ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) ဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရာဒေသမှ သုံးစွဲမည့်ဒေသ (လက်လီ၊ လက်ကားလုပ်ငန်းရှင်များနှင့် သုံးစွဲသူများအပါအဝင်) သို့ တိုက်ရိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) ကြားခံကုန်စည်ဖြန့်ဖြူးရေးဌာနများမှ တစ်ဆင့်ဖြစ်စေ ကုန်ပစ္စည်းများကို ဖြန့်ဖြူးပေးခြင်းပင်ဖြစ်သည်။
သို့်ဖြစ်၍ ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ စိစစ်ရွေးချယ်ခြင်းသည် ထုတ်ကုန်ပစ္စည်းများကို မည်သည့်နေရာမှ မည်သည့်နေရာသို့ မည်သည့်အချိန်တွင် မည်သို့ပို့ဆောင်ပေးမည်၊ မည်သို့ပြန်လည်ဖြည့်တင်းမည်၊ မည်သို့သိုလှောင်ထိန်းသိမ်းမည်ဆိုခြင်းကို လုပ်ငန်းအဆင်ပြေချောမွေ့မှုရေး၊ လျင်မြန်ထိရောက်ရေး၊ တွက်ခြေကိုက်အကျိုးအမြတ်ရရှိရေးပေါ်မူတည်ကာ စနစ်တကျလေ့လာသုံးသပ် တွက်ချက်ဆောင်ရွက်ခြင်းဟုဆိုနိုင်သည်။
Distribution center နှင့် DC location စိစစ်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ပညာရှင်အသီးသီးက ဈေးကွက်ချိတ်ဆက်စီမံမှု (Supply chain management)၊ သယ်ယူပို့ဆောင်ရေး (Transportation)နှင့် ဒေသန္တရပထဝီဝင် (Geography) စသည့်ရှုဒေါင့်များမှ ဆန်းစစ်လေ့လာခဲ့ကြသည်။
ထိုသို့လေ့လာခဲ့ကြရာတွင် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာလိုအပ်ချက်ကို လုပ်ငန်းစဉ်၏ပထမဆုံးခြေလှမ်းအဖြစ်သတ်မှတ်ကာ ဒေသအခြေအနေ၊ သယ်ယူပို့ဆောင်ရေး (လေဆိပ်၊ သဘောၤဆိပ်၊ ကားဂိတ်)စသည့် ခရီးအကွာအဝေးအလိုက် သင့်လျော်မည့်သုံး၊ လေးနေရာကို အစဉ်လိုက်စာရင်းပြုစုပြီး ညှိနှိုင်းဆောင်ရွက်ရန် အကြံပြုတင်ပြမှုများရှိခဲ့သည်။
ထိုနည်းတူ မျက်မှောက်ကုန်စည်စီးဆင်းမှုကို အခြေခံကာ ကုန်စည်ပို့ဆောင်မည့်နည်းလမ်းနှင့် လက်တွေ့ကုန်စည်ဖြန့်ဖြူးစရိတ်ကို တွက်ချက်ပြီး ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာအတွက် သင့်လျော်မည့်နေရာများကို ရွေးချယ်ထားရှိရန်နှင့် အဖက်ဖက်မှချင့်ချိန်ကာ အသင့်လျော်ဆုံးနေရာကို စိစစ်ရွေးချယ်ရန် တင်ပြထားမှုများလည်းရှိသည်။
အလားတူပင် ကုန်စည်စီးဆင်းမှုဆိုင်ရာ ပြင်ပအရင်းအမြစ်များ (ဥပမာ-3Pl) ငှါးရမ်းနိုင်မှုရှိ၊ မရှိနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ အရေအတွက်၊ တည်နေရာနှင့် ဝန်ဆောင်နိုင်မှုပမာဏ စသည့်အချက်များကို ဦးစားပေးသင့်ကြောင်း တင်ပြမှုများလည်းရှိသည်။
ပညာရှင်အသီးသီး၏ အကြံပြုတင်ပြချက်များကို ခြုံငုံသုံးသပ်ရပါက ကုန်စည်ဖြန့်ဖြူးရေးပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ ရွေးချယ်ရေးအတွက် လုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ် (Process) ကိုတိကျစွာပြဌာန်းနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
ထို့ပြင် Distribution structure နှင့် DC location အတွက်ရွေးချယ်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ –
👉 (၁) မည်သည့်လုပ်ငန်းရပ်ကို စတင်လုပ်ဆောင်ရမည် (သို့မဟုတ်) လုပ်ဆောင်သင့်သည်
👉 (၂) လုပ်ငန်းစဉ်တွင် မည်သည့်လုပ်ငန်းအဆင့်များ အတိအကျပါဝင်သည်
👉 (၃) လုပ်ငန်းစဉ်တွင် မည်သည့်လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ရမည်ဆိုသည့် အစဉ်အလိုက်ဆောင်ရွက်ချက်များ စသည်တို့ကို တိကျရှင်းလင်းစွာ ဖော်ပြနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
လေ့လာဆန်းစစ်ချက်များအရ တိကျသည့်လုပ်ငန်းစဉ်နှင့် လုပ်ငန်းအဆင့်များကို အများသဘောတူ ပြဌာန်းနိုင်ခြင်းမရှိသော်လည်း ယေဘူယျအားဖြင့် အောက်ပါအတိုင်း လုပ်ဆောင်သင့်ကြောင်း တွေ့ရှိရသည် –
👉 (၁) မိမိထုတ်ကုန်ပစ္စည်း (သို့မဟုတ်) ကုန်ပစ္စည်းများ၏သဘောသဘာဝ၊ ဝယ်လိုအားအခြေအနေ၊ ကုန်ထုတ်လုပ်ရာဒေသနှင့် ပေးပို့ရမည့်ဒေသအကြား အသုံးပြုရမည့်သယ်ယူပို့ဆောင်မှုအမျိုးအစား (လေယာဉ်၊ သဘောၤ၊ ကား၊ မီးရထား)၊ ခရီးအကွာအဝေးနှင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်တို့ကို အခြေခံကာ မိမိရွေးချယ်အသုံးပြုမည့် ကုန်စည်ဖြန့်ဖြူးမှုပုံစံကို စိစစ်သုံးသပ်ရန်
👉 (၂) Distribution structure စိစစ်ရွေးချယ်ပြီးနောက် ရွေးချယ်ထားသည့်ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့်တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုမိုသော ကုန်စည်ဖြန့်ဖြူးရေးဌာနများအတွက် တည်နေရာကိုရွေးချယ်ရန်
👉 (၃) DC location ကိုရွေးချယ်ရာတွင် လုပ်အားနှင့်မြေနေရာရရှိနိုင်မှု (Labour and land availability)၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ (လေဆိပ်၊ သဘောၤဆိပ်၊ ကားဂိတ်စသည်)ဌာနများနှင့် သွားလာရေးလွယ်ကူမှု (Accessibility)နှင့် အခြားဆက်စပ်နေသောအကြောင်းအရာများ (Contextual factors)များကို အခြေခံကာ သင့်လျော်မည့်နေရာ သုံးနေရာ (သို့မဟုတ်) လေးနေရာကို အစဉ်လိုက်စာရင်းပြုစုထားပြီး ညှိနှိုင်းဆောင်ရွက်ရန်
👉 (၄) အထူးသဖြင့် ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် (သယ်ယူပို့ဆောင်စရိတ်၊ သိုလှောင်ထိန်းသိမ်းစရိတ်စသည်များအပါအဝင်)နှင့် သုံးစွဲသူသို့ဝန်ဆောင်မှုပေးနိုင်မည့် အဆင့်ကိုဟန်ချက်ညီအောင်ချိန်ဆလျက် မိမိအတွက်လုပ်ငန်းအဆင်ပြေထိရောက်ဆုံးနှင့် အကျိုးအမြတ်ရရှိဆုံး ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာကို ရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
#SuperLight #Logistics #Educatingကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) ဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရာဒေသမှ သုံးစွဲမည့်ဒေသ (လက်လီ၊ လက်ကားလုပ်ငန်းရှင်များနှင့် သုံးစွဲသူများအပါအဝင်) သို့ တိုက်ရိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) ကြားခံကုန်စည်ဖြန့်ဖြူးရေးဌာနများမှ တစ်ဆင့်ဖြစ်စေ ကုန်ပစ္စည်းများကို ဖြန့်ဖြူးပေးခြင်းပင်ဖြစ်သည်။

#SuperLight #Logistics #Educating