fbpx

Export/Import Service

Make a call to SL Hotline to start a business with us or more detail information you would like to know.

နိုင်ငံတစ်နိုင်ငံ၏ အကောက်ခွန်နယ်မြေအတွင်းသို့ ကုန်စည်များ ဝင်ရောက်၊ ထွက်ခွာခြင်းကို ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့ခြင်း ဟု သတ်မှတ်ကြသည်။ မြန်မာနိုင်ငံသည်လည်း ကုန်ပစ္စည်းများကို ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်ဂိတ်များမှတဆင့် တင်သွင်း၊ တင်ပို့ လျက်ရှိပေသည်။

Super Light logistics အနေဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်းဆုံးသော ကုန်သွင်း၊ ကုန်ပို့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကုန်သွင်း၊ ကုန်ပို့ လုပ်ငန်းစဉ်များသည် သာမန်ပြည်သူ လုပ်ငန်းရှင်များအတွက် အနည်းငယ်မျှ ရှုပ်ထွေးနိုင်သလို ကျွမ်းကျင်မှုမရှိပါက မလိုလားအပ်သော အချိန်၊ငွေကြေး နစ်နာမှုများ ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံအတွင်းမှ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ပြည်ပသို့ တင်ပို့လိုလျှင်ဖြစ်စေ၊ ပြည်ပမှ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း သို့ ပို့ဆောင်တင်သွင်းလိုလျှင် ဖြစ်စေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား Super Light Logistics ဧ။် ကျွမ်းကျင်၊ ဝါရင့် agent များမှ လိုအပ်ချက်မရှိအောင် အထူးအာမခံ ဆောင်ရွက်ပေးလျက် ရှိပါသည်။

လူကြီးမင်းတို့၏ ကုန်ပစ္စည်းများအား Import / Export ပြုလုပ်ရန် လိုအပ်သည့် Business Registration & Licenses ပြုလုပ်ခြင်း၊ Custom Clearance ပြုလုပ်ခြင်း၊ Full Container Load (FCL) နှင့် Less Container Load (LCL) စနစ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်း၊ ဆိပ်ကမ်း (သို့) နယ်စပ်ဂိတ်များမှရောက်ရှိလာသော ကုန်ပစ္စည်းများအား SL Warehouse များတွင် စနစ်တကျ သိုလှောင်သိမ်းဆည်းပေးခြင်း နှင့် လိုအပ်သော နေရာရောက်သည်အထိ ထပ်မံပို့ဆောင်ပေးခြင်း စသည့် လုပ်ငန်းဆောင်တာများအားလုံးကို Light Logistics မှ သင့်တင့်မျှတသော နှုန်းထားများဖြင့် မှန်ကန်တိကျစွာ One Stop Service ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

Confidence

အတွေ့အကြုံရင့် ကျွမ်းကျင် professional များကြောင့် လုပ်ငန်းစဉ်များအားလုံး လုံခြုံစိတ်ချရခြင်း

Quick access

Documentation process များ နှောင့်နှေး ကြန့်ကြာမှု မရှိခြင်း

Saving money

အခြားသော အပိုကုန်ကျမှုများ ( ပွဲစားခ၊ ဒဏ်ကြေး..) မရှိသည့်အတွက် ကုန်ကျစရိတ် သိသိသာသာ သက်သာခြင်း

Completeness

Consulting မှ final delivering အထိ ပြည်စုံကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိနိုင်ခြင်း

What We Can Do

Mobile

နည်းပညာနယ်ပယ်အတွင်းမှ မိတ်ဖက်လုပ်ငန်ရှင်များ့ ဈေးကွက်အတွင်း အစဉ်ထာဝရ ဦးဆောင်ထားနိုင်ရန် မှန်ကန်သောဈေးနှုန်း၊ တိကျသေချာသော သတင်းအချက်အလက်၊ သွက်လတ်မြန်ဆန်သော ပို့ဆောင်ပေးမှုများဖြင့် Super Light logistics မှ ကူညီ ဆောင်ရွက်ပေးပါသည်။

Electronics

Electronic ပစ္စည်းများ၊ computer နှင့်စပ်ဆက် ပစ္စည်းများ၊ Telephone နှင့်ဆက်သွယ်ရေး ပစ္စည်းများသည် အလျှင်အမြန် တိုးတက်ပြောင်းလဲလျက်ရှိပြီး ဈေးကွက် ပြိုင်ဆိုင်မှုလည်း အင်မတန် ပြင်းထန်လှသည်။ နိုင်ငံတကာနှင့် တန်းတူ ဈေးကွက်အတွင်း ကုန်ကျစရိတ် သက်သက်သာသာဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးရောင်းချနိုင်ရန် Super Light Logistics မှ အကောင်းဆုံး ဝန်ဆောင်မှု ပေးပါသည်။

Home Appliance

လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသော ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်စီးပွားရေး အခင်းအကျင်းအတွင်း တိကျမြန်ဆန်သော၊ ယုံကြည်စိတ်ချရသော logistics ဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ၊ အကောင်းဆုံး သော နည်းပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Super Light Logistics ဖြစ်သည်။

General Cargo

စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ဝန်ထမ်းများမှ ကောင်းမွန်ပြည့်စုံသော နည်းပညာများဖြင့် လုပ်ငန်းလျစ်ဟာမှုများ မရှိအောင် အကောင်းဆုံးဝန်ဆောင်မှုပေးနေသောကြောင့် Customer များဧ။် ယုံကြည်မှုကို အပြည့်အဝရရှိထားသည့် Super Light Logistics ဖြစ်သည်။

Vehicle Parts

စက်တပ်ယာဉ် နှင့် စပ်ဆက်ပစ္စည်းများ၊ တာယာ product များသည်လည်း ယနေ့မျက်မှေက်ခေတ်တွင် ဈေးကွက်စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေရပေသည်။ ကုန်ကျစရိတ် သက်သာစွာဖြင့် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်လာစေရန် Super Light Logistics မှ ကူညီပေးနိုင်ဖို့ အစဉ်ကြိုးစား တောင်ရွက်ပေးလျက် ရှိပါသည်။

Construction

ဆောက်လုပ်ရေးလုပ်ငန်းများ အခက်အခဲမရှိ ပိုမိုလွယ်ကူစွာ လည်ပတ်ဆောင်ရွတ်နိုင်စေရန် Super Light logistics အနေဖြင့် စနစ်ကျသော လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုများ နှင့်အတူ ခေတ်မီ စက်ကိရိယာများကြီးများဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

Food and Beverages

Food & Beverage လုပ်ငန်းများအတွက်လည်း နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများဧ။် သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်းတွင် လျစ်ဟာမှုမရှိစေရန် Super Light Logistics မှ ဝန်ဆောင်မှု ပေးလျက်ရှိပေသည်။

Clothing

အဝတ်အထည်လုပ်ငန်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဌတွင် Super Light logistics မှ အပြည့်အ၀ တာဝန်ယူပြီး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ တိုးတက်လာရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

FAQ

• မြန်မာနိုင်ငံအတွင်းသို့ ၊ကုန်စည်များတင်သွင်းရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်သောကုမ္ပဏီအဖြစ် ပထမအဆင့် လုပ်ငန်းမှတ်ပုံတင် ရပါမည်။ မှတ်ပုံတင် သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် တင်သွင်းသူတစ်ယောက်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တင်ပို့သူ/တင်သွင်းသူအဖြစ် မှတ်ပုံတင်ရမည်။ မှတ်ပုံတင်သက်တမ်းသည် ၃ နှစ် ဖြစ်သော်လည်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်သက်တမ်း (သို့) သက်တမ်းလက်ကျန်ထက်ကျော်လွန်၍ ခွင့်မပြုပါ။ မှတ်ပုံတင်ကြေးမှာသက်တမ်း ၁ နှစ်အတွက် ကျပ်- ၅၀,၀၀၀ ဖြစ်ပါသည်။

• တင်သွင်းသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် တွင်လည်းအသင်းဝင်ရပါမည်။

• နိုင်ငံတကာကုန်သွယ်မှုကိုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားကိုသာလျှင် ဆောင်ရွက်ခွင့်ပြုပါသည်။ နိုင်ငံခြားသားနှင့်နိုင်ငံခြားကုမ္ပဏီများအတွက် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာနိုင်ငံသားကုမ္ပဏီများနှင့် Joint Venture ဆောင်ရွက်ရန် သီးခြားကြေငြာချက် ထုတ်ပြန်၍ ခွင့်ပြုလုပ်ကိုင်စေပါသည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအောက်တွင် မှတ်ပုံတင်ထားသောနိုင်ငံခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် သွင်းအားစုသွင်းကုန်များတင်သွင်းခြင်းအတွက် ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားပါကနိုင်ငံသားဖြစ်ရန်မလိုအပ်ပါ။

1. Import license (Original)
2. Invoice & Packing list (Original)
3. Sale contract (Original)
4. Company registration set (Original)
5. UMFCCI member card (Copy)
6. Export/Import license (Copy)
7. Shipping documents set (Original)
To import goods into Myanmar, a company must provide an import declaration form called CUSDEC—1 Import Declaration Form as well as the CUSDEC—4 Customs Valuation Form. Importers require these additional documents: 
      • Import License; (Original)
      • Invoice; (Original)
      • Bill of lading, air consignment note, or truck note; (Original)
      • Cargo release order; (Original)
      • Terminal handling report; (Original)
      • Packing list; (Original)
      • Technical standard and health certificate (when required) and;
      • Recommendation from concerned ministry (when required).The importer must present these documents to customs officials when imported goods arrive in Myanmar.

To export goods from Myanmar, a company must provide an export declaration form called CUSDEC—2 as well as the CUSDEC—4 Customs Valuation Form. Exporters require these additional documents: Export license; (Original)
       • Invoice; (Original)
       • Bill of lading; (Original)
       • Packing list; (Original)
       • Sales contract; (Original)
       • Shipping instructions; (Original)
       • Letter of credit or general Remittance or Exemption Certificate; (Original)
       • Sample of goods;
       • Fumigation certificate (when required);
       • Phytosanitary certificate (when required)
       • Recommendation from concerned ministry (when required).
The exporter must present these documents to customs officials before exported goods leave Myanmar.

ပထမဆုံးအနေဖြင့် လိုအပ်သောစာရွတ်စာတမ်းများ ပြည့်စုံမှု ရှိ၊ မရှိကို Super Light Logistics မှ စစ်ဆေးပေးပါတယ်။
• ပြည့်စုံမှုရှိလျှင် လိုအပ်သည့်နေရာသို့ ကုန်ပစ္စည်းများအား အမြန်ဆုံး သယ်ယူပို့ဆောင်ပေးပါတယ်။

• ပြည့်မရှိလျှင် စာရွတ်စာတမ်းများပြည့်စုံရန် လိုအပ်သည်များကို စနစ်တကျဆောင်ရွတ်ပေးပြီး သတ်မှတ်ချိန်ထက် နောက်မကျစေဘဲ အချိန်မှီ ပို့ဆောင်ပေးပါတယ်။

ကုန်ပစ္စည်းများအား အလုံးစုံ အာမခံထားရှိပြီး ထိခိုက်ပျက်စီးမှုများအပေါ်တွင် အပြည့်အ၀ တာဝန်ယူ ဖြေရှင်းပေးပါတယ်။

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် လုပ်ငန်စဉ် အဆင့်ဆင့် နှောင့်နှေး ကြန့်ကြာမှုမရှိစေရန် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Phone, Viber, Email များအပြင် GPS System, ERP System များဖြင့် ဆက်သွယ်ဆောင်ရွတ်ပေးလျက် ရှိပါတယ်။

ပေးပါတယ်။ Customer များ စိတ်ကျေနပ်မှုရရှိရေးနှင့် ရေရှည် လက်တွဲနိုင်ရေးသည်သာလျှင် ကျွန်တော်တို့ Super Light Logistics ဧ။် အဓိက လိုလားချက် ဖြစ်ပါတယ်။

ပို့ဆောင်ပေးပါတယ်၊ ဆွေးနွေးအကြံပြုပေးချင်းမှသည် နောက်ဆုံးပန်းတိုင်အထိ ဝန်ဆောင်မှုပေးပါတယ်။

So pick a phone and make a call to SL Hotline to start a business with us or more detail information you would like to know.

my_MMMY