fbpx

Demand Forecasting Techniques အကြောင်းသိကောင်းစရာ

Demand Forecasting Techniques (ဝယ်လိုအားကြိုတင်ခန့်မှန်းမှု) ဆိုသည်မှာ ဈေးကွက်ချိတ်ဆက်မှု ကွင်းဆက်နှင့် လုပ်ငန်းစီမံမှုများ ပေါင်းစပ်ကာ အထိရောက်ဆုံး ဝယ်ယူဖြည့်တင်းရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ သုံးစွဲသူများ၏ ဝယ်လိုအားကို သိရှိနားလည်ပြီး ကြိုတင်ခန့်မှန်းနိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

သုံးစွဲသူများ၏ဝယ်လိုအားကို သိရှိသဘောပေါက်ပြီး ကြိုတင်ခန့်မှန်းနိုင်မှုသည် ကုန်ချောနှင့်ကုန်ကြမ်းများ ပြတ်တောက်မှုကို ရှောင်လွဲနိုင်ကာ၊ လုံလောက်သောကုန်ချောနှင့် ကုန်ကြမ်းများ လက်ဝယ် ထိန်းသိမ်းထားရှိနိုင်စေမည့် အဓိကအရေးပါသောအချက်ဖြစ်သည်။

ဝယ်လိုအားကြိုတင်ခန့်မှန်းရာတွင် ယခင်အချက်အလက်များအပေါ် အခြေခံကာ အနာဂတ်အလားအလာကို ကြိုတင်ခန့်မှန်းသည့် #အရေအတွက်အခြေပြုကြိုတင်ခန့်မှန်းမှုနည်းလမ်းနှင့် သုံးစွဲသူနှင့် ကျွမ်းကျင်ပညာရှင်များ၏ သဘောထားနှင့်ဝေဖန်အကဲဖြတ်မှုများအပေါ် အခြေခံကာ အနာဂတ်အလားအလာကို ကြိုတင်ခန့်မှန်းသည့် #အရည်အသွေးအခြေပြုကြိုတင်ခန့်မှန်းမှု နည်းလမ်းများကို အသုံးပြုလေ့ရှိသည်။

  • အချက်အလက်များစုဆောင်းခြင်း၊
  • ယခင်နှင့်ယခု ရောင်းချရမှုမှတ်တမ်း၊
  • ဈေးကွက်စစ်တမ်းစသည့် #အရေအတွက်အခြေပြုနည်းလမ်းများကို ကာလတိုနှင့် အလယ်အလတ်ကာလ ဆုံးဖြတ်ချက်များအတွက် အသုံးပြုပြီး၊
  • ပစ္စည်းအမျိုးအမည်အသစ်နှင့်
  • ဈေးကွက်အသစ်ကဲ့သို့သော ယခင်အချက်အလက်များ မရရှိနိုင်သည့် အခြေအနေမျိုးတွင် #အရည်အသွေးအခြေပြုနည်းလမ်းများကို ကာလရှည်နှင့် အလယ်အလတ်ကာလ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသုံးပြုလေ့ရှိကြသည်။
Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY