fbpx

Shipment နှင့် Cargo ခြားနားချက်

Cargo (ပို့ကုန်ပစ္စည်း)
—————————-
Cargo ဆိုသည်မှာ နေရာတစ်နေရာမှ အခြားနေရာတစ်နေရာသို့ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများအတွက် အသုံးပြုသည့် ဝေါဟာရတစ်ရပ်ဖြစ်သည်။ တနည်းအားဖြင့် Cargo ဆိုသည်မှာ ပို့ကုန်ပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ်ပြီး လေယာဉ်ဖြင့်သယ်ပို့ပါက လေကြောင်းပို့ကုန် (Air cargo)၊ ရေယာဉ်၊ သင်္ဘောများဖြင့်သယ်ပို့ပါက (Sea cargo) စသည်ဖြင့်ခေါ်ဆိုကြသည်။

Shipment (ပို့ကုန်ပစ္စည်း)
——————————
Shipment ဆိုသည်မှာလည်း သယ်ယူပို့ဆောင်သည့် ကုန်စည်ပစ္စည်းများကို ရည်ညွှန်းရာတွင်အသုံးပြုသည့် ဝေါဟာရပင်ဖြစ်သည်။ Shipment ဟူသောဝေါဟာရတွင် Ship ဆိုသောစကားလုံးပါဝင်နေခြင်းကြောင့် Shipment (ပို့ကုန်ပစ္စည်း) ဆိုရာတွင် သင်္ဘောဖြင့်သယ်ပို့ပေးသည့်ကုန်ပစ္စည်းဟု ဆိုလိုခြင်းမဟုတ်ပေ။ Shipment ဆိုရာတွင် သင်္ဘော (ရေကြောင်း) ဖြင့်ပို့ဆောင်သည့် ကုန်ပစ္စည်းများကိုသာမက ကုန်း၊ ရေ၊ လေ မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်စေကာမူ ထိုသို့ပို့ဆောင်သည့် ကုန်စည်ပစ္စည်းများအားလုံးကို Shipment ဟုခေါ်ဆိုခြင်းဖြစ်သည်။

အဓိကခြားနားချက်
———————–
Cargo ဆိုသည်မှာ နာမ် (Noun) တစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်သည့်ပို့ကုန်များ (သို့မဟုတ်) ကုန်စည်များကိုရည်ညွှန်းသည်။ Shipment မှာနာမ် (Noun) အဖြစ်လည်းကောင်း၊ ကြိယာ (Verb) အဖြစ်လည်းကောင်း နှစ်မျိုးလုံးအသုံးပြုနိုင်သည့် စကားလုံးဖြစ်သည်။ Shipment ကို (Noun) နာမ်အဖြစ်အသုံးပြုသည့်အခါ Cargo နှင့်အဓိပ္ပါယ်တူပြီး သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများကိုရည်ညွှန်းသည်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်သည့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် အိမ်တိုင်ယာရောက်ပို့ဆောင်သည့် Door to Door service မှာ တွင်ကျယ်သည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ကုန်တင်ယာဉ်ငယ်များဖြင့် လိုက်လံပို့ဆောင်ပေးသည့် အဆိုပါကုန်ပစ္စည်းများကို Shipment ဟုခေါ်ဆိုကြသည်။ Shipment ကိုယေဘူယျအားဖြင့် အတန်းအစား ၄ မျိုးခွဲခြားထားသည်။

1. အိမ်ထောင်ပရိဘောဂ၊ အနုပညာလက်ရာ၊ အိမ်သုံးပစ္စည်းစသည့်ပစ္စည်းများကို Household goods အဖြစ်လည်းကောင်း၊
2. သေးငယ်သည့်လုပ်ငန်းနှင့်ပုဂ္ဂလိကပစ္စည်းများ၊ ကီလိုဂရမ်အနည်းငယ်မျှသာရှိသောပစ္စည်းများ (ဥပမာ စာအိတ်) ကို Express (အမြန်ချောပို့) အဖြစ်လည်းကောင်း၊
3. ကီလိုဂရမ် ၅၀ ထက်မပိုသောအထုပ်များ၊ စက္ကူသေတ္တာများ စသည့်ပါဆယ်ထုပ်များကို Parcel shipment အဖြစ်လည်းကောင်း ခွဲခြားသတ်မှတ်ထားသည်။
4. Household goods၊ Express နှင့် Parcel မှတစ်ပါး အခြားပို့ဆောင်မှုများကို Freight shipment ဟုခေါ်ဝေါ်သတ်မှတ်သည်။

Freight shipment တွင် ကီလိုဂရမ် ၅၀ မှ ၇၀၀၀ အထိ (ပျမ်းမျှ ကီလိုဂရမ် ၆၀၀ ရှိကုန်ပစ္စည်းများကို Less than truckload freight) ဟုလည်းကောင်း ကီလိုဂရမ် ၇၀၀၀ ထက်ကျော်သောကုန်ပစ္စည်းများကို Truckload freight အဖြစ်လည်းကောင်းသတ်မှတ်သည်။ Shipment ဟူသောစကားလုံးကို ကြိယာ (Verb) အဖြစ်အသုံးပြုသည့်အခါ အမှန်တကယ်သယ်ယူပို့ဆောင်သည့် လုပ်ငန်းဆောင်ရွက်ချက် (Act) ကိုရည်ညွှန်းသည်။ Shipment မှာ ကုန်း၊ ရေ၊ လေ သယ်ယူပို့ဆောင်မှုအားလုံးနှင့် သက်ဆိုင်သော်လည်း အများအားဖြင့် ပင်လယ်ရပ်ခြားကုန်တင်သင်္ဘောကြီးများဖြင့် ကုန်သွယ်ပစ္စည်းများပေးပို့ရာတွင် အသုံးပြုလေ့ရှိသည်။ သတိပြုရမည့်အချက်မှာ Shipping (Verb) ဟူသောစကားလုံးကို အသုံးပြုပါက ကုန်စည်ပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် အမှန်တကယ်ပို့ဆောင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး Shipment (Verb) မှာမူ ပင်လယ်ရေကြောင်းကို အသုံးပြုသည်ဟု အတိအကျမဆိုနိုင်ပေ။

#SuperLight #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY