fbpx

Distribution Center

Make a call to SL Hotline to start a business with us or more detail information you would like to know.

အရှိန်အဟုန်နှင့် တကွ တိုးတက်ပြောင်းလဲလာသည့် ဈေးကွက်စီးပွားရေးအခြေအနေတွေအရ ၊ ကူးသန်းရောင်းဝယ်ရေး အခန်းကဏ္ဍသည်လည်း တစ်ပြေးညီ တိုးတက်လာခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် သုံးစွဲသူများထံသို့ တိကျသေချာသည့် အရေအတွက်နဲ့ အရည်အသွေးပြည့်ညီသည့် ကုန်ပစ္စည်းများကို ပေးပို့ဆောင်ရွက်ပေးနိုင်ခြင်းသည်လည်း Supply Chain အခန်းကဏ္ဍ၏ အရေးအကြီးဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်လာခဲ့ပါသည်။ ထို့ကြောင့်ပင် ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်းများသည် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ် လိုအပ်ချက် ဖြစ်လို့လာခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင်တော့ Super Light Logistics အနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် အညီ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား လက်ကားဖြန့်ဖြူးသူများ ၊ လက်လီဖြန့်ချီသူများနှင့် ဈေးကွက်၏ နောက်ဆုံး နေရာများအထိ တိုက်ရိုက်ပို့ဆောင် ဖြန့်ဖြူးပေးမည့် ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မယ့် ကိုယ်ပိုင် ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်းစုတစ်ခုကို ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်တည်ထောင်နိုင်ခဲ့ပါသည်။ ထိုနည်းအားဖြင့် ကျွန်တော်တို့၏ Super Light Logistics အား 3PL လုပ်ငန်းအမျိုးအစားမှ 4PL လုပ်ငန်းအမျိုးအစားအဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ပါသည်။

 Super Light ၏ Main Distribution Center သည် ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ် တွင်တည်ရှိပြီး အကျယ်အဝန်အားဖြင့် ၄၈၀၀၀ စတုရန်းပေ ကျယ်ဝန်းပါသည်။ အခြားသော Sub-Distribution Center တစ်ခုအနေဖြင့် ရန်ကုန်မြို့လည်ခေါင်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၁၄၀၀၀ စတုရန်းပေ ကျယ်ဝန်းပါသည်။ မန္တလေးမြို့နယ်တွင်တော့ ၁၄၀၀၀ စတုရန်းပေအကျယ်အဝန်းဖြင့် Distribution Center တစ်ခုရှိပြီး ၊ မော်လမြိုင်မြို့နယ်ရှိ စက်မှုဇုန်ဧရိယာအတွင်းတွင်လည်း အလားတူ ၁၄၀၀၀ စတုရန်းပေ အကျယ်အဝန်းဖြင့် Distribution Center တစ်ခု ထပ်မံတည်ရှိပါသည်။ စုစုပေါင်း ရန်ကုန် ၊ မန္တလေး ၊ မော်လမြိုင်မြို့နယ်များ အပါအဝင်တွင် Main DC (3)ခုနှင့် Sub-DC (1)ခုဖြင့် တန်ဖိုးထားရသော customer များ၏ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်းများအား ကူညီဖြေရှင်းရင်း Supply Chain လုပ်ငန်းစဉ်တစ်ခုလုံးအား အထောက်အကူပြုရန် အဆင်သင့်ဖြစ်လျက်ရှိပါသည်။

 

Super Light အား ယုံကြည်စွာဖြင့် လက်တွဲလုပ်ကိုင်သော Customer များအနေဖြင့် အောက်ပါ ဝန်ဆောင်မှုများကို တာဝန်ယူမှုအပြည့်အဝဖြင့် ပေးစွမ်းနိုင်မည်ဟု ကတိပြုပါသည်။

 Brand New DC Fleet

GPS တပ်ဆင်ထားသော အသစ်ကျပ်ချွတ် ကုန်တင်ကားများဖြင့်သာ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ပေးမှာ ဖြစ်သောကြောင့် customer များ၏ ကုန်ပစ္စည်းများကို အချိန်မှန် ၊နေရာမှန် ပို့ဆောင်ပေးနိုင်ဖို့ တာဝန်ယူပါတယ်။

Vender Management System

အကောင်းမွန်ဆုံးသော အတွေ့အကြုံများဖြင့်ကိုယ်ပိုင်ဖန်တီးထားသာ ဆော့ဖ်ဝဲလ်စနစ်ဖြင့် ထိန်းချုပ်ခြင်းကြောင့် အချက်အလက်များကို ခိုင်မာစွာသိမ်းဆည်းထားနိုင်ခြင်း၊ ကုန်ပစ္စည်းများကို အလွယ်တကူ ခြေရာခံနိုင်ခြင်းအတွက် အထူးတာဝန်ယူပါတယ်။

Customer Portal

Customer များ၏ ကုန်ပစ္စည်းအချက်အလက်များကို 24/7 မည်သည့်ချွင်းချက်မျှ မရှိပဲ ကိုယ်ပိုင် Device များဖြင့် အလွယ်တကူသိရှိနိုင်စေရန် အထူးတာဝန်ယူပါတယ်။

What We Can Do

Mobile

နည်းပညာနယ်ပယ်အတွင်းမှ မိတ်ဖက်လုပ်ငန်ရှင်များ့ ဈေးကွက်အတွင်း အစဉ်ထာဝရ ဦးဆောင်ထားနိုင်ရန် မှန်ကန်သောဈေးနှုန်း၊ တိကျသေချာသော သတင်းအချက်အလက်၊ သွက်လတ်မြန်ဆန်သော ပို့ဆောင်ပေးမှုများဖြင့် Super Light logistics မှ ကူညီ ဆောင်ရွက်ပေးပါသည်။

Electronics

Electronic ပစ္စည်းများ၊ computer နှင့်စပ်ဆက် ပစ္စည်းများ၊ Telephone နှင့်ဆက်သွယ်ရေး ပစ္စည်းများသည် အလျှင်အမြန် တိုးတက်ပြောင်းလဲလျက်ရှိပြီး ဈေးကွက် ပြိုင်ဆိုင်မှုလည်း အင်မတန် ပြင်းထန်လှသည်။ နိုင်ငံတကာနှင့် တန်းတူ ဈေးကွက်အတွင်း ကုန်ကျစရိတ် သက်သက်သာသာဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးရောင်းချနိုင်ရန် Super Light Logistics မှ အကောင်းဆုံး ဝန်ဆောင်မှု ပေးပါသည်။

Home Appliance

လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသော ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်စီးပွားရေး အခင်းအကျင်းအတွင်း တိကျမြန်ဆန်သော၊ ယုံကြည်စိတ်ချရသော logistics ဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများ၊ အကောင်းဆုံး သော နည်းပညာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Super Light Logistics ဖြစ်သည်။

General Cargo

စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ဝန်ထမ်းများမှ ကောင်းမွန်ပြည့်စုံသော နည်းပညာများဖြင့် လုပ်ငန်းလျစ်ဟာမှုများ မရှိအောင် အကောင်းဆုံးဝန်ဆောင်မှုပေးနေသောကြောင့် Customer များဧ။် ယုံကြည်မှုကို အပြည့်အဝရရှိထားသည့် Super Light Logistics ဖြစ်သည်။

Vehicle Parts

စက်တပ်ယာဉ် နှင့် စပ်ဆက်ပစ္စည်းများ၊ တာယာ product များသည်လည်း ယနေ့မျက်မှေက်ခေတ်တွင် ဈေးကွက်စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေရပေသည်။ ကုန်ကျစရိတ် သက်သာစွာဖြင့် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်လာစေရန် Super Light Logistics မှ ကူညီပေးနိုင်ဖို့ အစဉ်ကြိုးစား တောင်ရွက်ပေးလျက် ရှိပါသည်။

Construction

ဆောက်လုပ်ရေးလုပ်ငန်းများ အခက်အခဲမရှိ ပိုမိုလွယ်ကူစွာ လည်ပတ်ဆောင်ရွတ်နိုင်စေရန် Super Light logistics အနေဖြင့် စနစ်ကျသော လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုများ နှင့်အတူ ခေတ်မီ စက်ကိရိယာများကြီးများဖြင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

Food and Beverages

Food & Beverage လုပ်ငန်းများအတွက်လည်း နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများဧ။် သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးအပိုင်းတွင် လျစ်ဟာမှုမရှိစေရန် Super Light Logistics မှ ဝန်ဆောင်မှု ပေးလျက်ရှိပေသည်။

Clothing

အဝတ်အထည်လုပ်ငန်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဌတွင် Super Light logistics မှ အပြည့်အ၀ တာဝန်ယူပြီး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ တိုးတက်လာရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

FAQ

• မြန်မာနိုင်ငံအတွင်းသို့ ၊ကုန်စည်များတင်သွင်းရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်သောကုမ္ပဏီအဖြစ် ပထမအဆင့် လုပ်ငန်းမှတ်ပုံတင် ရပါမည်။ မှတ်ပုံတင် သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် တင်သွင်းသူတစ်ယောက်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တင်ပို့သူ/တင်သွင်းသူအဖြစ် မှတ်ပုံတင်ရမည်။ မှတ်ပုံတင်သက်တမ်းသည် ၃ နှစ် ဖြစ်သော်လည်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်သက်တမ်း (သို့) သက်တမ်းလက်ကျန်ထက်ကျော်လွန်၍ ခွင့်မပြုပါ။ မှတ်ပုံတင်ကြေးမှာသက်တမ်း ၁ နှစ်အတွက် ကျပ်- ၅၀,၀၀၀ ဖြစ်ပါသည်။

• တင်သွင်းသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် တွင်လည်းအသင်းဝင်ရပါမည်။

• နိုင်ငံတကာကုန်သွယ်မှုကိုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားကိုသာလျှင် ဆောင်ရွက်ခွင့်ပြုပါသည်။ နိုင်ငံခြားသားနှင့်နိုင်ငံခြားကုမ္ပဏီများအတွက် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်ရန် မြန်မာနိုင်ငံသားကုမ္ပဏီများနှင့် Joint Venture ဆောင်ရွက်ရန် သီးခြားကြေငြာချက် ထုတ်ပြန်၍ ခွင့်ပြုလုပ်ကိုင်စေပါသည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအောက်တွင် မှတ်ပုံတင်ထားသောနိုင်ငံခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် သွင်းအားစုသွင်းကုန်များတင်သွင်းခြင်းအတွက် ကုန်သွယ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားပါကနိုင်ငံသားဖြစ်ရန်မလိုအပ်ပါ။

1. Import license (Original)
2. Invoice & Packing list (Original)
3. Sale contract (Original)
4. Company registration set (Original)
5. UMFCCI member card (Copy)
6. Export/Import license (Copy)
7. Shipping documents set (Original)
To import goods into Myanmar, a company must provide an import declaration form called CUSDEC—1 Import Declaration Form as well as the CUSDEC—4 Customs Valuation Form. Importers require these additional documents: 
      • Import License; (Original)
      • Invoice; (Original)
      • Bill of lading, air consignment note, or truck note; (Original)
      • Cargo release order; (Original)
      • Terminal handling report; (Original)
      • Packing list; (Original)
      • Technical standard and health certificate (when required) and;
      • Recommendation from concerned ministry (when required).The importer must present these documents to customs officials when imported goods arrive in Myanmar.

To export goods from Myanmar, a company must provide an export declaration form called CUSDEC—2 as well as the CUSDEC—4 Customs Valuation Form. Exporters require these additional documents: Export license; (Original)
       • Invoice; (Original)
       • Bill of lading; (Original)
       • Packing list; (Original)
       • Sales contract; (Original)
       • Shipping instructions; (Original)
       • Letter of credit or general Remittance or Exemption Certificate; (Original)
       • Sample of goods;
       • Fumigation certificate (when required);
       • Phytosanitary certificate (when required)
       • Recommendation from concerned ministry (when required).
The exporter must present these documents to customs officials before exported goods leave Myanmar.

ပထမဆုံးအနေဖြင့် လိုအပ်သောစာရွတ်စာတမ်းများ ပြည့်စုံမှု ရှိ၊ မရှိကို Super Light Logistics မှ စစ်ဆေးပေးပါတယ်။
• ပြည့်စုံမှုရှိလျှင် လိုအပ်သည့်နေရာသို့ ကုန်ပစ္စည်းများအား အမြန်ဆုံး သယ်ယူပို့ဆောင်ပေးပါတယ်။

• ပြည့်မရှိလျှင် စာရွတ်စာတမ်းများပြည့်စုံရန် လိုအပ်သည်များကို စနစ်တကျဆောင်ရွတ်ပေးပြီး သတ်မှတ်ချိန်ထက် နောက်မကျစေဘဲ အချိန်မှီ ပို့ဆောင်ပေးပါတယ်။

ကုန်ပစ္စည်းများအား အလုံးစုံ အာမခံထားရှိပြီး ထိခိုက်ပျက်စီးမှုများအပေါ်တွင် အပြည့်အ၀ တာဝန်ယူ ဖြေရှင်းပေးပါတယ်။

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် လုပ်ငန်စဉ် အဆင့်ဆင့် နှောင့်နှေး ကြန့်ကြာမှုမရှိစေရန် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Phone, Viber, Email များအပြင် GPS System, ERP System များဖြင့် ဆက်သွယ်ဆောင်ရွတ်ပေးလျက် ရှိပါတယ်။

ပေးပါတယ်။ Customer များ စိတ်ကျေနပ်မှုရရှိရေးနှင့် ရေရှည် လက်တွဲနိုင်ရေးသည်သာလျှင် ကျွန်တော်တို့ Super Light Logistics ဧ။် အဓိက လိုလားချက် ဖြစ်ပါတယ်။

ပို့ဆောင်ပေးပါတယ်၊ ဆွေးနွေးအကြံပြုပေးချင်းမှသည် နောက်ဆုံးပန်းတိုင်အထိ ဝန်ဆောင်မှုပေးပါတယ်။

So pick a phone and make a call to SL Hotline to start a business with us or more detail information you would like to know.

my_MMMY