fbpx

၂၀၂၀ ပြည့်နှစ်တွင် စောင့်ကြည့်ရမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဦးတည်ချက် (၁၀)ရပ် အပိုင်း (၂)

ယခင်တစ်ခေါက် ဆောင်းပါးတွင် ၂၀၂၀ ပြည့်နှစ်တွင် စောင့်ကြည့်ရမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဦးတည်ချက် (၁၀)ရပ် အနက်မှ (၅)ချက်အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသောကြောင့် ကျန်ရှိနေသေးသည့် (၅)ချက်အား ယခုတစ်ခေါက်တွင် ရေးသားဖော်ပြလိုက်ရပါသည်။

(၆) ပတ်ဝန်းကျင်အထောက်အကူပြုသယောင် ဟန်ဆောင်မှု၏အလွန် တိုးပွားလာသော အမှန်တကယ်သဘာဝပတ်ဝန်းကျင် အကျိုးပြူထုတ်ကုန်ပစ္စည်း / ဝန်ဆောင်မှုတောင်းဆိုလာမှုများ

——————————————————————————

၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတစ်ရပ်အရ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း စားသောက်ဖွယ်စသည့် နေ့စဉ်သုံးးကုန်ပစ္စည်းများ၏ တိုးတက်မှုနှုန်း ၅၀ရာခိုင်နှုန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးကို အထောက်အကူပြုသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ကြောင်းသိရသည်။
ပတ်ဝန်းကျင်အထောက်အကူပြု ထုတ်ကုန်ပစ္စည်းများ ရောင်းချရမှုတိုးတက်နှုန်းသည် ၅နှစ်တာကာလအတွင်း ၂၉ ရာခိုင်နှုန်းခုန်တက်လာခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်ရေးဗဟိုမှ မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဥရောပသသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စားသုံးသူများသည် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်ပစ္စည်းရှာဖွေဝယ်ယူမှု ပိုမိုတိုးပွားလာကြောင်းနှင့် အမှန်တကယ် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ထုတ်ကုန် ဟုတ် ၊ မဟုတ် စူးစမ်းမှုမြင့်တက်လာကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်ပစစ္စည်းများ ရောင်းချရမှုမြင့်တက်ခဲ့ကြောင်း ၊ လက်လီ အရောင်းဆိုင်ရှင် ၈၅ ရာခိုင်နှုန်းက အစီရင်ခံတင်ပြထားပြီး လာမည့် ငါးနှစ်တာ ကာလအတွင်း ပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်ပစ္စည်းရောင်းချမှုသည် မြင့်တက်လာမည်ဟု လက်လီဆိုင်ရှင် ၉၂ ရာခိုင်နှုန်းက ခန့်မှန်းထားကြသည်။
သို့ဖြစ်ရာ ၂၀၂၀ပြည့်နှစ်တွင် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ဝယ်ယူမှု အလေ့အထ မည်သို့ ဆက်လက်ဖွံ့ဖြိုးမည်နှင့် လုပ်ငန်းများမှ မည်သို့တနု့်ပြန်လာမည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။

(၇) Supply Chain များ ဒေသနှင့် အံဝင်ခွင်ကျ ဖြစ်ရေးနှင့် ဆက်သွယ်ရေး

—————————————————————————–

အထက်တွင် ဖော်ပြခဲ့သည့် အကောက်ခွန်ရှောင်ကွင်းမှုများ ၊ တိုးပွားလာသော Supply Chain နည်းပညာများနှင့် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ကုန်ပစ္စည်းများ ပိုမို လိုလားတောင်းဆိုလာမှုစသည့် အလားအလာ ဦးတည်ချက်များ ပေါင်းဆုံမိသည့်အခါ ထုတ်ကုန်ပစ္စည်းတစ်မျိုး (သို့) ဝန်ဆောင်မှု တစ်ရပ်ကို ဒေသနှင့် လိုက်လျောညီထွေ အံဝင်ခွင်ကျဖြစ်လာစေရေး ကြိုးပမ်းမှုခေတ်သစ်တစ်ခုဆီသို့ တွန်းပို့ဖော်ဆောင်လျက်ရှိသည်။
စီးပွားရေးလုပ်ငန်းများ အနေဖြင့် အကောက်ခွန်ရှောင်ကွင်းနိုင်စေရေးအတွက် ၎င်းတို့၏ သုံးစွဲသူများထံ ပိုမိုနီးကပ်မည့် နည်းလမ်းတစ်ရပ်အဖြစ် ကုန်ထုတ်လုပ်မှုကို နေရာပြောင်းရွှေ့ကြရန်စီစဉ်လာကြသည်။
ထို့ပြင် ခေတ်မီနည်းပညာသစ်များကို အသုံးပြုလျက် ၎င်းတို့၏ Supply Chain များအတွင်း အလဟသဖြစ်စေမည့် လုပ်ငန်းတွင်ကျယ်မှု ကို ထိခိုက်စေမည့် ကိစ္စမှန်သမျှကို လျှော့်ချနိုင်ရန် ကြိုးပမ်းလာကြသည်။
သုံးစွဲသူများအနေဖြင့်လည်း ပိုမိုများပြားလာသော ကုန်အမှတ်တံဆိပ်များ ၊ ထုတ်ကုန်များကို ပိုမို လက်လှမ်းမီလာခဲ့သည့်အပြင် သဘာဝအထောက်အကူပြုမှုအပေါ် အလေးထားမှုမြင့်တက်လာကြသည့်အလျောက် သုံးစွဲသူအများစုသည် ၎င်းတို့နှင့် နီးစပ်ရာ ၊ ၎င်းတို့နှင့် တိုက်ရိုက် ပိုမိုထိတွေ့မှုရှိနိုင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများထံ ဦးလှည့်လာကြသည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများကို ဒေသဆိုင်ရာ ဈေးကွက်အတွင်း ပိုမိုအံဝင်ခွင်ကျ ဖြစ်လာရေး ၊ ပိုမို တွင်ကျယ်လာစေရေး ကြိုးပမ်းမှုများ မည်မျှ အရေးပါလာမည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။

(၈) လုပ်ငန်းအစမှာပင် ကမ္ဘာ့ဈေးကွက်သို့ ဦးတည်လာသော လုပ်ငန်းငယ်/လတ်များ

——————————————————————————-

ယခုအခါ ကုမ္ပဏီအမျာအပြားသည် လုပ်ငန်းအစကနဦးမှာပင် ကမ္ဘာ့ဈေးကွက်သို့ အခြေချနိုင်ရန် ဦးတည်ရည်မှန်းလာကြပြီး ၎င်းတို့အနက်မှ အများစုသည် လုပ်ငန်းအစ ပထမငါးနှစ်အတွင်းတွင် အနည်းဆုံး နိုင်ငံတကာ ဈေးကွက်တစ်ခုသို့ ဝင်ရောက်နိုင်ရန်စီစဉ်ဆောင်ရွက်ကြသည်။
ဤအချက်သည် လွန်ခဲ့သည့် များမကြာမီကာလအတွင်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဆိုသည်မှာ ကြီးမားသော ကော်ပိုရေးရှင်းကြီးများ၏ ကစားပွဲအဖြစ် ရှုမြင်ကြရာမှ အဓိက ပြောင်းလဲလာမှုပင်ဖြစ်သည်။
ထိုသို့ နိုင်ငံတကာ ဈေးကွက်အတွင်းစွန့်စားဝင်ရောက်လိုသည့် လုပ်ငန်းအငယ်များအတွက် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုအသစ်များ ၊နည်းပညာအသစ်များက်ဆင် လိုအပ်သည်ထက် ပိုမိုသောအခွင့်အလမ်းကောင်းများကို ဆောင်ကျဉ်းပေးလျက်ရှိသည်။
ဒေသခံပြိုင်ဖက်များနှင့် ရင်ဆိုင်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မှန်ကန်သော သုတေသနဆောင်ရွက်ခြင်း ၊ လုပ်ငန်းအစီအစဉ် မူကြမ်းပြင်ဆင်ရေးဆွဲပြီး မှန်ကန်သော အဖွဲ့ကို တည်ဆောက်နိုင်ခြင်း နှင့် သင့်ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ဒေသနှင့် အံဝင်ခွင်ကျဖြစ်အောင် စီစဉ်နိုင်ခြင်းတို့သည် လုပ်ငန်းအောင်မြင်ရေးအတွက် အရေးပါသော သော့ချက်များပင်ဖြစ်သည်။

(၉) သုံးစွဲသူလိုအင်ဆိုင်ရာအချက်အလက်များ လုံခြုံမှု

———————————————————

အဖွဲ့အစည်းကြီးတော်တော်များများကို အချက်အလက်များ ယိုစိမ့်မှုနှင့် မေးခွန်းထုတ်ဖွယ်ဆောင်ရွက်ချက်များကြောင့် စုံစမ်းစစ်ဆေးမှုများနှင့်အတူ ၂၀၁၉ ခုနှစ်တွင် လုံခြံုံရေးဆိုင်ရာ ကိစ္စရပ်များကို အတူ အလေးပေးဂရုပြုမိခဲ့ကြသည်။
၂၀၁၈ ခုနှစ်မေလတွင် ဥရောပသမ္မဂ္ဂမှ အထွေထွေအချက်အလက်များ ကာကွယ်ထိန်းသိမ်းရေး ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့မှုကြောင့် ကုမ္ပဏီများသည် အချက်အလက် ထိန်းသိမ်းကာကွယ်ရေးကို အလေးပြုဆောင်ရွက်ရန် အနည်းနှင့်အများဆိုသလို တွန်းအားပေး ခံခဲ့ရသည်။
၂၀၂၀ ပြည့်နှစ်တွင်လည်း ကုမ္ပဏစီများအနေဖြင့် General Data Protection Regulation (GDPR) အကောင်အထည်ဖော်ဆောင်ရွက်ချက်ကို ဆက်လက်ရင်ဆိုင်ကြရမည့်အပြင် အချက်အလက်လုံခြုံရေးဆိုင်ရာ အခြားသော လုပ်ထုံးလုပ်နည်းများကိုလည်း တွေ့ကြုံလိုက်နာကြရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ရက်တွင် စတင်အသက်ဝင်မည့် California Consumer Privacy Act (CCPA) နှင့်အတူ တောင်ကိုရီးယားနှင့် ဘရာဇီးနိုင်ငံကိုလည်း အလားတူ အချက်အလက်ကာကွယ်ရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဖန်တီးနိုင်ကြမည်ဖြစ်သည်။
ယခုပြဌာန်းလာသည့်အချက်အလက် လုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အချက်အလက်လုံခြုံမှု ယိုစိမ့်သည့် ကုမ္ပဏီများက ပြဌာန်းချက် လိုက်နာရန် ပျက်ကွက်မှုဖြင့် ဒဏ်ကြေးငွေကဲ့သို့သော ပြစ်ဒဏ်မျာား ပေးဆောင်ရမည့် အပြင် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရနိုင်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွင်း Online နည်းပညာဖွံ့ဖြိုးတိုးတက်လာရေးနှင့်အတူ သုံးစွဲသူများ၏ အပြင်နှင့် အပြုအမူများ မည်သို့ ပြောင်းလဲလာသည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။

(၁၀) လျော့ကျလာသည့် ကမ္ဘာ့ကုန်သွယ်ရေး မတည်ငြိမ်မှု

———————————————————–
မသေချာမရေရာမှုများနှင့် ကြိုတင်တွက်ဆမထားသည့် ရုတ်ခြည်းပြောင်းလဲမှုများ တိုးပွားခဲ့သည့် နှစ်အနည်းငယ်လွန်ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ရှုမြင်သုံးသပ်သူအများစုက ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး မတည်ငြိမ်မှုများ လျော့ကျလာမည့်အလားအလာကို ဖော်ညွှန်းလာခဲ့ကြသည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ကာနီတွင် မြောက်အမေရိကနိုင်ငံများအကြား လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် ကုန်သွယ်ရေးသဘောတူညီမှုအတွက် နောက်ဆုံးကျန်ရှိနေသည့် အတားအဆီးများကို ကျော်လွှားကာ အမေရိကန်ပြည်ထောင်စု ၊ မက္ကဆီကို ကနေဒါ ကုန်သွယ်ရေးသဘောတူညီမှုကို ဖော်ဆောင်နိုင်ခဲ့သည်။ ယခု ၂၀၂၀ ခုနှစ်အစောပိုင်းတွင် သဘောတူလက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြသည်။
ထို့ပြင် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား သဘောတူညီမှု ရှိခဲ့သည့် အဆင့်တစ် ‘’ Phase One” ကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် တန်ဖိုးရှိ တရုတ်ထုတ်ကုန်ပစ္စည်းများ အပေါ် စည်းကြပ်ခဲ့သည့် အကောက်ခွန်များ ဖြေလျော့ပေးခဲ့သည်။
အထူးထပ်ဆောင်း အကောက်ခွန်များကို ပယ်ဖျက်ပေးခဲ့သကဲ့သို့ တည်ဆဲ အကောက်ခွန်အချို့ကိုပါ ဖြေလျော့ပေးခဲ့သဖြင့် ဒေသတွင်း ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အသက်ရှူချောင်ခဲ့ရသည်။
၂၀၂၀ ပြည့်နှစ်အတွင်း အခြား ကုန်သွယ်ရေးသဘောတူညီချက်ပြီးတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး အတည်ပြုဖွယ်ရှိနေသည်။ အရှေ့တောင်အာရှ အဖွဲ့ဝင် နိုင်ငံ၁၀နိုင်ငံနှင့် တရုတ်၊ သြစတြေးလျ ၊ နယူးဇီလန် ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ပါဝင်သော ဒေသတွင်း ကုန်သွယ်ရေး သဘောတူစာချု့ပ်ဖြစ်ပြီး ချုပ်ဆိုပြီးပါက ကမ္ဘာပေါ်တွင် ကုန်သွယ်ရေးဆိုင်ရာ အကြီးမားဆုံး သဘောတူစာချုုပ် ဖြစ်လာမည်ဖြစ်သည်။
အချုပ်အားဖြင့် ကမ္ဘာ့ကုန်သွယ်ရေးဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာရင်း နောက်ဆုံးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုများ အပေါ် အခြေခံကာ လာမည့်နှစ်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းသည် လုပ်ငန်းအောင်မြင်ရေး၏ သော့ချက်ပင် ဖြစ်ပေသည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY