fbpx

Supply Chain အတွင်းမှ Digital အသွင်ကူးပြောင်းရေး

Digitalization  အသုံးပြုလာမှုသည် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ Supply Chain များကိုလည်း အသွင်ပြောင်းလဲပေးလျက်ရှိသည်။
Digitalization ဟူသော ဝေါဟာရကို တွင်ကျယ်စွာ အသုံးပြုလာလျက်ရှိရာ ၎င်းဝေါဟာရ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အကျဉ်းအားဖြင့် ဖော်ပြရမည်ဆိုပါက စီးပွားရေးလုပ်ငန်းတစ်ခု၏ ပုံစံ (လုပ်နည်းလုပ်ဟန်)ကို ပြုပြင်ပြောင်းလဲရန် ဒီဂျစ်တယ်နည်းပညာရပ်များကို အသုံးပြုပြီး ဝင်ငွေရလမ်းအသစ်များနှင့် ထပ်ဆောင်းတန်ဖိုး ထုတ်လုပ်နိုင်မှု အခွင့်အလမ်းများ ဖော်ဆောင်လာခြင်းကို Digitalization ဟုဆိုသည်။ Digitalization (ဒီဂျစ်တယ် တွင်ကျယ်စွာအသုံးပြုခြင်း)သည် သင့်လုပ်ငန်း ၊ အဖွဲ့အစည်းအတွက် အခြားသင့်ပြိုင်ဖက်များထက် ပိုမိုကောင်းမွန်သော ၊ ပိုမိုလျင်မြန်သောာ ၊ ပိုမိုဈေးသက်သာသော အရာများကို ဆောင်ရွက်နိုင်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်မျုတွင် အသာစီးရရှိစေနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ Supply Chain များအတွင်း ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး (Digital Transformation) နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်ဖွယ် အလားအလာများ ၊ သုံးစွဲသူများ၏ မျှော်လင့်ချက်များ ၊ စိန်ခေါ်မှုများ နှင့် အခြားအရေးကြီးအချက်တို့ကို အကြမ်းဖျင်း တင်ပြပေးသွားမည်ဖြစ်သည်။

Supply Chain အလားအလာနှင့် စိန်ခေါ်မှုများ
——————————————————–
ယနေ့ မျက်မှောက် Supply Chain များသည် အလွန့်အလွန် အထိမခံသည့် အခြေအနေဖြစ်သည်။ ယခု ကြုံတွေ့နေရသည့် ပြသနာအချို့ (ဥပမာ – ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု) ၊ အမေရိကန် တရုတ်အကြားမှ ကုန်သွယ်ရေးအငြင်းပွားမှုများ ၊ နယ်စပ်များကို ပိတ်ထားရသည့်ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကပ်ရောဂါစသည်) သည် Supply Chain တာဝန်ရှိသူများအတွက် မတူညီသော စိန်ခေါ်မှု အမျိုးမျိုးကို ဖြစ်ပေါ်စေလျက်ရှိသည်။ထို့ပြင် သုံးစွဲသူများအနေဖြင့် Supply Chain များ တစ်လျှောက် အပြည့်အဝ မြင်တွေ့နိုင်သည့် အခွင့်အလမ်းများ ရှိနေသည့်အလျောက် တောင်းဆိုမှုများ ပိုမိုတိုးပွားလာလျက်ရှိကြသည်။ သုံးစွဲသူများအနေဖြင့် လူ့ကျင့်ဝတ်နှင့်အညီ ဂုဏ်သိက္ခာရှိရှိထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများထံမှ ကုန်ပစ္စည်းများကို ပိုမို ဝယ်ယူလိုလာကြသည်။
အဆိုပါ သုံးစွဲသူများ၏ လိုအင် (တောင်းဆိုမှု) များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ Supply Chain များအတွင်း များပြားလှသော ကုန်စည် (ကုန်ကြမ်းနှင့် အစိတ်အပိုင်းများ အပါအဝင်) ပေးသွင်းသူမျာ း။ လုပ်ငန်းလက်တွဲဖက်များ ၊ ကန်ထရိုက်ကုန်ထုတ်လုပ်သူများ စသူတို့နှင့် ဆက်ဆံပေါင်းစပ်ဆောင်ရွက်ရာတွင် ခက်ခဲရှုပ်ထွေးမှုများ ပိုမိုတိုးပွားလာလျက်ရှိသည်။

သုံးစွဲသူလိုအပ်ချက်များနှင့်အညီ မဟာဗျူဟာများ
———————————————————–
သုံးစွဲဲသူများရှာဖွေနေသည့် အချက်အလက်များ တစ်နည်းအားဖြင့် သုံးစွဲသူလိုအပ်ချက်များမှာ အောက်ပါတို့ဖြစ်သည်။

– သုံးစွဲသူဗဟိုပြုနည်းစနစ် / လုပ်ငန်းစဉ်များ
– သီးခြားထုတ်ကုန်များ
– အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်ဖြန့်ချီမှုများ

Supply Chain များ၏ လက်ရှိ ကျင့်သုံးဆောင်ရွက်နေမှု နည်းလမ်းများသည် ပြောင်းလဲလျက်ရှိသည်။ ကုမ္ပဏီအများစုအနေဖြင့် လုပ်ငန်းလက်တွဲဖော် အများအပြားပါဝင်သည့် လုပ်ငန်းကွန်ယက်တစ်ခုအတွင်း လုပ်ငန်းဆောင်ရွက်နေကြသည့်အတွက် Supply Chain များအစမှ အဆုံး လုပ်ငန်းစဉ်တစ်လျှောက် အပြည့်အဝ မြင်တွေ့နိုင်စွမ်းရှိရန် လိုအပ်သည်။Supply Chain များအလျောက် သတ်မှတ်ကာလတစ်ခုအတွင်း လုပ်ငန်းစွမ်းဆောင်နိုင်မှု ၊ ထုတ်လုပ်နိုင်မှု နှင့် အရင်းအမြစ် စွမ်းအားများ အပြည့်အဝ အသုံးချနိုင်မှုတို့ကို ပိုမိုတိုးတက်လာစေရေးအတွက် နည်းပညာများနှင့် စတုတ္ထ စက်မှုတော်လှန်ရေး (Industry 4.0) ၏ လမ်းညွှန်မှုများကို မဖြစ်မနေ တွန်းအားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။အထူးသဖြင့် Supply Chain တစ်ခုကို တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်စေရေးအတွက် ထုတ်ကုန်များသည် လူ့ကျင့်ဝတ်သိက္ခာနှင့်အညီ ကိုက်ညီသည့်အရင်းအမြစ်များ ရရှိသည့် ကုန်ကြမ်းများမှ ထုတ်လုပ်ပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေမည့် (ဥပမာာ – ပလတ်စတစ် ကြွပ်ကြွပ်အိတ်ကဲ့သို့ ဘက်တီးရီးယားများ မခြေဖျက်နိုင်သည့် ပစ္စည်းများ) ပစ္စည်းများ ဖြစ်စေရန်နှင့် ထုတ်ပိုးပစ္စည်းများ အနည်းဆုံး အသုံးပြုရန် တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

နည်းပညာများရရှိနိုင်မှု
——————–
ယခုအခါ နည်းပညာ ဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်တက်နေပြီး ၊ နည်းပညာ အများအပြား ရရှိနိုင်ပြီ ဖြစ်ပြီး အချက်အလက် ခေါင်းပါးမှု ဟူ၍ မရှိနိုင်တော့ပေ။ သို့ရာတွင် အဓိက ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ၊ လက်ရှိ တွင်ကျယ်စွာ အသုံးပြုနေကြသည့် စက်အမှတ်သညာ (Machine Learning) ၊ အသိဉာဏ်တု (Artificial Intelligence) စသည့် အခြားနည်းပညာများကို မည်ကဲ့သို့ အရှိန်မြှင့်တင် ဆောင်ရွက်မည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ကုမ္ပဏီအများအပြားသည် ကုန်ကြမ်းပစ္စည်းများ စုဆောင်းမှုမှသည် အချောသတ် ထုတ်ကုန်များ ဖြန့်ဖြူးသည်အထိ Supply Chain တစ်လျှောက် မျက်ခြေမပြတ်သိရှိနိုင်စေရန် များပြားလှစွာသော ကုန်ကြမ်ပေးသွင်းသူများ ၊ လက်လီ လက်ကား အရောင်းသမားများ ၊ အခြား လုပ်ငန်းလက်တွဲဖော်များ ၊ အခြား Block Chain နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။ ယခုအခါ သိုလှောင်ရုံများ ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် စက်ရုပ်များကို အများအပြား အသုံးပြုနေကြပြီကိုတွေ့ရသည်။ နည်းပညာ အများအပြား ထွန်းကားနေပြီး အဆိုပါ နည်းပညာများကို အတူတကွ ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဒီဂျစ်တယ် Supply Chain တစ်ခု ဖော်ဆောင်နိုင်ရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

တီထွင်ဆန်းသစ်မှု တွန်းအားပေးရာတွင် စတုတ္ထ စက်မှုတော်လှန်ရေး၏ အခန်းကဏ္ဍ
———————————————–

စတုတ္ထမြောက်စက်မှုတော်လှန်ရေး (သို့) Industry 4.0 မှာ သမားရိုးကျထုံးတမ်းစဉ်လာ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် စက်မှုပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ဓလေ့ထုံးတမ်းများကို နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်သည့် လက်ရှိဆောင်ရွက်ဆဲ အသွင်ကူးပြောင်းရေးကို ဆိုလိုခြင်းဖြစ်သည်။ Industry 4.0 သည် အချက်အလက် အမြောက်အမြားကို စုစည်းထားရှိရသည့် အရောင်းအဝယ်အခြေခံစနစ်မှသည် အချက်အလက်များကို ခွဲခြမ်းသုံးသပ်ကာ မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များ ချမှတ်နေသည့် Data-Driven (သို့) Data-Driven လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်းစနစ်သို့ ကူးပြောင်းရာတွင် အမှန်တကယ် အထောက်အကူပြုပေးသည်။ Industry 4.0 အနေဖြင့် အလိုအလျောက် လုပ်ငန်းစဉ်များကို အမှန်တကယ် ကူညီပံ့ပိုးနိုင်သည့်အပြင် လုပ်ငန်းဆိုင်ရာအဖြစ် ဖြစ်ပေါ်စေမည့် အချက်အလက်များအတွက် လိုအပ်သော ဆက်စပ် အကြောင်းအရာများကို ဖြည့်တင်းပေးနိုင်သည်။
ယခုအခါ Industry 4.0 သည် စက်ရုံတစ်ရုံ၏ ပဏာမ ခြေလှမ်းအစပျိုးမှု အဖြစ်မှသည် ကုမ္ပဏီ တစ်ခုလုံး၏ လုပ်ငန်းလမ်းညွှန်အဖြစ် ပြောင်းလဲ နေပြီ ဖြစ်သည်။

Supply Chain အတွင်းမှ ဒစ်ဂျစ်တယ် အသွင်ကူူးပြောင်းရေး
—————————————–

Supply Chain တစ်ခုအတွင်း Digitalization (ဒီဂျစ်တယ် တွင်ကျယ်စွာ အသုံးပြုလာမှု) သည် သုံးစွဲသူများ၏ အသစ်အသစ်သော လိုအပ်ချက်များ ၊ ထောက်ပံ့ရေး (ကုန်ကြမ်းအပါအဝင်) ဖက်မှ ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲ ၊ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုပေးနိုင်သကဲ့သို့ ကုမ္ပဏီ၏ လုပ်ငန်းတွင်ကျယ်ထိရောက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် မျှော်မှန်းချက်များကိုလည်း ပံ့ပိုးပေးနိုင်သည်။ ဂျာမနီ အခြေစိုက် ကမ္ဘာ့အထင်ကရ Software Corporation ဖြစ်သည့် SAP မှ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ Richard Howells က ၎င်းတို့ ကုမ္ပဏီ (SAP) အနေဖြင့် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း ၊ စီမံချက် ချမှတ်ခြင်း ၊ ကုန်ပစ္စည်းထုတ်လုပ်မှုခြင်း ၊ ကုန်စည်စီးဆင်းမှုနှင့် လုပ်ငန်းလည်ပတ်မှု စသည့် ကဏ္ဍအားလုံးမှ အရာအားလုံးကို Digital Supply Chain တစ်ရပ်၏ အစိတ်အပိုင်းအဖြစ် ယူဆထားသည်ဟု ဆိုသည်။ သို့ဖြစ်၍ ဒီဇိုင်းရေးးဆွဲခြင်းမှသည် လုပ်ငန်းလည်ပတ်သည်အထိ အစ အဆုံး လုပ်ငန်းစဉ် တစ်ရပ်လုံးသည် ဒီဂျစ်တယ် Digital Supply Chain တစ်ရပ်ပင်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Digital_Transformation_in_Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY