fbpx

Cargo Securing ဖြစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ?

ဒီအချက်တွေကိုသာ မသိထားရင် ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အတိမ်းအစောင်းတွေ ဖြစ်ပေါ်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှုတွေလည်း အင်မတန်ဖြစ်နိုင်တာမလို့ အထူးဂဂရုပြုသင့်ပါတယ် …

Basic of Cargo Securing
(ကုန်စည်လုံခြုံစိတ်ချရမှုအခြေခံအချက်များ)
===============================

⚠️ ကုန်စည်လုံခြုံစိတ်ချရမှုဆိုသည်မှာ သယ်ယူပို့ဆောင်ရာတွင် ကုန်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် အခြားဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် လုံခြုံစိတ်ချရမှုရှိစေရန် စနစ်တကျစီမံဆောင်ရွက်ခြင်းပင်ဖြစ်သည်။

⚠️ ကုန်စည်များကိုသယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ထားသိုထိန်းသိမ်းမှုမရှိပါက မလိုလားအပ်သော မတော်တဆမှုများဖြစ်ပေါ်ကာ လူ့အသက်အန္တရာယ်နှင့် ယာဉ်၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုသာမက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။

⚠️ မော်တော်ယာဉ်ပေါ်နှင့် ကွန်တင်နာများအတွင်း ကုန်ပစ္စည်းများကို ထည့်သွင်းတင်ဆောင်ရာတွင် ရွေ့လျားမှုမရှိပဲ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပစ္စည်းတင်ယာဉ်နှင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုလျက်ရှိသည်။

၎င်းတို့အနက် အခြေခံနည်းလမ်းများမှာ –

🔰 Blocking and Bracing (တုံးခုမှုနှင့်ထောက်ကန်မှု)
——————————————————————–
ကုန်ပစ္စည်းများကို အရှေ့၊ အနောက်မရွေ့လျားနိုင်စေရေးအတွက် သစ်နှင့်သတ္တုချောင်းများကို အသုံးပြုလျက်ဆောင်ရွက်ခြင်း

🔰 Fasteners (ခိုင်မြဲစေခြင်း)
————————————–
တင်ဆောင်သည့်ယာဉ်နှင့် ကုန်ပစ္စည်းအမျိုးအစားပေါ်မှုတည်၍ ရိုက်သံများ၊ မူလီများကိုအသုံးပြုကာ မရွေ့လျားနိုင်အောင် ဆောင်ရွတ်ခြင်း

🔰 Dunn-age (သပ်လျှိုခြင်း)
————————————-
ကုန်သင်္ဘော (သို့မဟုတ်) ယာဉ်များ၏ မောင်းနှင်မှုအရှိုန်ကြောင့် ကုန်ပစ္စည်းများလှုပ်ခါမှု၊ ရွေ့လျားမှုမရှိစေရန် ကုန်ပစ္စည်းများအကြားနေရာလွတ်များတွင် ရွေဘော်စာကဲ့သို့ သစ်အလေအလွင့်များကို ဖြည့်သွင်းခြင်း၊ သစ်သားဘုတ်ပြားများကို ကုန်ပစ္စည်းအောက်ခံဖရိန်များအဖြစ် အသုံးပြုခြင်း

🔰 Strapping (ထုတ်ပိုးခြင်း)
————————————
ကုန်ပစ္စည်းများကို လိုအပ်ချက်ပေါ်မူတည်၍ သယ်ယူပို့ဆောင်မှုလွယ်ကူစေရန် သံမဏိ၊ ပိုလီယက်စတာ၊ နိုင်လွန်၊ စက္ကူ၊ ကွန်ပိုးဆစ်စသည့် ကြိုးပြားများကိုအသုံးပြု၍ ထုတ်ပိုးခြင်း👇👇👇

🔰 Lashing (ချည်နှောင်ခြင်း)
————————————-
ယာဉ်များပေါ်တွင် ကုန်စည်ပစ္စည်းများကို ရွေ့လျားမှုအနည်းဆုံးဖြစ်စေရန် ကေဘယ်လ်ကြိုး၊ ဝိုင်ယာကြိုး၊ သံမဏိချိန်းကြိုးစသည့် ကြိုးအမျိုးမျိုးကိုအသုံးပြုလျက် ချည်နှောင်ထားခြင်း

🔰 Dunn-age bags (လေအိတ်များ အသုံးပြုခြင်း)
————————————————————–
စားသောက်ကုန်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စက္ကူလိပ်များကဲ့သို့ ကုန်ပစ္စည်းများကို ရွေ့လျားမှုနည်းပါးစေရန် လေအိတ်များကို ကြားခံသပ်လျှိုအသုံးပြုခြင်း

🔰 Tie downs (တုတ်နှောင်ခြင်း)
——————————————
လေးလံသောကုန်ပစ္စည်းများအား ယာဉ်များပေါ်တွင် မရွေ့လျားနိုင်အောင် သံမဏိချိန်းကြိုးကဲ့သို့ တင်းအားဒဏ်ခံနိုင်သည့်ကြိုးကြီးများဖြင့် တုတ်နှောင်ထားခြင်း စသည့် နည်းလမ်းများပင်ဖြစ်သည်။

#Superlight #Logistics #Educating #Basic_Cargo_Securing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY