fbpx

🔹ကုန်စည်ဖြန့်ဖြူးမှုအမျိုးအစားများ🔹

 ကုန်စည်ဖြန့်ဖြူးမှု၏ အဓိကဦးတည်ချက်မှာ ကုန်ကြမ်းများ၊ အစိတ်အပိုင်းများ၊ ကုန်ချောများကို လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအတွက်အတိုင်း ထိရောက်စွာ ပို့ဆောင်ပေးနိုင်ရေးပင်ဖြစ်သည်။

 မည်သည့်ကုန်စည်ဖြန့်ဖြူးမှု အမျိုးအစားတွင်မဆို စက်ရုံ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ပစ္စည်းဖြန့်ဖြူးရာဌာနများနှင့်အတူ တစ်ခုနှင့်တစ်ခုအပြန်အလှန် ချိတ်ဆက်မှီတွယ်နေကြသော လုပ်ငန်းရပ်များဖြစ်သည်။ ကုန်ပစ္စည်းထုတ်လုပ်မှု၊ ထုတ်ပိုးမှု၊ ကုန်ပစ္စည်းလက်ခံမှု၊ လွှဲပြောင်းပေးပို့မှု၊ ကုန်ပစ္စည်းစာရင်း၊ သိုလှောင်ရုံထိန်းသိမ်းမှု၊ သယ်ယူပို့ဆောင်ရေး၊ သဘောၤတင်ပို့မှုစသည့် လုပ်ငန်းရပ်များ အကြုံးဝင်နေမည်ဖြစ်သည်။

 ကုန်စည်ဖြန့်ဖြူးမှုကို အခြေခံအားဖြင့် အောက်ပါအတိုင်း နှစ်မျိုးခွဲခြားနိုင်သည် –

(1) Commercial distribution (စီးပွားရေးအရကုန်စည်ဖြန့်ဖြူးမှု)
============================================

စီးပွားရေးအရကုန်စည်ဖြန့်ဖြူးမှု (Commercial distribution) ကိုယေဘူယျအားဖြင့် အရောင်းဖြန့်ဖြူးမှု (Sale distribution) ဟုသိကြသည်။ အရောင်းဖြန့်ဖြူးမှုသည် ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများကို ပစ်မှတ်အဖြစ် ရည်ရွယ်ထားသည့် သုံးစွဲသူများထံသို့အရောက် ကုန်စည်ဖြန့်ဖြူးမှု နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပို့ဆောင်ဖြန့်ဖြူးရောင်းချခြင်းပင်ဖြစ်သည်။ ထိုသို့ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ကုန်ပစ္စည်းအမျိုးအစား သဘာဝနှင့်လိုက်လျောညီထွေဖြစ်စေမည့် အောက်ပါကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာတစ်ရပ်ကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်သည် –

 Intensive distribution (လွှမ်းခြုံဖြန့်ဖြူးခြင်း)
 Selective distribution (ရွေးချယ်ဖြန့်ဖြူးခြင်း)
 Exclusive distribution (သီးသန့်ဖြန့်ဖြူးခြင်း)

ထို့ပြင် Sale distribution ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည် –

 သုံးစွဲသူများ၏ သတိပြုမိမှုကို အရယူပါ
 သုံးစွဲသူများအနေဖြင့် ၎င်းတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ကုန်ပစ္စည်းအဖြစ် သင့်ကုန်ပစ္စည်းအပေါ် တန်ဖိုးထားလာပါစေ
 ဖောက်သည်များ၏ ယုံကြည်မှုအဆင့်တစ်ခုရရှိအောင် ဖော်ဆောင်ပါ
 သုံးစွဲသူများ၏ လက်ခံမှုကို အလွယ်တကူရရှိအောင် ဆောင်ရွက်ပါ
 သုံးစွဲသူများအနေဖြင့် သင့်ကုန်ပစ္စည်းကို ဝယ်ယူပြီးနောက် ကျေနပ်နှစ်သက်မှုကို ဖြစ်ပေါ်နိုင်ပါစေ

(2) Physical distribution (လက်တွေ့ကုန်စည်ဖြန့်ဖြူးမှု)
=======================================

လက်တွေ့ကုန်စည်ဖြန့်ဖြူးမှု (Physical distribution) ကိုကုန်စည်စီးဆင်းမှု (Logistics) အဖြစ်လူသိများသည်။ လက်တွေ့ကုန်စည်ဖြန့်ဖြူးမှု ဆိုသည်မှာ ထုတ်လုပ်ရာနေရာမှ သုံးစွဲသူများထံသို့ ကုန်ပစ္စည်းများ အလျင်အမြန်ချောမွေ့စွာရောက်ရှိရေးနှင့် ဆက်စပ်နေသည့် ပစ္စည်းထုတ်ပိုးမှုမှအစ သိုလှောင်ထိန်းသိမ်းမှု၊ သယ်ယူပို့ဆောင်မှု၊ ပစ္စည်းစာရင်းထိန်းသိမ်းမှု၊ အမှာစာလုပ်ငန်း၊ ဈေးကွက်ခန့်မှန်းချက်စသည့် လုပ်ငန်းဆောင်ရွက်ချက်များအားလုံး အကြုံးဝင်သည့် လုပ်ငန်းစဉ်ကြီးပင်ဖြစ်သည်။ လက်တွေ့ကုန်စည်ဖြန့်ဖြူးမှု (Physical distribution) သည် သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကို ရရှိစေရေးနှင့် အမြတ်အစွန်းအများဆုံး ရရှိရေးကို ဦးတည်လျက် လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအသွေးနှင့်အရေအတွက်အတိုင်း ကုန်ပစ္စည်းများကို စရိတ်စကအသက်သာဆုံးဖြင့် ပို့ဆောင်ပေးနိုင်ရေးပင်ဖြစ်သည်။

နောက်တစ်ပတ်မှာလည်း Distribution နဲ့ ပတ်သတ်တဲ့ ဘယ်လို အကြောင်းအရာတွေကို ဆက်လက်ဖော်ပြသွားမှာလည်းဆိုတာ စိတ်ဝင်တစားနဲ့ ဆက်လက်ဖက်ရှုပေးပါဦးနော် ..

#SuperLight #Logistics #Educating #Typs_of_Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY