှစ် ဖြစ်သော်လည်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်သက်တမ်း (သို့) သက်တမ်းလက်ကျန်ထက်ကျော်လွန်၍ ခွင့်မပြုပါ။ မှတ်ပုံတင်ကြေးမှာသက်တမ်း ၁ နှစ်အတွက် ကျပ်- ၅၀,၀၀၀ ဖြစ်ပါသည်။

• တင်သွင်းသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် တွင်လည်းအသင်းဝင်ရပါမည်။

• နိုင်ငံတကာကုန်သွယ်မှုကိုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားကိုသာလျှင် ဆောင်ရွက်ခွင့်ပြုပါသည်။ နိုင်ငံခြားသားနှင့်နိုင်ငံခြားကုမ္ပဏီများအတွက် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာနိုင်ငံသားကုမ္ပဏီများနှင့် Joint Venture ဆောင်ရွက်ရန် သီးခြားကြေငြာချက် ထုတ်ပြန်၍ ခွင့်ပြုလုပ်ကိုင်စေပါသည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအောက်တွင် မှတ်ပုံတင်ထားသောနိုင်ငံခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် သွင်းအားစုသွင်းကုန်များတင်သွင်းခြင်းအတွက် ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားပါကနိုင်ငံသားဖြစ်ရန်မလိုအပ်ပါ။

1. Import license (Original)
2. Invoice & Packing list (Original)
3. Sale contract (Original)
4. Company registration set (Original)
5. UMFCCI member card (Copy)
6. Export/Import license (Copy)
7. Shipping documents set (Original)
To import goods into Myanmar, a company must provide an import declaration form called CUSDEC—1 Import Declaration Form as well as the CUSDEC—4 Customs Valuation Form. Importers require these additional documents: 
      • Import License; (Original)
      • Invoice; (Original)
      • Bill of lading, air consignment note, or truck note; (Original)
      • Cargo release order; (Original)
      • Terminal handling report; (Original)
      • Packing list; (Original)
      • Technical standard and health certificate (when required) and;
      • Recommendation from concerned ministry (when required).The importer must present these documents to customs officials when imported goods arrive in Myanmar.

To export goods from Myanmar, a company must provide an export declaration form called CUSDEC—2 as well as the CUSDEC—4 Customs Valuation Form. Exporters require these additional documents: Export license; (Original)
       • Invoice; (Original)
       • Bill of lading; (Original)
       • Packing list; (Original)
       • Sales contract; (Original)
       • Shipping instructions; (Original)
       • Letter of credit or general Remittance or Exemption Certificate; (Original)
       • Sample of goods;
       • Fumigation certificate (when required);
       • Phytosanitary certificate (when required)
       • Recommendation from concerned ministry (when required).
The exporter must present these documents to customs officials before exported goods leave Myanmar.

ပထမဆုံးအနေဖြင့် လိုအပ်သောစာရွတ်စာတမ်းများ ပြည့်စုံမှု ရှိ၊ မရှိကို Super Light Logistics မှ စစ်ဆေးပေးပါတယ်။
• ပြည့်စုံမှုရှိလျှင် လိုအပ်သည့်နေရာသို့ ကုန်ပစ္စည်းများအား အမြန်ဆုံး သယ်ယူပို့ဆောင်ပေးပါတယ်။

• ပြည့်မရှိလျှင် စာရွတ်စာတမ်းများပြည့်စုံရန် လိုအပ်သည်များကို စနစ်တကျဆောင်ရွတ်ပေးပြီး သတ်မှတ်ချိန်ထက် နောက်မကျစေဘဲ အချိန်မှီ ပို့ဆောင်ပေးပါတယ်။

ကုန်ပစ္စည်းများအား အလုံးစုံ အာမခံထားရှိပြီး ထိခိုက်ပျက်စီးမှုများအပေါ်တွင် အပြည့်အ၀ တာဝန်ယူ ဖြေရှင်းပေးပါတယ်။

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် လုပ်ငန်စဉ် အဆင့်ဆင့် နှောင့်နှေး ကြန့်ကြာမှုမရှိစေရန် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Phone, Viber, Email များအပြင် GPS System, ERP System များဖြင့် ဆက်သွယ်ဆောင်ရွတ်ပေးလျက် ရှိပါတယ်။

ပေးပါတယ်။ Customer များ စိတ်ကျေနပ်မှုရရှိရေးနှင့် ရေရှည် လက်တွဲနိုင်ရေးသည်သာလျှင် ကျွန်တော်တို့ Super Light Logistics ဧ။် အဓိက လိုလားချက် ဖြစ်ပါတယ်။

ပို့ဆောင်ပေးပါတယ်၊ ဆွေးနွေးအကြံပြုပေးချင်းမှသည် နောက်ဆုံးပန်းတိုင်အထိ ဝန်ဆောင်မှုပေးပါတယ်။

So pick a phone and make a call to SL Hotline to start a business with us or more detail information you would like to know.

my_MMMY