fbpx

ခေတ်မီသိုလှောင်ရုံများ (Smart Warehouses)

ခေတ်မီသိုလှောင်ရုံများ (Smart Warehouses) မှာ အဆိုပါ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများကို လက်ခံ ၊ ထိန်းသိမ်းထားရှိခြင်းမှ သုံးစွဲသူများထံ ပေးပို့သည်အထိ သိုလှောင်ရုံလုပ်ငန်းစဉ် အရပ်ရပ်ကို ခေတ်မီ နည်းစနစ်များ ၊ ခေတ်မီ စက်ပစ္စည်းကိရိယာများ အသုံးပြုကာ ဆောင်ရွက်သည့် သိုလှောင်ရုံအမျိုးအစားဖြစ်သည်။ ယခင်က လူ၏ လုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြသော ကုန်ပစ္စည်းများ လက်ခံခြင်း ၊ ကုန်ပစ္စည်းအမျိုးအစား ခွဲခြားခြင်း ၊ရေတွက်ခြင်း ၊ ပစ္စည်းအမျိုးအစားအလိုက် သိုလှောင်ရုံအတွင်းနေရာချထားခြင်း ၊ ပေးပို့ရမည့်ပစ္စည်းများအား ရွေးထုတ်ခြင်း စသည့် သိုလှောင်ရုံ လုပ်ငန်းစဉ်များအားလုံးနီးပါးကို ခေတ်မီ စက်ပစ္စည်းကရိယာများ အသုံးပြုကာ ဆောင်ရွက်ပေးကြသည်။ ထို့ပြင် ခေတ်မီသိုလှောင်ရုံများတွင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို ပေါင်းစပ်အားဖြည့် ဆောင်ရွက်လျက်ရှိသဖြင့် သိုလှောင်ရုံလုပ်သားများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှု ၊ အရည်အချင်းနှင့် လုပ်ငန်းတွင်ကျယ် ထိရောက်မှုကို တိုးတက်မြင့်မားလာစေသည့်အပြင် ဖြစ်ပေါ်တတ်သည့်အမှားများကိုလည်း များစွာလျော့ကျစေသပြီး လုပ်သားဦးရေ လိုအပ်မှုကိုလည်း အနည်းဆုံး ဖြစ်စေရန် လျှော့ချနိုင်လျက်ရှိသည်။

ခေတ်မီသိုလှောင်ရုံတစ်ရုံတွင် မည်သို့ လုပ်ငန်းဆောင်ရွက်နေသလဲ
(How does a smart warehouse work?)
—————————————–
ခေတ်မီသိုလှောင်ရုံများသည် Robotics Technologies (စက်ရုပ်များ တီထွင်ဖန်တီးထုတ်လုပ်ကာ အသုံးချသည့် နည်းပညာများ ) ၊ The internet of Tings – IOT ( ကွန်ရက်တစ်ခုအတွင်း ချိတ်ဆက်ထားသော ကွန်ပြူတာများအတွင်း သတင်း ၊အချက်အလက်နှင့် ညွှန်ကြားချက်များကို အလိုအလျောက် လွှဲပြောင်း ၊ လက်ခံနိုင်သောစနစ်) နှင့် artificial intelligence – AI (လူသားကဲ့သို့ လေ့လာမှတ်သား ၊ တွေးဆ၊ ဖြေရှင်းနိုင်ရန် အစီအစဉ် ရေးဆွဲ ထည့်သွင်းထားသော အသိဉာဏ်တု ) စသည့် ခေတ်မီနည်းစနစ်များအား များစွာ အားပြု ဆောင်ရွက်ကြသည်။ အဆိုပါ ခေတ်မီနည်းပညာများသည် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲခြင်း ၊ သိုလှောင်ရုံတွင်းရှိ ကုန်ပစ္စည်းတစ်မျိုးချင်းစီ၏ တည်နေရာ (ထားသိုရာ) မှတ်သားခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသားစများထက် ပိုမို မြန်ဆန်တိကျ အမှားကင်းစင်ကြသည်။
ခေတ်မီ သိုလှောင်ရုံများတွင် အသုံးပြုလေ့ရှိကြသည့် အခြား အရေးပါသော ခေတ်မီ နည်းစနစ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

– RFID (Radio frequency identification)
ကုန်ပစ္စည်း တစ်ခုပေါ်တွင် တပ်ဆင် ၊ ချိတ်ဆွဲ ထားသည့် ကပ်ပြားပေါ်မှ ရေဒီယိုကြိမ်နှုန်း ပြမှုကို ဖတ်ရှု ၊မှတ်သားကာ ပစ္စည်းအမျိုးအစား ခွဲခြားစီစစ်သည့်စနစ် )

– Wearable Technology
ကုန်ပစ္စည်းတစ်ခုခုပေါ်တွင် တပ်ဆင်/ချိတ်ဆွဲနိုင်သော တည်နေရာပြ အီလက်ထရွန်နစ် ကိရိယာ

– Sensors (အာရုံခံကိရိယာများ)
ကုန်ပစ္စည်းများ လုံခြုံရေး ၊ ကြီးကြပ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွက် အသုံးပြုသည်

– WMS (Warehouse Management Software)
သိုလှောင်ရုံစီမံခန့်ခွဲမှုလုပ်ငန်းများကို အထိရောက်ဆုံး ၊အတွင်ကျယ်ဆုံး ဖြစ်စေရန် အထောက်အကူပြု အီလက်ထရွန်နစ်စနစ်)
ခေတ်မီသိုလှောင်ရုံများသည် အထက်ပါ ခေတ်မီနည်းပညာများကို အသုံးပြုလျက် သုံးစွဲသူအမှာစာများကို လက်ခံသည်မှ သုံးစွဲသူထံ မှာယူပစ္စည်းများ ပေးပို့သည်အထိ လုပ်ငန်းစဉ် အရပ်ရပ်ကို သွက်လက်မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြသည်။

ခေတ်မီသိုလှောင်ရုံတစ်ခု၏ အကျိုးကျေးဇူးများ
(Benefits of a smart warehouse)
————————————-
ခေတ်မီသိုလှောင်ရုံများသည် ၎င်းတို့ကို အသုံးပြုသည့် (သို့) ငှားရမ်းသုံးစွဲသည့် ကုမ္ပဏီများအား သတင်းနှင့်အချက်အလက်များကို အချိန်နှင့် တပြေးညီ (ချက်ချင်း) သိမြင်နိုင်စေခြင်းဖြင့် လုပ်ငန်းစဉ်အတွင်း ချွတ်ယွင်းချက်များကို ချက်ချင်းပြုပြင်နိုင်ခြင်း ၊ ကြိုတင်ခန့်မှန်းမှုနှင့် အစီအစဉ် ချမှတ်နိုင်မှုများအတွက် ထောက်ကူပေးနိုင်ခြင်းအပြင် လုပ်ငန်းစဉ် ၊ လုပ်နည်းစနစ်များ ၊ အစွမ်းဆောင်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ခြင်း ၊ လုပ်ငန်းအကောင်အထည် ဖော်မှုကို တိုးတက်ရေးအတွက် လိုအပ်သည့် ပြောင်းလဲမှုများကို ချက်ချင်း ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
ထို့ပြင် ခေတ်မီသိုလှောင်ရုံများသည် သူ့ကြောင့် ဖြစ်ပေါ်ရသော မှားယွင်းမှု အများစုကို ဖယ်ရှားနိုင်ပြီး သိုလှောင်ရုံအတွင်း လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို တိုးမြှင့်လာစေနိုင်မည်ဖြစ်သည်။
လွှမ်းခြုံသုံးသပ်ရလျှင် ခေတ်မီသိုလှောင်ရုံတစ်ခု၏ အခြေခံအကျဆုံး အကျိုးကျေးဇူးများမှာ အသုံးပြုသည့် ငှားရမ်းသုံးစွဲသည့် ကုမ္ပဏီများ၏ အချိန်နှင့် ငွေကြေးကို ချွေတာနိုင်မှုနှင့် အမြတ်အစွန်း တိုးပွားစေကာ စားသုံးသူ ဖောက်သည်များ၏ ကျေနပ်နှစ်သက်မှု အဆင့်ကို မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သည်။

ခေတ်မီသိုလှောင်ရုံများ၏ အနာဂတ် ( The future of the smart warehouse)
———————————–
ယခုအခါ online အရောင်းအဝယ် တိုးတက်လာသည်နှင့်အညီ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှု မှန်ကန်တိကျရေး လိုအပ်ချက်မြင့်မားလာမှုကြောင့် ခေတ်မီသိုလှောင်ရုံများ၏ အရေးပါမှုနှင့် အသုံးဝင်မှုမှာ ပိုမို တိုးတက်လာလျက်ရှိသည်။ Online ကုန်စည်ဖြန့်ချီသူများသည် ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်မှုနှင့် စပ်လျဉ်း၍ သုံးစွဲသူများအား တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ အသိပေးရန် မလွဲမသွေ မုချ လိုအပ်သည်။ အဆိုပါ လိုအပ်ချက်ကို ခေတ်မီသိုလှောင်ရုံများက ဖြည့်စွမ်းပေးနိုင်သည့်အပြင် ကုန်ပစ္စည်းပြတ်လတ်သည့် အခြေအနေများကို လျှော့ပါးစေကာ သုံးစွဲသူ ဝန်ဆောင်မှု တိုးတက်ရေး ၊ သုံးစွဲသူ ကျေနှပ်နှစ်သက်မှု မြင့်တက်ရေးတို့ကို ထောက်ကူပြုပေးနိုင်မည် ဖြစ်သည်။ ထိုသို့ဖြင့် သုံးစွဲသူများ၏ ယုံကြည်မှုနှင့် ကုန်အမှတ်တံဆိပ်အပေါ် နှစ်ခြိုက်စွဲမြဲမှုကို ရရှိစေပြီး လုပ်ငန်းအောင်မြင်တိုးတက်စေနိုင်မည်ဖြစ်သည်။
ခေတ်မီသိုလှောင်ရုံများသည် နှေးကွေးသော ၊ ပြုပြင်ပြောင်းလဲမှု မရှိသော ၊ တုန့်ပြန်မှုမရှိသော Supply Chains များမှသည် လျင်မြန်သွက်လက်သော ၊ ပိုမို ခေတ်မီသော ၊ အလိုအလျောက်စနစ်များဖြင့် ပြည့်စုံသော Supply Chain များအဖြစ် အသွင်ကူးပြောင်းစေသည့် အလှည့်အပြောင်း (ခလုတ်) တစ်ခုသဖွယ် တည်ရှိနေမည်ဖြစ်သည်။
အဆိုပါ ပြောင်းလဲမှုသည်လည်း ဆက်လက်ဖြစ်ပေါ်နေမည်ဟု မျှော်လင့်ရပြီး ကုမ္ပဏီ အများအပြားသည် ခေတ်မီသိုလှောင်ရုံ နည်းစနစ်များကို အကောင်အထည်ဖော် သုံးစွဲကြကာ ပိုမို ထိရောက် မြန်ဆန်တွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ကြမည့် အလားအလာများ တိုးပွားလာလျက်ရှိသည်။

#SuperLight #Logistics #Knowledge #Smart_Warehosue

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY