fbpx

ကုန်ပစ္စည်းများ သင်္ဘောတင်ပို့ခြင်းဆိုင်ရာ နိုင်ငံတကာအသုံးအနှုန်းများ (International Shipping Terms)

ကုန်ပစ္စည်းများ သင်္ဘောတင်ပို့ခြင်းနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား ခေါ်ဝေါ်သည့် အသုံးအနှုန်းအချို့ကို ဖော်ပြလိုက်ပါသည်။

  • Freight Forwarder (ကုန်ပစ္စည်းတင်ပို့သူ)

Freight Forwarder (ကုန်ပစ္စည်းတင်ပို့သူ) ဆိုသည်မှာ ပစ္စည်းရောင်းချသူ (သို့) ပစ္စည်းဝယ်ယူသူ ကိုယ်စား ကုန်ပစ္စည်းများ ပို့ဆောင်ရေးအတွက် စီစဉ်ပေးသည့်ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကိုခေါ်သည်။ အများအားဖြင့် Freight Forwarder (ကုန်ပစ္စည်းတင်ပို့သူ) များသည် ပစ္စည်းအနည်းအကျဉ်းပေးပို့မှုများကို စုစည်းပြီး တစ်ပေါင်းတည်း ပေးပို့ခြင်းဖြင့် ပို့ဆောင်စရိတ်ပိုမိုသက်သာအောင် ဆောင်ရွက်လေ့ရှိသည်။

  • Shipper (or) Consigner (ကုန်ပစ္စည်းပေးပို့သူ)

Shipper ဆိုသည်မှာ သင်္ဘောတင်ပို့သည့် ကုန်ပစ္စည်းများကို ပိုင်ဆိုင်သော (သို့) ပေးပို့သော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကိုခေါ်ဆိုသည်။ Shipper (Consigner ဟုလည်း ခေါ်ဝေါ်သည်) သည် ပေးပို့သည့် ကုန်ပစ္စည်းများအတွက် ထုတ်ပိုးခြင်း ၊ ပြင်ဆင်ခြင်း စသည့် ကိစ္စရပ်များအားလုံး တာဝန်ရှိသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရာနေရာနှင့် ဆိုက်ရောက်ရာဒေသတို့တွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းအတွက် လိုအပ်သော လိုင်စင်စသည့် အထောက်အထားများအတွက်ပါ တာဝန်ခံရသည်။

  • Consignee (ကုန်ပစ္စည်းလက်ခံသူ)

ကုန်ပစ္စည်းစာရင်း (Bill of Lading သို့ Airway bill) တွင် ပစ္စည်းလက်ခံမည့်သူအဖြစ် ဖော်ပြထားသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကိုခေါ်သည်။ သက်ဆိုင်ရာ ဆိပ်ကမ်း (သို့) လေဆိပ်သို့ရောက်ရှိလာသော ကုန်ပစ္စည်းများကို ထုတ်ယူရန် Bill of Lading (သို့) Airway Bill တွင် Consignee အဖြစ် စာရင်းပေးထားသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းသည် ပစ္စည်းများကို ကိုယ်တိုင်လာရောက် ထုတ်ယူရန်တာဝန်ရှိသည်။

  • Carrier (သယ်ဆောင်သူ)

Carrier ဆိုသည်မှာ အခြားပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းအတွက် ကုန်ပစ္စည်းများကို သယ်ဆောင်ပေးသည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကိုခေါ်သည်။ Carrier သည် ကုန်ပစ္စည်း သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို တာဝန်ခံရသည်။

  • Notify Party (အသိပေးအကြောင်းကြားရမည့်အဖွဲ့)

Notify Party ဆိုသည်မှာ ပို့ဆောင်ရမည့် ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများရောက်ရှိကြောင်း ဆက်သွယ်သတင်းပို့ရမည့် လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကို ခေါ်သည်။ Notify Party မှာ ပစ္စည်းဝယ်ယူသူပိုင်ရှင် (သို့) ၎င်း၏ ကိုယ်စားလှယ်တစ်မျိုးမျိုးဖြစ်နိုင်သည်။ Notify Party သည် ဆိပ်ကမ်းတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို အများအားဖြင့် တာဝန်ခံရသည်။

#SuperLight #Logistics #Knowledge #International_Shipping_Terms

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY