fbpx

What is TEU ?

TEU ဆိုသည်မှာ ကုန်သေတ္တာတင်သင်္ဘောကြီးများနှင့် ကုန်သေတ္တာများသိုလှောင်ထားရှိရာ ကုန်သေတ္တာဝန်းအတွင်း ကုန်ဝင်ဆန့်နိုင်မှုပမာဏ (Capacity) ကိုဖော်ပြရာတွင် အသုံးပြုသည့်တိုင်းတာမှုစံနှုန်း (Unit) တစ်ခုပင်ဖြစ်သည်။

👉 TEU ၏ စာလုံးအပြည့်အစုံမှာ Twenty-foot Equivalent Unit ဖြစ်သည်။ တစ်ခါတစ်ရံ teu ဟုလည်းရေးသားကြသည် 👈

TEU မှာ အလျား ပေ ၂၀ ရှိ ပုံမှန်သင်္ဘောတင်ကုန်သေတ္တာ (Standard cargo shipping container) တစ်လုံး၏ ထုထည်ပမာဏနှင့်ညီမျှသော ကုဗပေ၊ ကုဗမီတာပင်ဖြစ်သည်။ ပုံမှန်သင်္ဘောတင်ကုန်သေတ္တာတစ်လုံးသည် အလျား ပေ ၂၀၊ အနံ (ဗြက်) ၈ ပေနှင့် အမြင့် ၈ ပေ ၆ လက်မရှိသဖြင့် 1 TEU သည်အကြမ်းအားဖြင့် ကုဗပေ (၁၃၆၀) ပေရှိသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ကုန်သေတ္တာအမြင့်မှာ ပုံသေအတိအကျ သတ်မှတ်၍မရပေ။ Standard shipping container ၏ ထက်ဝက်အမြင့် (၄ ပေ ၃ လက်မ)သာရှိသော Half Height container နှင့် Standard shipping container ထက် ၁ ပေပိုမြင့်သော အမြင့် ၉ ပေ ၆ လက်မရှိ Standard shipping container (High cube) များကိုလည်း 1 TEU အဖြစ်သာ သတ်မှတ်ထားသဖြင့် 1 TEU ၏ ထုထည်ပမာဏမှာ ၈၆၀ ကုဗပေမှ ၁၅၂၀ ကုဗပေအတွင်း ရှိသည်ဟုဆိုနိုင်သည်။ TEU နှင့်ဆက်နွယ်နေသော တိုင်းတာမှုစံနှုန်းတစ်ရပ်မှာ FEU (Forty-foot Equivalent Unit) ဖြစ်သည်။ အလျား ပေ ၄၀ ရှိ Standard cargo shipping container ၏ ထုထည်ပမာဏနှင့် ညီမျှသောထုထည်ကို 1-FEU ဟုသတ်မှတ်သည်။ သို့ရာတွင် 1-FEU ဟုသုံးစွဲခြင်းထက် 2 TEU ဟုအသုံးများသည်။ (1-FEU = 2 TEU) TEU (Twenty-foot Equivalent Unit) မှာ တိုင်းတာမှုစံနှုန်းတစ်ရပ် ဖြစ်သော်လည်း ပုံသေသတ်မှတ်ချက်မရှိပဲ တိကျမှုအားနည်းသဖြင့် အခြားတိုင်းတာမှုစံနှုန်းများနှင့် ပြောင်းလဲဖော်ပြ၍မရနိုင်ပေ။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY