fbpx

ပိုင်ဆိုင်ပစ္စည်းထိန်းသိမ်းစီမံမှု နည်းလမ်းများ

Inventory controll (ပိုင်ဆိုင်ပစ္စည်းများထိန်းသိမ်းမှု) ဆိုသည်မှာ သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားရှိသော ကုန်ချောထုတ်ကုန်များ၊ ထုတ်လုပ်ဆဲပစ္စည်းများ၊ ကုန်ကြမ်းများစသည့် ပစ္စည်းများကို လက်ငင်းသုံးစွဲသူများ၏ လိုအပ်ချက်အတိုင်း အပိုအလိုမရှိ လုံလောက်သောပမာဏ ထိန်းသိမ်းထားနိုင်ရေးအတွက် စာရင်းပြုစုခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်စီမံဆောင်ရွက်ခြင်းပင်ဖြစ်သည်။

ပိုင်ဆိုင်ပစ္စည်း (Iventory) များ သိုလှောင်ထိန်းသိမ်းရာတွင် လုပ်ငန်းသဘာဝအပေါ်မူတည်၍
🔸 လူလုပ်အားဖြင့်ရေတွက်ခြင်းစနစ် (Manual counting systems)
🔸 သတ်မှတ်သင်္ကေတစနစ် (Bar code system)
🔸 ရေဒီယိုကြိမ်နှုန်းအချက်ပြစနစ် (Radio-frequency indentification system) စသည်ဖြင့် စနစ်အမျိုးမျိုးကို အသုံးပြုကြသည်။ ထိုနည်းတူ လုပ်ငန်းသဘာဝအပေါ် မူတည်၍ အောက်ပါနည်းလမ်းများအား အသုံးပြုနိုင်သည်။

🔶🔷 Establishing Annual Stocking Policies
နှစ်စဉ်ပစ္စည်းထိန်းသိမ်းမှု မူဝါဒများချမှတ်ခြင်း

သိုလှောင်ရုံအတွင်း သိုလှောင်ထိန်းသိမ်းရမည့် အများဆုံးနှင့်အနည်းဆုံး ကုန်ချော(သို့မဟုတ်)ကုန်ကြမ်းပမာဏ သတ်မှတ်ပေးခြင်း၊ ကုန်ပစ္စည်းပြန်လည်ဖြည့်တင်းရမည့်ပမာဏ (ထပ်မံအမှာစာပေးပို့ရမည့်အချိန်) ဖြန့်ဖြူးရေးလုပ်ငန်းမထိခိုက်စေမည့် လုံလောက်သောပမာဏနှင့် ကုန်ကျစရိတ်ကာမိစေမည့် ပျမ်းမျှပမာဏ စသည်တို့ကိုသတ်မှတ်ပေးခြင်း။

🔶🔷 Preparations of Inventory budgets
ကုန်ပစ္စည်းဆိုင်ရာဘတ်ဂျက်ပြင်ဆင်ခြင်း

ကုန်ကြမ်းပစ္စည်းများဝယ်ယူစရိတ်၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ကုန်စည်စီးဆင်းမှု၊ ဖြန့်ဖြူးရေးစရိတ်နှင့် အခြားမမျှော်မှန်းနိုင်သောစရိတ်များအပါအဝင် ဘဏ္ဍာရေးနှစ်အတွင်း ကုန်ပစ္စည်းများလက်ဝယ်ထားရှိရန် လိုအပ်မည့်အသုံးစရိတ်စာရင်းများ ပါဝင်သည့် နှစ်စဉ်ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ခြင်း။

🔶🔷 Maintaining & Perpetual Inventory Systems
ခေတ်မီပြောင်းလဲနေသည့် ပစ္စည်းထိန်းသိမ်းမှုစနစ်များအသုံးပြုခြင်း

သိုလှောင်ထိန်းသိမ်းထားသော ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများကို လိုအပ်ချက်နှင့်တပြေးညီ ဟန်ချက်ညီမျှစေရေးအတွက် ခေတ်မီနည်းစနစ်များကိုအသုံးပြုကာ ပစ္စည်းတစ်မျိုးချင်းစီ၏ အရေအတွက်နှင့်တန်ဖိုးကို စဉ်ဆက်မပြတ် စာရင်းပြုစုထိန်းသိမ်းခြင်း။

🔶🔷 Inventory Turnover Ratio
ကုန်ပစ္စည်းများ အထွက်နှင့်ပြန်လည်ဖြည့်တင်းမှုအချိုး
သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ထုတ်ကုန်(သို့မဟုတ်)ကုန်ကြမ်းပစ္စည်းများ မည်မျှလျင်မြန်စွာအသုံးပြု (သို့မဟုတ်) ဖြန့်ဖြူးရသည်ကိုတွက်ချက်ခြင်း။ ထုတ်ကုန်ပစ္စည်းတစ်ခုသည် သိုလှောင်ချိန်တိုတောင်းလေ ရောင်းရမှုပမာဏမြင့်မားလေဖြစ်ပြီး ပိုမိုအကျိုးအမြတ်ပေါ်ထွန်းစေလေဖြစ်သည်။

🔶🔷 Establishment of optimized Purchasing Procedures
အထိရောက်ဆုံးဝယ်ယူရေး လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း
ကုန်ပစ္စည်းများကို အပိုအလိုမရှိ လုံလောက်အောင်ထိန်းသိမ်းထားနိုင်ရေးအတွက် ပစ္စည်းတစ်မျိုးချင်းစီ၏ ရောင်းအား၊ ဝယ်လိုအားများပေါ်မူတည်ကာ သင့်လျော်မည့် ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း။

#SuperLight #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY