TEU ဆိုသည်မှာ ကုန်သေတ္တာတင်သင်္ဘောကြီးများနှင့် ကုန်သေတ္တာများသိုလှောင်ထားရှိရာ ကုန်သေတ္တာဝန်းအတွင်း ကုန်ဝင်ဆန့်နိုင်မှုပမာဏ (Capacity) ကိုဖော်ပြရာတွင် အသုံးပြုသည့်တိုင်းတာမှုစံနှုန်း (Unit) တစ်ခုပင်ဖြစ်သည်။
TEU မှာ အလျား ပေ ၂၀ ရှိ ပုံမှန်သင်္ဘောတင်ကုန်သေတ္တာ (Standard cargo shipping container) တစ်လုံး၏ ထုထည်ပမာဏနှင့်ညီမျှသော ကုဗပေ၊ ကုဗမီတာပင်ဖြစ်သည်။ ပုံမှန်သင်္ဘောတင်ကုန်သေတ္တာတစ်လုံးသည် အလျား ပေ ၂၀၊ အနံ (ဗြက်) ၈ ပေနှင့် အမြင့် ၈ ပေ ၆ လက်မရှိသဖြင့် 1 TEU သည်အကြမ်းအားဖြင့် ကုဗပေ (၁၃၆၀) ပေရှိသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ကုန်သေတ္တာအမြင့်မှာ ပုံသေအတိအကျ သတ်မှတ်၍မရပေ။ Standard shipping container ၏ ထက်ဝက်အမြင့် (၄ ပေ ၃ လက်မ)သာရှိသော Half Height container နှင့် Standard shipping container ထက် ၁ ပေပိုမြင့်သော အမြင့် ၉ ပေ ၆ လက်မရှိ Standard shipping container (High cube) များကိုလည်း 1 TEU အဖြစ်သာ သတ်မှတ်ထားသဖြင့် 1 TEU ၏ ထုထည်ပမာဏမှာ ၈၆၀ ကုဗပေမှ ၁၅၂၀ ကုဗပေအတွင်း ရှိသည်ဟုဆိုနိုင်သည်။ TEU နှင့်ဆက်နွယ်နေသော တိုင်းတာမှုစံနှုန်းတစ်ရပ်မှာ FEU (Forty-foot Equivalent Unit) ဖြစ်သည်။ အလျား ပေ ၄၀ ရှိ Standard cargo shipping container ၏ ထုထည်ပမာဏနှင့် ညီမျှသောထုထည်ကို 1-FEU ဟုသတ်မှတ်သည်။ သို့ရာတွင် 1-FEU ဟုသုံးစွဲခြင်းထက် 2 TEU ဟုအသုံးများသည်။ (1-FEU = 2 TEU) TEU (Twenty-foot Equivalent Unit) မှာ တိုင်းတာမှုစံနှုန်းတစ်ရပ် ဖြစ်သော်လည်း ပုံသေသတ်မှတ်ချက်မရှိပဲ တိကျမှုအားနည်းသဖြင့် အခြားတိုင်းတာမှုစံနှုန်းများနှင့် ပြောင်းလဲဖော်ပြ၍မရနိုင်ပေ။
#SuperLight #Logistics #Educating #What_is_TEU