fbpx

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေစဉ် ပျက်စီးရခြင်း၏ အဓိက အကြောင်းအရင်းများ

ထုတ်ကုန်ပစ္စည်းများကို ကုန်ထုတ်လုပ်ရာနေရာ (သို့မဟုတ်) ကုန်ဖြန့်ချိရာနေရာမှ လက်လီ၊ လက်ကားအရောင်းဆိုင်များနှင့် သုံးစွဲသူများထံသယ်ယူပို့ဆောင်ရာတွင် အချို့သောကုန်ပစ္စည်းများ ထိခိုက်ပျက်စီးမှုမှာ ရှောင်လွဲ၍မရသည့် ဖြစ်စဉ်တစ်ရပ်ပင်ဖြစ်သည်။
ကုမ္ပဏီအများစုသည် သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ကုန်ပစ္စည်းတချို့ထိခိုက်ပျက်စီးခံရမှုကို လုပ်ငန်းဆောင်ရွက်မှု၏ သာမန်အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်ခံအသိအမှတ်ပြုထားလေ့ရှိသည်။

သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ကုန်ပစ္စည်းများထိခိုက်ပျက်စီးမှု၏ အဓိကအကြောင်းအရင်းမှာ

ကုန်ပစ္စည်းများ၏အလေးချိန်ဟန်ချက်ပျက်ကာ ဝန်ပိ (ဖိမိ) ခြင်းကြောင့်ဖြစ်သည်။
ပစ္စည်းများကို တစ်ခုအပေါ်တစ်ခုဆင့်လျက် စီထပ်ချိန်တွင် စနစ်မကျမှုကြောင့်လည်းကောင်း
ယာဉ်မောင်းနေစဉ်ရုတ်တရက်ရပ်တန့် (ဘရိတ်အုပ်) လိုက်ခြင်းကြောင့်လည်းကောင်း
တောင်တက်လမ်းများကိုမောင်းနှင်စဉ်တွင်လည်းကောင်း ကုန်ပစ္စည်းများသည် စီထပ်ထားရာမှ တဖြည်းဖြည်းချင်းရွေ့လျားကာ အလေးချိန်ဟန်ချက်ပျက်ပြီး အချို့ပစ္စည်းများပေါ်သို့ ဖိမိသကဲ့သို့ဖြစ်ကာ ဝန်ပိခံရသည့်ကုန်ပစ္စည်းများ ပျက်စီးထိခိုက်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

သယ်ယူပို့ဆောင်စဉ် ကုန်ပစ္စည်းများထိခိုက်ပျက်စီးခံရသည့် အခြားအကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် ….

Improper packing (မသင့်လျော်သည့်ထုတ်ပိုးမှု)

စနစ်တကျမှန်ကန်စွာထုတ်ပိုးမှုသည် ကုန်ပစ္စည်းများထိခိုက်ပျက်စီးခံရမှုကို များစွာလျော့နည်းသက်သာစေနိုင်သည်။ ကုန်ပစ္စည်းများကို တင်းကြပ်စွာထုတ်ပိုးလျှင် ကုန်ပစ္စည်းများထိခိုက်နိုင်သကဲ့သို့ လုံလောက်သည့်တင်းကြပ်မှုမရှိပါကလည်း ကုန်ပစ္စည်းများရွေ့လျား (လှုပ်ရှား) နေမည်ဖြစ်ရာ သယ်ယူပို့ဆောင်စဉ်အတွင်း ထိခိုက်မှုမရှိစေရေးအတွက် ချိန်ဆဆောင်ရွက်နိုင်ရန် လိုမည်ဖြစ်သည်။

Pallet damage (ပစ္စည်းတင်စင်ပျက်စီးမှု)

ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အောက်ခံစင်အဖြစ်အသုံးပြုသည့် သစ်သားစင် Pallet များသည် ၎င်းတို့အသုံးပြုမှုသက်တမ်းကာလအတွင်း ချွတ်ယွင်းပျက်စီးမှုများရှိနိုင်သည်ဖြစ်ရာ အသုံးမပြုသင့်တော့သည့် အောက်ခံစင် Pallet များအသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းများထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ အောက်ခံအဖြစ်အသုံးပြုရမည့် Pallet များကို သေချာစွာရွေးချယ်ရန် (သို့မဟုတ်) ပိုမိုကြာရှည်ခံပြီး အမျိုးအစားပိုမိုကောင်းမွန်သည့် ပလတ်စတစ် Pallet များဖြင့် အစားထိုးအသုံးပြုရန် လိုအပ်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ကုန်ပစ္စည်းထိခိုက်ပျက်စီးမှုကို လျော့နည်းသက်သာစေနိုင်မည့် အကောင်းဆုံးနည်းလမ်း (အဓိကသော့ချက်) မှာ စနစ်တကျထုတ်ပိုးမှု (Packaging) ပင်ဖြစ်သည်။

#SuperLight #Logistics #Educating #Packaging_Risk

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY