ကုန်စည်ပစ္စည်း အမျိုးအစားများပေါ်တွင် မူတည်၍ သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ဆောင်ရမှုများသည် မတူညီကွဲပြားလျက်ရှိရာ သိုလှောင်ရုံများသည်လည်း အမျိုးမျိုးအစားစားကွဲပြားနေလျက်ရှိသည်။
အချို့သောသိုလှောင်ရုံကြီးများသည် အထူးသိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ဖြည့်ဆည်းပံ့ပိုးပေးနိုင်သကဲ့သို့ အချို့သောသိုလှောင်ရုံများသည် အထူးသိုလှောင်မှုအမျိုးအစားတစ်ခု (သို့မဟုတ်) နှစ်ခုအပေါ်သာ အာရုံစိုက်ဆောင်ရွက်ပေးနိုင်သည်။
ကုန်စည်ပစ္စည်းအမျိုးအစားအားလုံးသည် တစ်နေရာ၊ တစ်ခန်းတည်းတွင် သိုလှောင်ထားရှိခြင်းမပြုနိုင်ပေ။
အချို့ကုန်ပစ္စည်းများသည် အထူးဝန်ဆောင်မှုပေးရခြင်းမျိုး ရှိနိုင်သလို အချို့ကုန်ပစ္စည်းများမှာ အထူးလုပ်ဆောင်ချက်များလိုအပ်ခြင်း မရှိနိုင်ပေ။
သို့ဖြစ်၍ အထူးသိုလှောင်ထိန်းသိမ်းထားရှိမှုဆိုင်ရာ မတူညီသည့်အမျိုးအစားများကို အကြမ်းအားဖြင့် ဖော်ပြလိုက်ပါသည်။
Ambient storage (ပတ်ဝန်းကျင်အပူချိန်တွင်သိုလှောင်ထားရှိမှု)
Cold storage (အအေးခံသိုလှောင်ထားရှိမှု)
Hazardous storage (အန္တရာယ်ရှိကုန်ပစ္စည်းများသိုလှောင်ထိန်းသိမ်းမှု)
Archive storage (မှတ်တမ်းအထောက်အထားများသိုလှောင်ထိန်းသိမ်းမှု)
Dry Bonded storage (စာချုပ်ဖြင့်အပ်နှံသောကုန်ခြောက်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု)
Bonded Warehouse တွင်လည်း သိုလှောင်ထိန်းသိမ်းအပ်နှံသည့် ကုန်ပစ္စည်းအမျိုးအစားပေါ်တွင်မူတည်၍ အောက်ပါအတိုင်း နှစ်မျိုးခွဲခြားထားရှိသည်။
Dry Bonded storage (စာချုပ်ဖြင့်ကုန်ခြောက်များအပ်နှံထားရှိမှု)
Wet Bonded storage (စာချုပ်ဖြင့် ကုန်စို (အစို) များအပ်နှံထားရှိမှု)
မိတ်ဆွေတို့အတွက် အသုံးဝင်မယ်ဆိုရင် Like & Share လုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော်
#SuperLight #Logistics #Educating