fbpx

ခရီးစဉ်လမ်းကြောင်း စီစဉ်မှုအကြောင်း တစ်စေ့တစ်စောင်း

ခရီးစဉ် လမ်းကြောင်းစီစဉ်မှုဆိုသည်မှာ သုံးစွဲသူများ၏ လိုအပ်ချက်များ၊ ခရီးလမ်းကြောင်း အဆင်ပြေမှုနှင့် ယာဉ်ဆိုင်ရာကိစ္စရပ်များစသည့်တို့ကို သယ်ယူပို့ဆောင်စရိတ်အနည်းဆုံးဖြင့် လျင်မြန်နိုင်သမျှ လျင်မြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဆင်ပြေချောမွေ့သည့် ခရီးစဉ်လမ်းကြောင်း စီစဉ်ဖန်တီးရာတွင် အလေးထား ဆောင်ရွက်သင့်သည့် အချက်များကို ဖော်ပြလိုက်ပါတယ်။

(၁) ခရီးလမ်းကြောင်းစီစဉ်မှု၏ အခြေခံအချက်များ
(Basics of route planning)
သယ်ယူပို့ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ကုန်စည်စီးဆင်းမှု (Logistics) ဝန်ဆောင်မှူကုမ္ပဏီများသည် ခရီးတို (သို့မဟုတ်) ခရီးရှည်ပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
ခရီးတိုပို့ဆောင်မှုမှာ အများအားဖြင့် ကုန်တင်ယာဉ်၊ ရထားဖြင့်လည်းကောင်း၊ ခရီးရှည်ပို့ဆောင်မှုကို ကုန်တင်သဘောၤ၊ လေယာဉ်စသည်တို့ဖြင့်လည်းကောင်း ပို့ဆောင်လေ့ရှိပါတယ်။
ခရီးတို၊ ခရီးရှည် မည်သည့်ပို့ဆောင်မှု အမျိုးအစားတွင်မဆို ကုန်ပစ္စည်းအတင်အချ၊ ကုန်ပစ္စည်းများလွဲပြောင်းပို့ဆောင်မှု စသည်တို့ဆောင်ရွက်ရာ၌ သင့်လျော်သောပစ္စည်းကရိယာများ အသုံးပြုမှုရှိ၊ မရှိ၊ ကျွမ်းကျင်လုပ်သားများရှိ၊ မရှိသည် အရေးပါသည့်အချက်ဖြစ်ပါတယ်။
ထို့ပြင်ခရီးလမ်းကြောင်းလိုအပ်ချက်အရ ခရီးစဉ်အတွင်း မတူညီသည့်ယာဉ်အမျိုးအစားများ အဆင့်ဆင့်လွဲပြောင်းပို့ဆောင်ရမှု (ဥပမာ ကားမှကုန်တင်သဘောၤသို့) နှင့် ကုန်ပစ္စည်းများကို တစ်စုတစ်စည်းတည်းဖြစ်ရန် ကွန်တင်နာများထည့်သွင်းသယ်ဆောင်ရမှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းအမျိုးအစား၊ သဘာဝနှင့် ပမာဏအရ အဆင်ပြေဆုံးနှင့် စရိတ်စကအသက်သာဆုံး ခရီးစဉ်လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၂) ခရီးစဉ်လမ်းကြောင်းအကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရေး
(Route optimization)
ခရီးလမ်းကြောင်းအထိရောက်ဆုံးဖြစ်စေရေးအတွက် သယ်ယူပို့ဆောင်မှုကွန်ယက် (ခရီးစဉ်အစမှ အဆုံးထိ) ကို ဖော်ပြထားတဲ့ နမူနာပုံစံတွေကို သေချာစီစဉ်ရေးဆွဲထားပြီးတော့ အသုံးပြုဆောင်ရွက်ရမှာဖြစ်ပါတယ်။
နမူနာပုံစံရေးဆွဲတဲ့အခါ ပို့ဆောင်မှုလမ်းကြောင်းမှာ ကြုံတွေ့ရမဲ့ လုပ်ငန်းဆိုင်ရာပြဌာန်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်လာနိုင်မဲ့ပြသာနာတွေပါမကျန် မိမိစီစဉ်ထားတဲ့ ပို့ဆောင်ရေးလမ်းကြောင်းကွန်ယက်တစ်ခုလုံးရဲ့ သက်ဆိုင်မဲ့ အချက်အလက်အားလုံး ပါဝင်စေရမှာဖြစ်ပါတယ်။ ထို့ပြင်ပို့ဆောင်မဲ့ကုန်ပစ္စည်း၊ သယ်ယူမဲ့ယာဉ်နဲ့ သက်ဆိုင်ရာဝန်ထမ်း (ဥပမာ ယာဉ်မောင်း) ပါမကျန် စိစစ်ရပါမယ်။ ကုန်ပစ္စည်းနဲ့စပ်လျဉ်းလို့ ကုန်ပစ္စည်းရဲ့အလေးချိန်၊ ထုထည်(ပမာဏ) သာမက အမျိုးအစားနဲ့သဘောသဘာဝပါ ထည့်သွင်းတွက်ချက်ရပါမယ်။ ပို့ဆောင်မဲ့ယာဉ်အမျိုးအစားနဲ့ ပတ်သက်လို့လဲ တင်ဆောင်နိုင်တဲ့ကုန်တင်ချိန်၊ သယ်ဆောင်နိုင်တဲ့ဝန်ပမာဏ၊ ပစ္စည်းတင်ရန်ကြာချိန်၊ သယ်ယူပို့ဆောင်စရိတ်၊ ယာဉ်ရဲ့အမြန်နှုန်းစသည့် အချက်တွေအပြင် မိမိကုန်ပစ္စည်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ယာဉ်အမျိုးအစားဖြစ်သလားဆိုတာပါ ထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ထမ်းများဟာလည်း သူလုပ်ဆောင်ရမဲ့တာဝန်ကို ဆောင်ရွက်နိုင်တဲ့သတ်မှတ်ချက်များ (လိုင်စင်စသည်) ကျွမ်းကျင်မှုများရှိသလားဆိုတာ ဆန်းစစ်ရပါမယ်။

(၃) နမူနာပုံစံအသုံးပြုခြင်း
(Using the model)

စနစ်တကျရေးဆွဲထားတဲ့ နမူနာပုံစံများဟာ သက်ဆိုင်ရာစီမံခန့်ခွဲသူများအတွက် စီးပွားရေးတွက်ခြေကိုက်မှုအရှိဆုံး ခရီးလမ်းကြောင်းဖြစ်သလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ များစွာအထောက်အကူပေးမှာဖြစ်ပါတယ်။ စီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ နမူနာပုံစံက အချက်အလက်တွေကို လိုအပ်သလိုပြောင်းလဲဆောင်ရွက်စေခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ခရီးလမ်းကြောင်းစီစဉ်မှုများကို ရေးဆွဲဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ သယ်ယူပို့ဆောင်မှုကွန်ယက် (သို့မဟုတ်) ခရီးစဉ်လမ်းကြောင်းအစီအစဉ်နမူနာများ ရေးဆွဲခြင်းဖြင့် စီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်နိုင်ကာ မဆိုသလောက်အပြောင်းအလဲ အနည်းငယ်ကိုပင် မျက်ခြေမပြတ်သိရှိနိုင်မည်ဖြစ်ပြီး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ထိုသို့အချိန်နှင့်တပြေးညီ ပြုပြင်ဆောင်ရွက်ခြင်းဖြင့် အထိရောက်ဆုံးနဲ့ အသက်သာဆုံး ခရီးစဉ်လမ်းကြောင်းစီစဉ်မှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

#SuperLight #Logistics #Knowledge #Transportation

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY