fbpx

|| ကုန်စည်ဖြန့်ဖြူးမှု ဆိုသည်မှာ ||

✅ ကုန်စည်ဖြန့်ဖြူးမှု (Distribution) ဆိုသည်မှာ ထုတ်ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ကို လိုအပ်နေသည့်သုံးစွဲသူများ (သို့မဟုတ်) လုပ်ငန်းဆိုင်ရာအသုံးပြုသူများထံသို့ ရောက်ရှိစေရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။

✅ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းထုတ်လုပ်သူ (သို့မဟုတ်) ဝန်ဆောင်မှုပေးအပ်သူထံမှ သုံးစွဲသူများထံသို့ တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) ကြားခံအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှတစ်ဆင့်ဖြစ်စေ ပေးပို့ဆောင်ရွက်ခြင်း ပြုလုပ်လေ့ရှိသည်။

✅ ကုန်စည်ဖြန့်ဖြူးမှု Distribution ကို အခြေခံအားဖြင့် ထုတ်ကုန်ပစ္စည်းများအား ပစ်မှတ်ထားသည့် သုံးစွဲသူများထံသို့ အတိုဆုံးလမ်းကြောင်းဖြင့် ကုန်ကျစရိတ်သက်သာမှုအရှိဆုံး ရောက်ရှိနိုင်စေရေး စိတ်ချသေချာစေရန် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်ဟု ခေါ်ဆိုနိုင်သည်။

✅ တနည်းအားဖြင့် ကုန်စည်ဖြန့်ဖြူးမှု Distribution ဆိုသည်မှာ ပင်ရင်းနေရာ (ကုန်ပစ္စည်းထုတ်လုပ်သူ၊ ကုန်ပစ္စည်းဖြန့်ဖြူးသူ) မှ ရည်မှန်းချက်နေရာ (လက်ကားအရောင်းဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များ၊ သိုလှောင်ရုံများနှင့် သုံးစွဲသူများ) ထံသို့အရောက် ကုန်စည်ပစ္စည်းများရွေ့လျားမှုနှင့် ဆက်စပ်နေသည့်ဆောင်ရွက်ချက်များအားလုံးကို ဆိုလိုပါသည်။

#SuperLight #Logistics #Educating #Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY