fbpx

Supply Chain မဟာဗျူဟာကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လို အဆင့်မြှင့်တင်မလဲ (၁)

ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအောင်မြင်လိုပါက ၎င်းတို့၏ ဈေးကွက်ချိတ်ဆက်စီမံမှု (Supply Chain Management) ကို အနီးကပ်သေချာစွာ လေ့လာစီစစ်အကဲဖြတ် သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။
ကမ္ဘာအနှံ့ ကုန်စည်ပေးပို့ဖြန့်ဖြူးသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို အဆင်ပြေချောမွေ့စေရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်မှုဖြင့် အစပျိုးကြရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများသည် ၎င်းတို့၏ သုံးစွဲသူများအပေါ် မှီခိုနေကြရသည်ဖြစ်ရာ သုံးစွဲသူများ၏ လိုအပ်ကို အလျှင်အမြန် ထိထိရောက်ရောက် တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ခြင်းသည်သာလျှင် ၎င်းတို့၏ လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမြတ်အစွန်း တိုးပွားလာရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။
ထိရောက်သည့် Supply Chain မဟာဗျူဟာတစ်ရပ်ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိပါက သုံးစွဲသူများက ထိုက်သင့်အားလျော်စွာ ဝန်ဆောင်မှု ပြုလုပ်ပေးနိုင်မည် မဟုတ်သည့်အပြင် အမြတ်အစွန်းများကိုလည်း ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
ကမ္ဘာအနှံ့ လုပ်ငန်းဖြန့်ကျက်ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာတစ်ရပ်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ရပ်မှာ ၎င်းတို့၏ Supply Chain အတွင်း အခြေခံကျသည့် အဓိကအချက်အချာလုပ်ငန်း ဆောင်ရွက်နေရသည့် လူပုဂ္ဂိုလ် (လုပ်ငန်း အတွင်းအပြင်) များအား ပြုပြင်ပြောင်းလဲပေးခြင်းပင်ဖြစ်သည်။
လုပ်ငန်းအတွင်းမှ အဓိက လုပ်ငန်းအစုများတွင် အဖွဲ့အစည်း၏ ကုန်စည်စီးဆင်းရေး (Logistics) နှင့် အရောင်းဌာနတို့နှင့် အဓိက ချိတ်ဆက်နေသည့် ကုန်ကြမ်းနှင့် အစိတ်အပိုင်းများဝယ်ယူစုဆောင်းရေး ၊ ကုန်ထုတ်လုပ်ရေး ၊ အရည်အသွေး ထိန်းသိမ်းရေးစသည့် လုပ်ငန်းဌာနများ ပါဝဝင်သည်။
လုပ်ငန်းပြင်ပ အဓိက လုပ်ငန်းဌာနနှင့် လူပုဂ္ဂိုလ်များတွင် ကုန်ကြမ်းနှင့် အစိတ်အပိုင်း ပေးသွင်းသူများ ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ၊ အရောင်းကိုယ်စားလှယ်များ ၊ ထပ်ဆင့်ကုန်စည် ဖြန့်ချီသူများ၊ လက်လီလက်ကား အရောင်းလုပ်ငန်းရှင်များ စသည့် လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်သည်။
လုပ်ငန်းအတွင်းအပြင် အဓိက လုပ်ငန်း ဌာနများနှင့် လူပုဂ္ဂိုလ်များအတွင်း လုပ်ငန်းစီးဆင်းလည်ပတ်မှု လုပ်ငန်းစဉ် အဆင့်ဆင့် ပြုပြင်ပြောင်းလဲသည့် မဟာဗျူဟာ တစ်ရပ်သည် တစ်ခါတစ်ရံံ ကုမ္ပဏီကို ထိခိုက်နစ်နာစေမှု ပေါ်ပေါက်နိုင်သဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ ပုန်းကွယ်နေသော စွမ်းဆောင်ရည်များ ပေါ်ထွက်လာနိုင်သမျှ ပေါ်ထွက်လာစေရန် ဖြေးဖြေးနှင့် မှန်မှန် အချိန်ယူ အထောင်အထည်ဖော် ဆောင်ရွက်သွားရန် အထူးအရေးကြီးသည်။
သို့ရာတွင် သုံးစွဲသူများ၏ လိုအင်ကို ဖြည့်ဆည်းဆောင်ရွက်နေသည့် ဝန်ဆောင်မှု အပိုင်းတွင်မူ နှောင့်နှေးကြန့်ကြာသူများကို အတတ်နိုင်ဆုံး ရှောင်ကွင်းကြရမည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာများကို အသေးစိတ်နှင့် တိတိကျကျ သတ်မှတ်ရေးဆွဲထားသော လုပ်ငန်းအစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။ ထိုသို့ဆောင်ရွက်သည့်အခါ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် အစီအစဉ်များကို ဦးစားပေး အလိုက် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဈေးကွက်ချိတ်ဆက်မှုမဟာဗျူဟာ (Supply chain strategy) တစ်ရပ် စီစဉ်ရေးဆွဲရမည့် နည်းလမ်းများကို အခိုင်အမာ ၊ အတိအကျ သတ်မှတ်ပြဌာန်းထားခြင်း မရှိသော်လည်း မဟာဗျူဟာတစ်ရပ် စီစဉ်ရေးဆွဲသည့်အခါ ထည့်သွင်းစဉ်းစားသင့်သည့် အသေးစိတ် စီစစ်သုံးသပ်ရမည့် အဆင့် (၃)ဆင့်ကို နောက်ထပ်ဆောင်းပါးတွင် အသေးစိတ် ဆက်လက်ရေးသားဖော်ပြပေးသွားပါမည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY