Incoterms အမျိုးအစားအချို့ကို ယခင်တစ်ခေါက်က Post မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ Incoterms အမျိုးအစားများကို အသေးစိတ် ဆက်လက်ဖတ်ရှုနိုင်ဖို့ အပိုင်း(၂)အဖြစ် ဆက်လက် ဝေမှ ျလိုက်ပါတယ်။
1. FCA (Free Carrier)
=====================
ရောင်းသူသည် ကုန်ပစ္စည်းများအား ဝယ်သူ အလိုရှိသည့်အတိုင်း စုစည်းပေးရန် (သို့မဟုတ်) ကုန်ဝယ်သူ၏ လိုလားချက် အတိုင်း ကားဂိတ်၊ လေဆိပ် ၊ ရထားဘူတာ (သတ်မှတ်ထားသည့်နေရာ) သို့ ပေးပို့ပေးရန်တာဝန်ရှိသည်။ ဝယ်သူ သတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်း သယ်ယူခကို ရောင်းသူမှ တာဝန်ယူရမည်ဖြစ်ကာ ကုန်ချနေရာတွင် အကောက်ခွန် ရှင်းလင်းခ၊ သဘောၤခ၊ ကုန်ပစ္စည်းနောက်ဆုံး ရောက်ရှိရာနေရာသို့ ကုန်သယ် ဆောင်ခတို့ကို ဝယ်သူမှတာဝန်ယူရပါမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရ မည့်ပုံစံအမျိုးမျိုး အပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု ပုံစံဖြင့်မဆို အသုံးပြုနိုင်သည်။
2. CPT (Carriage Paid To )
==========================
ကုန်ရောင်းသူသည် ကုန်ပစ္စည်းအား သယ်ယူပို့ဆောင်ပေးသည့်ယာဉ်ပေါ်သို့ ကုန်ပစ္စည်းကို တာဝန်ယူ တင်ပို့ပေးရ မည့်အပြင် ကုန်ချရမည့်နေရာသို့ အရောက်ပေးပို့ပေးရန် တာဝန်ရှိသည်။ ရောင်းသူသည် ကုန်ပစ္စည်းတင်ပို့ရာတွင် အကောက်ခွန်ရှင်းလင်းခ၊ ကုန် ပစ္စည်းသယ်ယူခနှင့် အခြားကုန်ကျစရိတ်များကို တာဝန်ယူရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်မည့် ယာဉ်ပေါ်သို့ ကုန်ပစ္စည်းများ လွှဲပြောင်းတင်ပို့ပြီးစီးပါက ကုန်ရောင်းသူ၏ တာဝန်ယူမှု အပိုင်းပြီးဆုံးပြီဖြစ်သည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု ပုံစံဖြင့် မဆို အသုံးပြုနိုင်သည်။
3. CIP ( Carriage and Insurance Paid To)
====================================
ကုန်ရောင်းသူသည် ကုန်ပစ္စည်းအား သယ်ယူပို့ဆောင်ပေးသည့် ယာဉ်ပေါ်သို့ကုန်ပစ္စည်းကို တာဝန် ယူတင်ပို့ပေးရမည့်အပြင် ကုန်ချရမည့်နေရာသို့ အရောက်ပေးပို့ပေးရန် တာဝန်ရှိသည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် အကောက်ခွန် ရှင်းလင်းခ၊ ကုန်ပစ္စည်းသယ်ယူခ၊ အာမခံကြေးနှင့် အခြားကုန်ကျစရိတ် များကို တာဝန်ယူရမည်ဖြစ်သည်။ တာဝန်ယူမှုအပိုင်းမှာ CPT နှင့်အတူတူ ပင်ဖြစ်သည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့်ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြုနိုင်သည်။
4. DAT (Delivered At Terminal )
=============================
ရောင်းသူသည် ကုန်ပစ္စည်း များကို သယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်သို့ သယ်ချပြီးသည်နှင့် တစ်ပြိုင်နက်ဝယ်သူ၏ အမည်သတ်မှတ်ထားသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာ တွင် ဝယ်သူ၏ အလိုရှိသည့်အတိုင်း ပေးပို့ရောင်းချရမည်ဖြစ်သည်။ ကုန်ချ နေရာ ဆိုရာတွင် ဆိပ်ကမ်း၊ ဂိုဒေါင်၊ ကွန်တိန်နာဝင်း (သို့မဟုတ်) ကားဂိတ် ဘူတာရုံ (သို့မဟုတ်) လေဆိပ်၊ ကုန်စည်အဝင်အထွက်နေရာစသည်တို့ အပါ အဝင် မည်သည့်နေရာ မဆိုပါဝင်သည်။ ရောင်းသူသည် ကုန်ပစ္စည်းများအား အမည်သတ်မှတ်ထားသည့် ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာသို့ သယ်ယူ ခြင်းနှင့်ကုန်ပစ္စည်းများ သယ်ချခြင်းစသည့် ကုန်ကျစရိတ်နှင့် ကိစ္စများအားလုံး ၏ တာဝန်ကိုကျခံရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါအဝင်မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့်မဆိုအသုံးပြုနိုင်သည်။
5. DAP (Delivered At Place)
=========================
ရောင်းသူသည် ဝယ်သူလိုလားချက် အတိုင်း ကုန်ချနေရာတွင် သယ်ချရန်အသင့်ဖြစ်နေသည့် ကုန်ပစ္စည်း သယ်ဆောင်သည့် ယာဉ်ပေါ်မှ ဝယ်သူအလိုရှိသည့်အတိုင်း ကုန်ပစ္စည်းများ အားထားရှိပြီးသည့်နောက် ကုန်ပစ္စည်းအား ပေးပို့ရောင်းချပြီးဖြစ်သည်။ ရောင်းသူသည် သတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်းသယ် ဆောင်ခြင်း အပါအဝင် ကုန်ပစ္စည်း သယ်ဆောင်ရာတွင် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့် မဆို အသုံးပြုနိုင်သည်။
6. DDP (Delivered Duty Paid)
==========================
ရောင်းသူသည် ကုန်ပစ္စည်းများကို လွှဲပြောင်း ရောင်းချပြီး အခွန်ပေးဆောင်ပြီးသည်အထိ သယ်ယူပို့ဆောင်ခစရိတ် အားလုံးနှင့် ပေါ်ပေါက် လာနိုင်သည့် ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါ အဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်။
Source – Awards Logistics
#SuperLight #Logistics #Educating #Incoterms
 
								 
														


 
														 MY
MY				 EN
EN