fbpx

Importance of distribution (ကုန်စည်ဖြန့်ဖြူးခြင်း၏ အရေးပါမှု)

ကုန်စည်ဖြန့်ဖြူးမှု (Distribution) ကို ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်းဟု အများကအကြမ်းဖျင်း ရှူမြင်ကြလေ့ရှိသည်။ အမှန်တကယ်တွင်မူ လိုအပ်နေသည့်သုံးစွဲသူများထံ လိုအပ်နေသည့်ကုန်ပစ္စည်းကို လိုအပ်နေသည့်အချိန်တွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် လက်ဝယ်အရောက်ပို့ဆောင်ပေးခြင်းပင်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှု၏ အခန်းကဏ္ဍနှင့် အရေးပါမူကို အောက်ပါအတိုင်း ခွဲခြားရှူမြင်နိုင်မည်ဖြစ်သည်။

🔹🔹 (1) Delivery of satisfaction (သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကိုရရှိခြင်း)
——————————————————————————

သုံးစွဲသူများ၏ လိုအပ်ချက်နှင့်လိုအင်ကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်သည့် ကုန်စည်ဖြန့်ဖြူးမှုသည် သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကို ရရှိစေမည်ဖြစ်ပြီး လုပ်ငန်းတိုးတက်ဖွံ့ဖြိုးမှုကို
များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။

🔹🔹 (2) Standard of living (လူနေမှုအဆင့်အတန်းမြင့်မားစေမှု)
——————————————————————-

သုံးစွဲသူများထံ လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကို လိုအပ်သည့်အချိန်တွင် အလွယ်တကူပေးပို့နိုင်ခြင်းသည် သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကိုသာမက ၎င်းတို့၏လူနေမှုအဆင့်အတန်း မြင့်မားရေးကိုပါ ပြောင်းလဲမြင့်တင်ပေးနိုင်မည်ဖြစ်သည်။

🔹🔹 (3) Value addition (ထပ်ဆောင်းတန်ဖိုး)
———————————————-

လိုအပ်နေသည့် ကုန်ပစ္စည်းများကို လိုအပ်နေသည့်သုံးစွဲသူများထံ လိုအပ်ချိန်တွင် လိုအပ်သည့်အရေအတွက်အတိုင်း ပေးပို့နိုင်ခြင်းသည် ကုန်ပစ္စည်းများ၏ မူလတန်ဖိုးအပေါ် အသုံးဝင်မှု ထပ်ဆောင်းတန်ဖိုးကိုပါ ပိုမိုမြင့်တက်နိုင်စေမည်ဖြစ်သည်။

🔹🔹 (4) Communication (ဆက်သွယ်မှု)
——————————————–

ကုန်စည်ဖြန့်ဖြူးမှုသည် ထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား ဆက်သွယ်နိုင်သည့် ကွင်းဆက်တစ်ရပ်အဖြစ်လည်း အသုံးဝင်သည်။ ထုတ်လုပ်သူများသည် တိုက်ရိုက် (သို့မဟုတ်) ကြားခံ (အရောင်းကိုယ်စားလှယ်၊ လက်လီလက်ကားအရောင်းဈေးသည်စသည်) များမှတစ်ဆင့် သုံးစွဲသူများထံသို့ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်း၊ တန်ဖိုး၊ အရောင်းမြှင့်တင်မှုစသည့် သတင်းနှင့်အချက်အလက်များကို မျှဝေပေးနိုင်သကဲ့သို့ သုံးစွဲသူများ၏သဘောထား၊ စီးပွားပြိုင်ဖက်များ၏ဆောင်ရွက်မှု၊ ဈေးကွက်အခြေအနေစသည့် ပြောင်းလဲနေသော သတင်းနှင့်အချက်အလက်များကိုလည်း ကြားခံများမှတစ်ဆင့် ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

🔹🔹 (5) Employment (အလုပ်အကိုင်အခွင့်အလမ်း)
——————————————————

ကုန်စည်ဖြန့်ဖြူးမှုသည် လူ့အဖွဲ့အစည်းအတွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည်။ ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား များပြားလှသော ကုန်စည်ဖြန့်ဖြူးသူများ၊ ကိုယ်စားလှယ်များ၊ လက်လီလက်ကားဆိုင်ကြီးများစသည့် ကြားခံအဖွဲ့အစည်းနှင့် လုပ်ငန်းရှင်များတိုက်ရိုက်ပါဝင်နေကြသည့်ပြင် ကုန်စည်ဖြန့်ဖြူးမှုနှင့် ဆက်စပ်နေသည့် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ထိန်းသိမ်းရေးစသည့် လုပ်ငန်းများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။

🔹🔹 (6) Efficiency (စွမ်းဆောင်နိုင်မှု)
————————————–

သုံးစွဲသူများသည် ကုန်ပစ္စည်းတစ်မျိုးတည်းထက် ရွေးချယ်သုံးစွဲရမှုကို နှစ်သက်ကြလေ့ရှိရာ ကုန်စည်ဖြန့်ဖြူးမှုသည် ကုန်ပစ္စည်းထုတ်လုပ်သူအများအပြားထံမှ မတူညီသော ကုန်ပစ္စည်းအမျိုးအမည်များစွာကို ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကျေနပ်နှစ်သက်မှုကို ဖြည့်ဆည်းစွမ်းဆောင်ပေးနိုင်သည်။

🔹🔹 (7) Financing (ဘဏ္ဍာရေး)
——————————–

ကုန်စည်ဖြန့်ဖြူးရေးတွင် ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား လက်လီ၊ လက်ကားလုပ်ငန်းရှင်စသည့် ကြားခံအဖွဲ့အစည်းများသည် ကုန်ပစ္စည်းများကို ၎င်းတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် အရန်သိုလှောင်ဖြည့်ဆည်းကြသည့်ပြင် ၎င်းတို့ဖောက်သည်များ၏ ငွေပေးချေမှုက ိုအစဉ်ပြေစေရန် အကြွေးဝယ်ယူခွင့်ကဒ်များ၊ အရစ်ကျငွေပေးချေမှုအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလေ့ရှိကြသည်။ သို့ဖြစ်ရာ ငွေရေးကြေးရေးပိုင်းတွင် ကြားခံအဖွဲ့အစည်းများမှ သတ်မှတ်ချိန်အတိုင်း ငွေပေးချေမှု ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်သူအနေဖြင့် ကုန်ထုတ်လုပ်မှုအပိုင်းကို ပိုမိုအာရုံစိုက်နိုင်သည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်သည်။

#SuperLight #Logistics #Educating#Importance_of_Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY