fbpx

သိုလှောင်ရုံတိုင်းကို ခြိမ်းခြောက်နေသည့် ကြွက်အန္တရာယ်

သိုလှောင်ရုံများတွင် အင်းဆက်ပိုးမွှားနှင့် ကြွက်ကဲ့သို့သော ကိုက်ဖြတ်သတ္တဝါများသည် ကုန်ပစ္စည်းများကို ထိခိုက်ပျက်စီးစေသည့်အပြင် မလိုလားအပ်သော အခြားအန္တရာယ်များကိုပါ သယ်ဆောင်လာသဖြင့် ၎င်းတို့ အန္တရာယ်မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်သင့်ပါသည်။ ကြွက်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရာတွင် အထူးသတိပြုသင့်သည့် အချက်များမှာ

  • (၁) သိုလှောင်ရုံအတွင်း အသုံးပြုသည့် ထောင်ချောက်များတွင် အစားအစာများကို အစာအဖြစ် အသုံးမပြုသင့်ပေ။
  • (၂)ကောင်းမွန်ထိရောက်သည့် ရေဆိုးထုတ်စနစ်သည် စားကြွင်းစားကျန်များကဲ့သို့သော ကြွက်များကို ဖိတ်ခေါ်နေသည့်အရာများအား ဖယ်ရှားရှင်းလင်းပစ်နိုင်မည်ဖြစ်သည်။
  • (၃) ကြွက်များ ခိုလှုံပုန်းအောင်းနေနိုင်သည့် နေရာများကို သေချာစွာ စီစစ်ကာ ထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်သည်။
  • (၄) ကြွက်နှင့်ပိုးမွှားနှိမ်နင်းရေးအတွက် သက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးထားသော ဝန်ထမ်းတစ်ဦး သီးသန့်တာဝန်ပေးဆောင်ရွက်သင့်သည်။
  • (၅) သိုလှောင်ရုံ အဆောက်အဦး ကြမ်းပြင်နှင့် နံရံတည်ဆောက်မှုသည် ကြွက်များ ဝင်ရောက်နေနိုင်ရန်နှင့် ခိုလှုံရန် မဖြစ်နိုင်သည့် ဒီဇိုင်းပုံစံ ဆောင်ရွက်ထားသင့်သည်။
  • (၆) သိုလှောင်ရုံဝန်းကျင် (မြေပြင်နှင့်ခေါင်းမိုးအပါအဝင်) ကြွက်လှုပ်ရှားသွားလာမှုရှိ ၊မရှိ စောင့်ကြပ်စစ်ဆေးမှုကို အနည်းဆုံး (၃)လတစ်ကြိမ် ပြုလုပ်သင့်သည်။
  • (၇) လိုအပ်လျှင် လိုအပ်သလို ကြွက်သတ်ဆေး အသုံးပြုမှုကဲ့သို့ သုတ်သင်ရှင်းလင်းမှု အစီအစဉ်များကို ဆောင်ရွက်ပါ။

အထက်ပါ နည်းလမ်းများအား သေချာစွာ လိုက်နာကျင့်သုံးမည်ဆိုပါလျှင် သိုလှောင်ရုံအတွင်း ကြုံရတတ်သည့် ကြွက်အန္တရာယ်များအားလည်း သိသိသာသာ လျော့နည်းသက်သာသွားစေမည်ဖြစ်ပါသည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY