fbpx

ဘေးအန္တရာယ်ရှိ ကုန်စည်များ ပို့ဆောင်ရေးအကြောင်း

ဘေးအန္တရာယ်ရှိသော ကုန်စည်အမျိုးအစားများကို သယ်ယူပို့ဆောင်ရာတွင် သာမန်ကုန်စည်ပစ္စည်းများထက် အထူးပိုမို ဂရုစိုက်ဖို့ လိုအပ်လှပါသည်။ အခြေခံသတ်မှတ်ချက်များအရ ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းအမျိုးအစားများထဲတွင်

☠️ ရေဒီယိုသတ္တိကြွပစ္စည်းများ၊
☠️ မီးလောင်လွယ်သောပစ္စည်းများ၊
☠️ ပေါက်ကွဲလွယ်သောပစ္စည်းများ၊
☠️ ဓာတုအဆိပ်သင့်နိုင်သောပစ္စည်းများ စသည့် ပစ္စည်းများပါဝင်ပါသည်။

အထူးသဖြင့် ဘေးအန္တာရယ်ရှိကုန်စည်များ (Dangerous Goods) ဆိုသည်မှာ လူနှင့် အခြားသက်ရှိများ၊ ပစ္စည်းဥစ္စာနှင့်သဘာဝ ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစိုင်အခဲ၊ အရည်နှင့် ဓာတ်ငွေ့များကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ပစ္စည်းအမျိုးအစားပေါ်တွင် မူတည်၍ ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ ဥပဒေနှင့်ကြိုတင်သတိပေးချက်များသည် အမျိုးမျိုး ကွဲပြားလျက်ရှိပြီး အဆိုပါ သတ်မှတ်ချက်များအတိုင်း မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြမှသာလျှင် အန္တရာယ်ကင်းဝေးပြီး လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်ပါသည်။

#Super_Light #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY