fbpx

ကုန်ပစ္စည်ုးများကို ဈေးကွက်တင်ပို့မည့် နည်းလမ်းရွေးချယ်ရာတွင် စဉ်းစားသင့်သည့် အချက် (၉) ချက်

ပြည်ပပို့ကုန်လုပ်ငန်းရှင် မျက်နှာသစ်များအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ၎င်းတို့ အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း နိုင်ငံတကာဈေးကွက်တွင် အသုံးပြုရန်အားသန်လေ့ရှိကြသည်။
သို့ရာတွင် ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲသူများခံ အောင်အောင်မြင်မြင်ရောက်ရှိပြီး ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ရောင်းချခဲ့သည့် နည်းလမ်းများသည် ပြည်ပဈေးကွက်တွင် အလုပ်ဖြစ်ရန် မသေချာပေ။ အဘယ်ကြောင့်ဆိုသော် မတူညီခြားနားသည့် နိုင်ငံရေး ၊ စီးပွားရေး ၊ ယဉ်ကျေးးမှု လွှမ်းမိုးမှုများကြောင့်ပင် ဖြစ်သည်။
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကို ဈေးကွက်တင်ပို့မည်း နည်းလမ်းများ ရွေးချယ်ခြင်းသည် ဈေးကွက်လွှမ်းခြုံနိုင်မှုနှင့် ကုန်ကျစရိတ်အကြား ဟန်ချက်ညီရန် လိုအပ်မည်ဖြစ်သည်။
ဈေးကွက်တင်ပို့ဖြန့်ချီသည့် နည်းလမ်းများများ အသုံးပြုလေ ဈေးကွက်အတွင်း လွှမ်းခြုံဖြန့်ကျက်နိုင်မှု ကောင်းလေလေ ဖြစ်သော်လည်း ကုန်ကျစရိတ်ပိုမို များပြားလာလေ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်၍ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဖြန့်ချီရောင်းချရေးအတွက် မှန်ကန်သည့် နည်းလမ်းအတွဲအစပ်များ ရွေးချယ်ကြရာတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဉ်းစားကြလေ့ရှိသည်။

(၁) ရည်မှန်းသည့် ဈေးကွက် ၊ ဝယ်ယူမှု အလေ့အထများ

———————————————————-

ကုမ္ပဏီတစ်ခုအနေဖြင့် ၎င်း၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သုံးစွဲသူများက မည်သည့်နေရာ ၊ မည်သည့်အခြေအနေတွင် ဝယ်ယူလိုသည်ကို သိရှိရန်မှာ အဓိက အရေးပါသည့် အချက်ဖြစ်သည်။ အဆိုပါ မေးခွန်းများအတွက် အဖြေရရှိရန်မှာ ဈေးကွက်သုတေသနသည် သော့ချက်ဖြစ်သည်။
ဈေးကွက်သုတေသန ပြုလုပ်သည့်အခါ မိမိတို့ ရည်မှန်းထားသည့် ဈေးကွက်အတွင်းရှိ သုံးစွဲသူများအနေဖြင့် မိမိတို့ ထုတ်ကုန်နှင့် အလားတူပစ္စည်းမျိုးကို မည်သည့်နေရာတွင် ဝယ်ယူကြသလဲ ၊ စတိုးဆိုင်များတွင်လား ၊ Online မှလား ၊ အရောင်းကိုယ်စားလှယ်များ ထံမှလား စသည်မေးခွန်းများအတွက် အဖြေရရှိနိုင်ရန် Demographic (လူဦးရေ စစ်တမ်း – အသက်အရွယ် ၊ လူမျိုး ၊ လိင် ၊ အလုပ်အကိုင် ၊ ဝင်ငွေ ၊ ပညာရေး ၊ အဆင့်အတန်း ၊ ဖွားသေနှုန်း စသည်) Psychographic (လူမှုဘဝစစ်တမ်း – ဝါသနာ ၊ စိတ်ပါဝင်စားမှု ၊ အတွေးအခေါ် ၊ နေထိုင်မှုပုံစံ စသည်) ၊ Geographic ( ဒေသန္တရပထဝီဝင် )နှင့် Behavioral Characteristics (လူ့အပြုအမူ ၊ သဘာဝတရား) များကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။
ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် သတ်မှတ်ထားသည့် ဈေးကွက်တွင် မည်သည့်အောင်မြင်မှုကို ရရှိလိုကြောင်း နားလည်သိရှိပြီး နိုင်ငံတကာ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး အဟီအစဉ်ကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

(၂) ထုတ်ကုန်နှင့် ဝန်ဆောင်မှု သဘောသဘာဝ လက္ခဏာများ

——————————————————————-

နိုင်ငံတကာဈေးကွက်တစ်ခုသို့ ထုတ်ကုန်ပစ္စည်းများကို မည်သို့ ဖြန့်ဖြူးရောင်းချမည် ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ သဘောသဘာဝ လက္ခဏာများသည် အခြေခံစဉ်းစားရမည့် အချက်များပင်ဖြစ်သည်။
ထုတ်ကုန်ပစ္စည်းသည် သေးငယ်ပြီး ပေါ့ပါးသလား ၊ တန်နှင့်ချီ အလေးချိန်စီးသည့် စက်မှုလုပ်ငန်းသုံး ပစ္စည်းကိရိယာကြီးလား ၊ ထုတ်ကုန်ပစ္စည်းသည် ပုတ်သိုးလွယ်သလာား (သို့) ဘေးအန္တရာယ် ဖြစ်စေနိုင်သလား ၊ အထူးသဘောၤတင်ပို့မှုနှင့် ကိုင်တွယ်ထိန်းသိမ်းမှု ဆောင်ရွက်ရန် လိုအပ်ပါသလား စသည့်အချက်များသည် ကုန်စည်ပို့ဆောင်ဖြန့်ဖြူးမှု နည်းလမ်းရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များပင်ဖြစ်သည်။
ထို့ပြင် ထုတ်ကုန်ပစ္စည်းများ၏ သက်တမ်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထုတ်ကုန်ပစ္စည်းအမျိုးအစားအသစ် (သို့) လူသိနည်းသည့် ကုန်ပစ္စည်းများကို လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံရှိ ဝန်ထမ်းများ ရောင်းချပေးခြင်းက ပိုမိုသင့်လျော်မည်ဖြစ်သည်။
ထိုနည်းတူ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်း အစိတ်အပိုင်းများကဲ့သို့ သုံးစွဲသူများ အထူးမှာကြားချက်နှငင့်အညီ ထုတ်လုပ်ထားသော ပစ္စည်းများအတွက် ကျွမ်းကျင်မှုဆိုင်ရာ ဝန်ထမ်းများကို တာဝန်ပေး ဆောင်ရွက်စေခြင်းက ပိုမိုသင့်တော် ကောင်းမွန်မည်ဖြစ်သည်။
သို့ရာတွင် အလွယ်တကူ သိုလှောင်ထားရှိနိုင်သော တန်ဖိုးနည်းပစ္စည်းများအတွက်မူ ကုန်ပစ္စည်းတပ်ဆင်ဖြန့်ဖြူးသူများ ဝန်ဆောင်မှုပေးခြင်းဖြင့် လုပ်ငန်းပိုမို တွင်ကျယ်စေမည်ဖြစ်သည်။

(၃) ဈေးကွက် တည်နေရာ

——————————–

ရည်ရွယ်ပစ်မှတ်ထားသည့် ဈေးကွက်၏ တည်နေရာသည် ကုန်စည်ပို့ဆောင်မှု နည်းလမ်းများ ရွေးချယ်ရာတွင် များစွာ အကျိုးသက်ရောက်လွှမ်းမိုးနေမည်ဖြစ်သည်။
ရည်ရွယ်ထားသည့် ဈေးကွက်သည် အိမ်နီးချင်းနိုင်ငံတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အလွယ်တကူ အဆင်ပြေ ချောမွေ့နိုင်သလား (သို့) ပစ်မှတ်ဈေးကွက်သည် ကမ္ဘာ့အခြားဖက်တွင် ရှိနေသလား။
ဈေးကွက်သို့ သင်္ဘော ၊ ရထား (သို့) မော်တော်ကားလမ်းဖြင့် အလွယ်တကူ ရောက်ရှိနိုင်သလား ၊ ဈေးကွက်နှင့် ကုန်စည်ပို့ဆောင်ဖြန့်ဖြူးသည့်နေရာသို့ ရောက်ရှိရန် အချိန်မည်မျှ ကြာမြင့်သနည်း။
ဈေးကွက်တည်နေရာဒေသတွင် မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းများ ရရှိနိုင်သလဲ ၊ သုံးစွဲသူများနှင့် ကုန်စည်ဖြန့်ဖြူးရေး လမ်းကြောင်းများ အကြားသို့ အကွာအဝေး စသည့်အချက်များသည် ကုန်စည်တင်ပို့ ရောင်းချမည့် နည်းလမ်းရွေးချယ်ရာတွင် အားလုံးအကျိုးသက်ရောက်မှု ဖြစ်စေနိုင်မည့် အချက်များဖြစ်သည်။

(၄) ပြိုင်ဆိုင်ခြင်း

————————

အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ၎င်း၏ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအတွက် အကောင်းဆုံး ကုန်စည်ဖြန့်ဖြူးရေး နည်းလမ်းရွေးချယ်ရာတွင် ယှဉ်ပြိုင်ဖက်များ အသုံးပြုသည့် အရောင်း ၊ ဈေးကွက်မြှင့်တင်ရေးနှင့် တန်ဖိုး (ဈေးနှုန်း) သတ်မှတ်ရေး မဟာဗျူဟာများက အထောက်အကူဖြစ်စေနိုင်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ယှဉ်ပြိုင်ဖက်များအတွက် အလုပ်ဖြစ်စေမည့် ကုန်စည်ဖြန့်ဖြူးမှု နည်းလမ်းများသည် နောက်အဖွဲ့အစည်းအတွက်လည်း အလုပ်ဖြစ်စေနိုင်မည်သာ ဖြစ်သည်။
အကြံတူနောက်လူသာမြဲဆိုသည့် စကားနှင့်အညီ နောက်အဖွဲ့အစည်းအနေဖြင့် ယခင်အဖွဲ့အစည်းများ၏ နည်းလမ်းကို ကျင့်သုံးသည် ဖြစ်စေ (သို့) သီးခြား နည်းလမ်းများကို ဖော်ဆောင်သည် ဖြစ်စေ ယခင်အဖွဲ့အစည်း၏ အားသာချက် ၊ အားနည်းချက်များကို ဝေဖန်ပိုင်းခြားကာ ယခင်ပြိုင်ဖက်များထက် သာလွန်အောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။

(၅) ဒေသခံစီးပွားရေးလုပ်ငန်းဆောင်ရွက်မှု အလေ့အထများ

—————————————————————-

ကုန်စည်ပို့ဆောင်ဖြန့်ချီရေးအတွက် နည်းလမ်းများ ရွေးချယ်သည့်အခါ ဒေသစီးပွားရေးအလေ့အထများသည်လည်း ထည့်သွင်းစဉ်းစားရမည့် နောက်ထပ်အချက်တစ်ရပ်ပင်ဖြစ်သည်။
ဥပမာအားဖြင့် လက်လီအရောင်းဆိုင်ရှင်များသည် ကုန်ပစ္စည်းအရေအတွက်ပမာဏအနည်းငယ်ကို မကြာခဏ ဝယ်ယူလေ့ရှိသည် ဆိုပါက ကုန်စည်ဖြန့်ချီသည့် အဖွဲ့အစည်းအနေဖြင့် အဆိုပါ အလေ့အထနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ကုန်ပစ္စည်းဖြန့်ဖြူးနိုင်ရေးအတွက် သိုလှောင်ရုံများ ရှာဖွေစီစဉ်ထားရန်လိုအပ်မည်ဖြစ်သည်။

(၆) ဥပဒေပြဌါန်းမှု

————————–

ပြည်တွင်းပြည်ပ နိုင်ငံတကာ ဈေးကွက်များတွင် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဖြန့်ချီရောင်းချသည့်အပေါ် ဥပဒေပြဌာန်းချက်များက မည်ရွေ့မည်မျှ သြဇာသက်ရောက်လွှမ်းမိုးနိုင်သည်ကို စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် မလွဲမသွေ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆာင်မှု တင်ပို့ခြင်း ၊ တင်သွင်းခြင်း ဆိုင်ရာ မတူညီသော ဥပဒေ ပြဌါန်းချက်အမျိုးမျိုး ရှိနေနိုင်သည်။ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု အမျိုးအစား ၊ သဘာဝအပေါ် အခြေခံလျက် လိုအပ်ချက်များ ကွဲပြားနိုင်သကဲ့သို့ နိုင်ငံအလိုက် သီးခြားသတ်မှတ်ချက်များလည်း ခြားနားမှု ရှိနိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် ထုတ်ပိုးမှုနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တပ်ဆင်မှုတွင်ပင် နိုင်ငံအလိုက် လိုအပ်ချက်များ ခြားနားမျု ရှိနိုင်မည်ဖြစ်သည်။
အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် ပစ္စည်းအမျိုးအစားဖြင့်သာ ကုန်ပစ္စည်းများကို ထုတ်ပိုးရန် ပြဌါန်းထားမှုများ ရှိသကဲ့သို့ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရမည့် အချက်အလက်နှင့် အသုံးပြုရမည့် ဘာသာစကား စသည့်သတ်မှတ်ချက်များပင်ရှိနေသည်။
သို့ဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ ဈေးကွက်သို့ မိမိထုတ်ကုန်ပစ္စညည်းများ တင်ပို့မည့်အခါ အဆိုပါနိုင်ငံမှ သတ်မှတ်ထားသည့် ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ကြိုတင်လေ့လာသိရှိထားရမည်ဖြစ်သည်။

(၇) ဈေးကွက်လွှမ်းခြုံနိုင်မှု

————————-

ဈေးကွက်လွှမ်းခြုံနိုင်မှု ဧရိယာပမာဏ တစ်နည်းအားဖြင့် မိမိ၏ ဈေးကွက်မြှင့်တင်ရေး (သို့) အရောင်းလုပ်ငန်းများ ဖြန့်ကျက်ရောက်ရှိနိုင်မည့် ဈေးကွက်တစ်ခုလုံး၏ ရာခိုင်နှုုန်းအတိုင်းအတာသည် ဈေးကွက်တစ်ခုသို့ ဝင်ရောက်ရေးအတွက် အလွန်အရေးပါသော စဉ်းစားသုံးသပ်ချင့်ချိန်ရမည့် ကိစ္စရပ်ပင်ဖြစ်သည်။
အလွန်ကြီးမားသည့် ဈေးကွက်တစ်ခုအတွင်းသို့ ပထမဆုံးအကြိမ် အဖြစ် အခြေချဝင်ရောက်သည့်အခါ အချို့သော ကုမ္ပဏီများသည် ဈေးကွက် အခြေအနေကို စမ်းသပ်ရမည့် နည်းလမ်းတစ်ရပ်အဖြစ် (သို့) နောက်ဆက်တွဲ ပစ္စည်းထောက်ပံ့ရေးဆိုင်ရာ ကိစ္စများကြေကာင့် ဈေးကွက်လွှမ်းခြုံမှုကို အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ထားရန် ဆုံးဖြတ်ဆောင်ရွက်လေ့ရှိကြသည်။
ဥပမာအားဖြင့် ဇိမ်ခံပစ္စည်းများ တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် မြို့လယ်ခေါင်အချို့က နေရာများမှလွဲ၍ ၎င်း၏ ဈေးကွက်လွှမ်းခြုံမှုကို ဖြန့်ကျက်ဆောင်ရွက်ရန် လိုအပ်မည်မဟုတ်ပေ။

(၈) သုံးစွဲသူ အထောက်အကူပေးဝန်ဆောင်မှုများ

ကုမ္ပဏီရုံးချုပ်များနှင့် နိုင်ငံတကာ ဈေးကွက်များ မည်မျှဝေးကွာနေသည်ဖြစ်စေ ၊ ခေတ်မီတိုးတက်သည့် ဆက်သွယ်ရေးစနစ်များကြောင့် အလွယ်တကူ ချက်ချင်းဆိုသလို ဆက်သွယ်နိုင်ကြပြီး ဖြစ်သည်။
ကုမ္ပဏီတာဝန်ရှိသူများ ၊ အရောင်းကိုယ်စားလှယ်များ ၊ ထပ်ဆင့်ကုန်စည်ဖြန့်ချီသူများ ၊ သုံးစွဲသူများအကြား အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းဆောင်ရွက်နိုင်ကြပြီ ဖြစ်သည်။
အဆိုပါ ဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်လာသည့် အကျိုးဆက်အဖြစ် ကုန်ပစ္စည်းတင်ပို့မှု ၊ ထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာ သုံးစွဲသူများထံ အချိန်ပြည့် ၂၄/၇ ဝန်ဆောင်မှုပေးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြရသည်။
သုံးစွဲသူများကလည်း သုံးစွဲသူ ဝန်ဆောင်မှုပေးသည့် အေးဂျင့်များ ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများထံ အချိန်မရွေး ဆက်သွယ်နိုင်ရန် ပိုမိုမျှော်လင့်ကြသည်။
သို့ဖြစ်၍ TV ၊ ရေခဲသေတ္တာ ၊ အဲယားကွန်း ၊ ကွန်ပြူတာ ၊ စသည့် နည်းပညာဆိုင်ရာ ရှုပ်ထွေးသော ပစ္စည်းများအတွက် ကုန်ပစ္စည်း ထတ်လုပ်သူ ၊ တင်ပို့သူများက ကုမ္ပဏီ အရောင်းပြခန်းနှင့် Service စင်တာများ ဖွင့်လှစ်၍ လည်းကောင်း ၊ ဒေသခံကျွမ်းကျင်သူများ ငှားရမ်း၍ လည်းကောင်းပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

(၉) ကုန်ကျစရိတ်

————————
ကုန်ပစ္စည်းရောင်းချမည့် နည်းလမ်း (သို့) မဟာဗျူဟာတစ်ရပ် ဖြစ်မြောက်အောင် ဆောင်ရွက်တော့မည် ဆိုလျှင် မလွဲမသွေ ထည့်သွင်းစားရမည့် အချက်မှာ ကုန်ကျစရိတ်ပင် ဖြစ်သည်။
ရောင်းချမည့် နည်းလမ်းတစ်ရပ်နှင့် တစ်ရပ် သေချာစွာ နှိုင်းယှဉ်လျက် ကုန်ကျစရိတ်နှင့် ရရှိနိုင်မည့် အကျိုးအမြတ် ချိန်ဆတွက်ချက်ရမည်ဖြစ်သည်။
အရောင်းကွန်ယက်အတွင်းရှိ ဆက်စပ်နေသော အရာအားလုံးက ဖော်ညွှန်းနေသည်မှာ ကုန်ကျစရိတ်ပင်ဖြစ်သည်။
ကုန်စည်ဖြန့်ချီမှု နည်းလမ်းတစ်ရပ်သည် ထိန်းချုပ်နိုင်မှု အဆင့်နှင့် သုံးစွဲသူများထံ ရောက်ရှိမှုအဆင့် နိမ့်ကျနေသည့်တိုင် ကုန်ကျစရိတ်သိသိသာသာ လျော့နည်းသက်သသာမည်ဆိုပါက အရောင်းပမာဏတွင် လျော့နည်းနိုင်မည့် အတိုင်းအတာ (အသုံး) ကို (ကာမိ) စေနိုင်မည်ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY