fbpx

အေးခဲထားသောနှင့် အအေးခံထားသော စားသောက်ကုန်များကို မည်သို့ ပို့ဆောင်ပေးမည်နည်း

စားသောက်ကုန်ပစ္စည်း အမျိုးမျိုးကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင် ( သင်္ဘောတင်ပို့မှု အပါအဝင် )ကြာရာတွင် အေးခဲထားသော (Frozen) နှင့် အအေးခံထားသော (Cold) စားသောက်ကုန်များအား မည်သို့ ပို့ဆောင်ပေးရမည် ဆိုခြင်းကို သိရှိထားရန်မှာ လုပ်ငန်းအောင်မြင်မှုအတွက် အလွန်အရေးပါသည့် အချက်ပင် ဖြစ်သည်။
မိမိတင်ပို့ပေးလိုက်သည့် ပစ္စည်း (စားသောက်ကုန်များ) သည် ပစ္စည်းလက်ခံမည့်သူထံသို့ ပျက်စီးချွတ်ယွင်းမှုမရှိပဲ သန့်ရှင်း၊ လတ်ဆတ်စွာ ရောက်ရှိရေးမှာ အလွန် အရေးကြီးသည်။ ပေးပို့လိုက်သည့် စားသောက်ကုန်များသည် သန့်ရှင်းလတ်ဆတ်မှုမရှိပဲ ပျက်စီးပုတ်သိုးနေပါက ကုမ္ပဏီအနေဖြင့် ဝင်ငွေဆုံးရှုံးထိခိုက်နစ်နာမှုကို သာမက မိမိ၏ သုံးစွဲသူ (ဖောက်သည်) များ၏ စိတ်ချ ယုံကြည်မှုနှင့် နှစ်သက်အားပေးမှုကိုပါ ဆုံးရှုံးမှု ကြုံတွေ့ရနိုင်သည်။
သို့ဖြစ်၍ အေးခဲထားသောနှင့် အအေးခံထားသော စားသောက်ကုန်များကို သယ်ယူပို့ဆောင်ရာတွင် သိရှိထားသင့် သော အရေးပါသည့် အချက်အချို့ကို စုစည်းတင်ပြပေးသွားမည် ဖြစ်ပါသည်။

အေးခဲထားသော နှင့် အအေးခံထားသော စားသောက်ကုန်များကို ပို့ဆောင်ရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများ
——————————————–
အေးခဲထားသောနှင့် အအေးခံထားသော မည်သည့်အစားအသောက် ကုန်ပစ္စည်းများကိုမဆို ထုတ်လုပ်ရာမှ ဖြန့်ချီရာသို့ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲ ၊ အနှောင့်အယှက်များ ကြုံတွေ့ရစမြဲဖြစ်သည်။ အဆိုပါ ကြုံတွေ့ရလာနိုင်သည့် အခက်အခဲအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အလွန်ပြင်းထန်သော အပူချိန်

စားသောက်ကုန်များကို သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ရာသီဥတု အလွန်ပူပြင်းခြင်း (သို့) အလွန်အေးခြင်းကြုံတွေ့ရသည့်အခါ ထုတ်ပိုးထားသည့် အအေးခံ စားသောက်ကုန်များအပေါ် များစွာ ထိခိုက်စေနိုင်သည်။ အထူးသဖြင့် ပြင်းထန်သည့် အပူချိန် (ပူလွန်း ၊ အေးလွန်းခြင်း )ကို ခံနိုင်စေရန် သေချာစွာ စနစ်တကျ ထုပ်ပိုးထားခြင်း မရှိပါက ပို၍ ထိခိုက်စေနိုင်မည် ဖြစ်သည်။

၂။ စိုထိုင်းဆ
ယေဘူယျအားဖြင့် စိုထိုင်းစသည်လည်း အပူချိန်ကဲ့သို့ပင် အေးခဲ စားသောက်ကုန်များအတွက် အဓိက ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ရပ်ပင်ဖြစ်သည်။

၃။ ပျက်စီးပုတ်သိုးခြင်း
အေးခဲစားသောက်ကုန်များကို တင်ပို့ရောင်းချသူများအနေဖြင့် သင်္ဘောတင်ပို့ရာတွင် နောက်ထပ်ကြုံတွေ့ရသည့် စိန်ခေါ်မှုအခက်အခဲများမှာ ပစ္စည်းများ ပျက်စီးပုတ်သိုးမှုပင်ဖြစ်သည်။ စားသောက်ကုန်များကို ရာသီဥတုဒဏ် (ပူလွန်း ၊ အေးလွန်း)ခြင်းကို ခံနိုင်သည့် သေတ္တာများ (သို့) သင့်တော်သည့် အအေးပေးစနစ်တပ်ဆင်ထားသည့် ကုန်သေတ္တာများ အသုံးပြုမှုအပါအဝင် မှန်ကန်သည့် စနစ်တကျ ထုတ်ပိုးသယ်ဆောင်မှုကို မပြုပါက ပစ္စည်းလက်ခံမည့်သူထံသို့ ပစ္စည်းများ လွှဲပြောင်းပေးခြင်း မပြုမီကပင် ပစ္စည်းများ ပျက်စီး ပုတ်သိုးမှုဖြစ်နေနိုင်သည့် အခွင့်အလမ်းများ များစွာ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်။

အေးခဲထားသော နှင့် အအေးခံထားသော စားသောက်ကုန်များကို သယ်ယူပို့ဆောင်ခြင်း (သင်္ဘောတင်ပို့ခြင်း)
———————————
အေးခဲထားသော စားသောက်ကုန်များကို သင်္ဘောတင်ပို့ရာတွင် ယေဘူယျအားဖြင့်သတိပြုဆောင်ရွက်ရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ သင့် ပို့ကုန်ပစ္စည်းများ အချိန်ကိုက်ပို့ဆောင်နိုင်စေရန် သေချာစွာ စီစဉ်ပါ။
၂။ သင့် ပို့ကုန်ပစ္စည်းနှင့် အံဝင်ခွင်ကျ ဖြစ်စေမည့် လိုက်လျောညီထွေမှု ရှိသော သင်္ဘောတင်သေတ္တာနှင့် ကုန်သေတ္တာများကို အသုံးပြုပါ။
၃။ နာမည်ကောင်းရှိသော သင်္ဘောကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ပါ။
၄။ ကုန်ပစ္စည်းများ ထုတ်ပိုးသည့်အခါ ထောင့်စွန်းများ ဖြတ်တောက်ခြင်းကို ရှောင်ကျဉ်ပါ။
၅။ သင်္ဘောတင် စားသောက်ကုန်ပစ္စည်းများကို စနစ်တကျ ထုတ်ပိုးခြင်း ၊ မှန်ကန်သည့် အအေးပေးစနစ် အသုံးပြုခြင်းတို့ကို ပြုလုပ်ပါ။
၆။ လိုအပ်ပါက အထူးလုပ်သား လိုက်ပါပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ပါ။

သင်္ဘောတင်ပို့ရန် အေးခဲစားသောက်ကုန်များအား မည်သို့ ထုတ်ပိုးမည်နည်း
————————————-
အေးခဲထားသောနှင့် အအေးခံ စားသောက်ကုန်များကို သယ်ယူပို့ဆောင်ရာတွင် ၎င်းတို့အား စနစ်တကျ မှန်ကန်စွာ ထုတ်ပိုးထားရှိမှုနှင့် သင့်လျော်သည့် အအေးပေးစနစ် အသုံးပြုမှုတို့မှာ အလွန်အရေးကြီးသည်။ သို့ဖြစ်၍ မိမိတို့ကုန်ပစ္စည်းများ သင်္ဘောတင်ပို့ရန် ထုတ်ပိုးရာတွင် သတိပြုရမည့် အချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပေါင်မုန့် ၊ အစာသွပ်မုန့် စသည့် ဖုတ်ထားသော စားသောက်ကုန်များကို အပူနှင့် စိုထိုင်းမှု ဝင်ရောက်ခြင်းမှ တားဆီးနိုင်သည့် လေလုံပိတ် ပစ္စည်းများကို အသုံးပြုလျက် သေချာစွာ ထုတ်ပိုးထားပါ။
၂။ ပစ္စည်းများ လွှဲပြောင်းပေးသည်အထိ အေးခဲနေစေသည့် သင့်တင့်လျောက်ပတ်သော ကာကွယ်ဖုံးအုပ်မှုစနစ်ကို ရွေးချယ်အသုံးပြုပါ။
၃။ ယိုစိမ့်နိုင်သော ထုတ်ပိုးကုန်ပစ္စည်းများအတွက် ရေလုံ (ရေမစိမ့်နိုင်သော) ပလတ်စတစ်များကို အသုံးပြုပါ။
၄။ ပင်လယ်စာများကို ပြင်းထန်သည့် ရာသီဥတု အပူဒဏ်မှ ကာကွယ်နိုင်ရန် အိတ်နှစ်ထပ် အသုံးပြုထုတ်ပိုးပါ။
၅။ တောင့်တင်းခိုင်မာသော အမြှောင်းပါ ကတ်ထူပုံးများကို အသုံးပြုလျက် ကြားပိုနေသည့်နေရာများတွင် ရေခဲထုပ်များ ၊ Bubble wrap (လေအိတ်ဖုလေးများ ပါရှိသော ပလတ်စတစ်အလွှာ) ၊ Packing Peanuts (ဂျုံ ၊ ပြောင်း စသည့် အပင်များမှ ထုတ်လုပ်ထားသော မြေပဲ သဏ္ဍာန်ရှိ ကြားခံပစ္စည်းလေးများ )သို့ စက္ကူစသည်တို့ကို ထည့်သွင်းပါ။
၆။ အေးခဲထားသည့် စားသောက်ဖွယ်ပို့ကုန်များကို ထုတ်ပိုးသည့်အခါ သင့်တင့်လျောက်ပတ်သော အရေအတွက်ရှိ ရေခဲခြောက်နှင့် အေးခဲထားသော ဂျဲလ် (Gel) ထုတ်များကို အသုံးပြုပါ။ ရေခဲခြောက်ကို အသုံးပြုသည့်အခါ ပစ္စည်း ထည့်ထားသော သေတ္တာ (သို့) ကုန်သေတ္တာအတွင်း လေဝင် လေထွက်စနစ် တစ်မျိုးမျိုး ထားရှိဆောင်ရွက်ပါ။
၇။ အထူးသဖြင့် သတိပြုရမည့် အချက်မှာအချို့သော သယ်ယူပို့ဆောင်မှု (သင်္ဘောလိုင်း) များမှာ နိုင်ငံတကာ ကုန်စည်တင်ပို့မှုအတွက် လေလုံပိတ် ထုတ်ပိုးမှုများတွင် ရေခဲခြောက် အသုံးပြုခြင်းကို လက်ခံခြင်းပင်ဖြစ်သည်။
၈။ ယေဘူယျ ဥပဒေသတစ်ရပ်မှာ အသားဥပေါင်တိုင်းအတွက် ဂျဲလ် (Gel) ထုပ်တစ်ပေါင် အသုံးပြုရမည်ဖြစ်သည်။
၉။း ကွက်ကီးကဲ့သို့သော စားဖွယ်များကို သင်္ဘောတင်ပို့သည့်အခါ ၎င်းတို့ကို ဖယာင်းစက္ကူ (သို့) ပလတ်စတစ် အလွှာပါးတို့ဖြင့် အမြဲတန်းထုတ်ပိုးပြီး သေတ္တာများအတွင်းထည့်သွင်းပါ။ သေတ္တာတိုင်း၏ လွတ်နေသည့် ကြားကွက်လပ်များတွင် Packing peanuts ၊ ခြေမွထားသည့် သတင်းစာစက္ကူ (သို့) အသားထူထုပ်ပိုးပစ္စည်းတစ်မျိုးမျိုးကို ဖြည့်ပေးပါ။
၁၀။ သင့်အနေဖြင့် သင့်ကုန်ပစ္စည်းများကို အအေးခန်းကုန်သေတ္တာကို ဖြစ်စေ ၊ အိတ်များဖြင့် ဖြစ်စေ (သို့) အခြားမည်သည့်ပစ္စည်းများကို ဖြစ်စေ ၊ အသုံးပြု စီစဉ်ထားစကာမူ အစဉ်သတိပြုနေရမည့် အချက်များမှာ ကုန်ပစ္စည်းထုတ်များကို မလိုလားအပ်သော ရွှေ့လျားမှုများမှ ရှောင်ကျဉ်နိုင်စေရေးအတွက် စနစ်တကျ သေချာစွာ ကာကွယ်ထားရှိရန်ပင် ဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းထုတ်များ မလိုအပ်ပဲ ရွေ့လျားမှုများသည် ထိခိုက်ပျက်စီးနိုင်ခြေ ပိုမို တိုးပွားစေနိုင်မည် ဖြစ်သဖြင့် ပစ္စည်းများ ရွှေ့လျားမှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ခြင်းဖြစ်သည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY