fbpx

The Differences between Frozen Cargo, Chilled Cargo and Air Cooled Cargo

ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ သီးခြားစီစဉ်ဆောင်ရွက်ရမှုများရှိသည်။ အထူးသဖြင့် ပတ်ဝန်းကျင် အပူချိန်ကြောင့် ပျက်စီးပုပ်သိုးလွယ်သည့် ကုန်ပစ္စည်းများကို အအေးခန်း ကုန်သေတ္တာများ (သို့) အပူချိန်ထိန်းညှိပေးနိုင်သည့် ကုန်သေတ္တာများအတွင်း ထည့်သွင်း သယ်ဆောင်ရခြင်းဖြစ်သည်။
ထိုသို့ အအေးခန်းကုန်သေတ္တာများဖြင့် တင်ပို့ရသည့် ကုန်ပစ္စည်းအများစုမှာ ပျက်စီးပုပ်သိုးလွယ်သော ကုန်ပစ္စည်းများ ဖြစ်ပြီး ၎င်းတို့၏ ပင်ကိုယ်သဘာဝပေါ် မူတည်၍ အလွန့်အလွန် အေးခဲသော (Frozeing) (သို့) အလွန်အေးသော (Chiling) (သို့) လေထုအပူချိန်ကို ထိန်းညှိပေးထားသော (Air Cooling) အခြေအနများဖြင့် သယ်ယူပို့ဆောင်ရန် လိုအပ်လေ့ရှိသည်။
အလွန့်အလွန် အေးပေးရသော ကုန်စည် (Frozen Cargo)၊ အလွန်အေးပေးရသော ကုန်စည် (Chilled Cargo) နှင့် လေထုအပူချိန်ထိန်းညှိပေးထားရသော ကုန်စည် (Air Cooling Cargo) တို့အကြား အဓိက ကွာခြားချက်မှာ အပူချိန်ပင်ဖြစ်သည်။

အလွန့်အလွန်အအေးပေးရသော ကုန်စည် (Frozen Cargo)

————————————————
အဆိုပါ ကုန်စည်များကို ဘက်တီးရီးယား ဖြစ်ထွန်းမှုမှ ကာကွယ်နိုင်ရန် အပူချိန် အနှုတ်(-8) ဒီဂရီစင်တီဂရိတ်နှင့် အနှုတ် (-12) ဒီဂရီစင်တီဂရိတ်အကြား အလွန်ပြင်းထန်သော အေးခဲနေသည့် အခြေအနေ မျိုးတွင် ထားရှိကာ သယ်ယူပို့ဆောင်ကြရသည်။
ဥပမာအားဖြင့် အသား ၊ မွေးမြူရေး ၊ ကြက် ၊ ဘဲ ၊ ငါးနှင့် ရေထွက်အစားအစာ ၊ ထောပတ်ကဲ့သို့သော ပစ္စည်းများဖြစ်သည်။

အလွန်အအေးပေးရသည့် ကုန်စည် (Chilled Cargo)

———————————————————–
အဆိုပါ ကုန်စည်များမှာ အပူချိန်အနှုတ် (-၂) ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်အကြား အအေးပေးကာ သယ်ဆောင်ကြရသည်။ အဆိုပါ အပူချိန်အတိုင်း ထိန်းညှိထားနိုင်ရန် လိုအပ်သည်။ အပူချိန် မတည်ငြိမ်ပါက အပူချိန် အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် အစိုဓာတ် (ရေငွေ့)များကို ငွေ့ရည်ဖွဲ့မှု ဖြစ်စေကာ ဘတ်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးရာ ရောက်စေနိုင်သည်။ အလွန် အအေးပေးထားရသည့် Chilled Cargo များမှာ အများအားဖြင့် သက်တမ်းတိုသော ပုပ်သိုးလွယ်သည့် ကုန်ပစ္စည်းများဖြစ်သည်။
ဥပမာအားဖြင့် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ၊ အသား ၊ ကြက် ၊ ဘဲနှင့် ပင်လယ်စာများ ၊ နို့နှင့် နို့ထွက်ပစ္စည်းများ ၊ ဥများ ၊ ဖျော်ရည်များ ၊ သစ်ဥသစ်ဖု နှင့် အပင်များ ဖြစ်သည်။

လေထုအအေးပေးထားရသော ကုန်စည် ( Air Cooled Cargo)

—————————————————————–
အဆိုပါ ကုန်ပစ္စည်းများမှာ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်မှ ၁၂ စင်တီဂရိတ်အာကား ထားရှိကာ သယ်ယူပို့ဆောင်ကြသည်။ ဥပမာအားဖြင့် သစ်သီးဝလံကဲ့သို့သော ပစ္စည်းများဖြစ်သည်။ အထက်ပါ Frozen Cargo ၊ Chilled Cargo နှင့် Air Cooled Cargo များအကြား အဓိက ကွာခြားချက်မှာ အပူချိန်ဖြစ်ပြီး Chilled Cargo မှာ နိမ့်ကျသည့် အပူချိန်ဖြင့် သယ်ဆောင်ရသည့် ကုန်စည်များကို ရည်ညွှန်းပြီး Frozen Cargo မှာ အဆိုပါကုန်စည်များ၏ အေးခဲမှတ်ထက် နိမ့်ကျသော အပူချိန်ဖြင့် သယ်ဆောင်သည့် ကုန်စည်များကို ရည်ညွှန်းသည်။
ယေဘူယျအားဖြင့် Frozen Cargo များသည် အအေးလွန်ကဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိစေနိုင်သော်လည်း Chilled cargo များမှာ အပူချိန် အလွန်နိမ့်ကျခြင်းကြောင့် ထိခိုက်ပျက်စီးနိုင်သည်။ Freezing နှင့် Chilling ကို အလွယ်တကူ ခွဲနိုင်ရန်မှာ Freezing တွင် ရေခဲမှုံကလေးများ ဖွဲ့စည်းဖြစ်ပေါ်ကြပြီး Chilling တွင် ရေခဲမှုံကလေးများ ဖြစ်ထွန်းမှု မရှိနိုင်ပေ။ ထို့ပြင် ကုန်ပစ္စည်း တစ်မျိုးခြင်းအပေါ် မူတည်၍ ကုန်သေတ္တာနှင့် ကုန်ပစ္စည်းအတွင်း လေထုလည်ပတ်မှု (လေဝင် ၊ လေထွက်) လိုအပ်ချက်သည်လည်း အမျိုးမျိုး ကွဲပြားခြားနားနိုင်သည်။
ဥပမာအားဖြင့် အလွန် အအေးပေးရသော ကုန်စည်များ (Chilled Cargo) တွင် အပူနှင့် ဓာတ်ငွေ့များကို ဖယ်ရှားနိုင်ရေးအတွက် ကုန်ပစ္စည်းများကို ဖြတ်လျက် အချိန်ပြည့် လေကို လှည့်လည်နိုင်ရန် လိုအပ်သည်။ သို့ဖြစ်၍ အဆိုပါ ကုန်ပစ္စည်း ထည့်သွင်းသယ်ဆောင်သည့် ဗူး ၊ သေတ္တာများကို လေဝင်လေထွက် ကောင်းအောင် စီစဉ်ထားရှိရမည်။
အလွန့်အလွန် အေးခဲထားရမည့် ကုန်စည်များ (Frozen Cargo) တွင် ကုန်ပစ္စည်း ပတ်ဝန်းကျင်တွင်သာ လေထုလည်ပတ်ရန် လိုအပ်သဖြင့် ကုန်ပစ္စည်းများ နှင့် နံရံအကြားတွင် အကြားအလပ်မရှိစေရန် သာမက ကုန်ပစ္စည်းအတွင်း လေထုဖြတ်သန်းမှု မရှိနိုင်စေရန် လေဝင်လေထွက် မရှိနိုင်သည့် အလုံပိတ်သေတ္တာများအတွင်း ထည့်သွင်း သယ်ဆောင်သင့်သည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY