fbpx

Warehouse မန်နေဂျာတိုင်း မကြုံတွေ့လိုသည့် မမျှော်လင့်နိုင်ဖွယ် အန္တရာယ်များ

Waehouse များသည် မမျှော်လင်ပဲ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အများအပြားနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော အကျိုးဆက်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ရသည့် အားလျော်စွာ သိုလှောင်ရုံမှူးတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အန္တရာယ်များအား ကြိုတင်မှန်းဆထားရန် လိုအပ်လှပါသည်။ သိုလှောင်ရုံများအတွင်း ဖြစ်ပွားလေ့ရှိသည့် အန္တရာယ်များမှာ

  • (၁) Manual Handling/Musculoskeletal Disorders
    (လူ့လုပ်အားဖြင့် ပစ္စည်းများ ကိုင်တွယ်ရွေ့ပြောင်းမှုကြောင့် ဖြစ်ပွားရသည့် ကြွက်သားနှင့် အဆစ်အမြစ်ဝေဒနာများ)

သိုလှောင်ရုံများအတွင်း ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိစေမှုတွင် အဓိက အကြောင်းအရင်းတစ်ချက်မှာ ပစ္စည်းရွှေ့ပြောင်းခြင်း ၊ သယ်မခြင်း ၊ အတင်အချပြုလုပ်ခြင်း စသည့် Handling လုပ်ငန်းစဉ်များကို လူ့လုပ်အားဖြင့် ဆောင်ရွက်ခြင်းကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် လေးလံပြီး ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေကို လူ့လုပ်အားဖြင့် မနိုင်မနင်း သယ်မခြင်း ၊ ရွှေ့ပြောင်းခြင်း ပြုလုပ်ရာမှ ကျောရိုးထိခိုက်မှုအပါအဝင် ကြွက်သားနှင့် အဆစ်အမြစ်ဝေဒနာများ ခံစားကြရလေ့ရှိသည်။ သို့ဖြစ်သောကြောင့် ရွေ့လျား စက်ခါးပတ် ၊ ထရော်လီစသည့် စက်ပစ္စည်းများအား အတတ်နိုင်ဆုံး အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းမှုကို ဆောင်ရွက်သင့်ပါသည်။ လူလုပ်အားကို မဖြစ်မနေ အသုံးပြုရမည်ဆိုပါကလည်း သက်ဆိုင်ရာ လုပ်သားများအား အန္တရာယ်ကင်းစွာ ပစ္စည်းမတင်မှု နည်းစနစ်ကဲ့သို့သော လေ့ကျင့်သင်တန်းများပေးခြင်း ၊ ကုန်ပစ္စည်း (ဝန်) များအားလည်း ခွဲထုတ်နိုင်လျှင် ခွဲထုတ် (သို့) လုံလောက်မည့် လူအင်အားကို အသုံးပြု၍ ဆောင်ရွက်စေခြင်မျိုးဖြင့် အန္တရာယ်ကာကွယ်နိုင်မည်ဖြစ်သည်။

  • (၂) Slips or Trips
    (ခြေချော်ခြင်းနှင့် ခလုတ်တိုက်လဲခြင်း)

အလုပ်သမားများအား ထိခိုက်ဒဏ်ရာ ရစေမှု ဒုတိယအများဆုံး ဖြစ်ပွားစေသည့် အချက်မှာ ခြေချော်ခြင်းနှင့် ခလုတ်တိုက်မိရာမှ ဖြစ်ပွားသည့် မတော်တဆမှုများပင်ဖြစ်သည်။ အဆိုပါ မတော်တဆမှု ဖြစ်ရခြင်းမှာ အဓိကအားဖြင့်

(၁) မသင့်လျော်သည့် ကြမ်းပြင်များ
(၂) စိုစွတ်သော (သို့) မသန့်ရှင်းသော ကြမ်းပြင်များ
(၃) မသင့်လျော်သည့် ခြေနင်းဖိနပ်များ
(၄) အလင်းရောင်မလုံလောက်ခြင်း
(၅) လျှောက်လမ်းများမှ အတားအဆီးများ
(၆) မညီညာသည့် မျက်နှာပြင်များ စသည့် အကြောင်းအချက်များကြောင့်ပင်ဖြစ်သည်။

အထက်ပါ မတော်တဆမှုများဖြစ်ပွားစေသည့် အကြောင်းအရင်းများအား အတတ်နိုင်ဆုံး နည်းပါးအောင် (သို့) လုံးဝကင်းစင်အောင် ဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

  • (၃) Being hit by falling or moving objects
    (ပြုတ်ကျလာသော (သို့) လွင့်စင်လာသော ပစ္စည်းများနှင့် ထိခိုက်မိခြင်း)

အမြင့်မှ ပြုတ်ကျသည့် ပစ္စည်းများ ထိခိုက်မှုအန္တရာယ်သည် မျက်နှာကျက်မြင့် (ခေါင်မိုးမြင့်) သည့် သိုလှောင်ရုံများတွင် အများအားဖြင့် ဖြစ်ပွားလေ့ရှိပါသည်။ စနစ်တကျ ပုံစံထုတ်မထားသော (သို့) ကောင်းစွာ ပြုပြင်ထိန်းသိမ်းမှုမရှိသော ပစ္စည်းတင်စက်များပေါ်မှလည်း ပစ္စည်းများ ပြုတ်ကျနိုင်ပါသည်။ ထို့အပြင် ပစ္စည်းတင်စင်အမြင့်ပိုင်းတွင် အလုပ်လုပ်နေသူများ (သို့) ဝန်ချီစက်များ ၊ ဖော့ကလစ်ယာဉ်များနှင့် (ထက်အောက်ရွေ့လျား) ပစ္စည်းတင်စင်္ကြန်များပေါ်မှလည်း ပစ္စည်းများ လွင့်စင်ကျလာနိုင်ပါသည်။ ထို့ကြောင့် သိုလှောင်ရုံအတွင်း တာဝန်မရှိသူများအား ဝင်ရောက်ခွင့်မပြုရေးနှင့် ပစ္စည်တင်စင်များအား စနစ်တကျ ပြုပြင်ထိန်းသိန်းရန်၊ ပိုလျှံဝန်မတင်မိစေရေးကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လှပါသည်။

  • (၄) Fall from height
    (အမြင့်မှ ပြုတ်ကျခြင်း)

သိုလှောင်ရုံ အလုပ်သမားများအနေဖြင့် အထပ်မြင့်ပစ္စည်းတင်စင်များပေါ်တွင် ပစ္စည်းများစီထပ်ခြင်း ၊ အမြင့်ပိုင်းမှ ပစ္စည်းများကို ပြောင်းရွှေ့ခြင်းတို့ကို လှေခါးများ အသုံးပြု၍လည်းကောင်း ၊ ထက်အောက် ရွှေ့လျားစင်္ကြန်များဖြင့် လည်းကောင်း ပြုလုပ်ကြလေ့ရှိပါသည်။ သို့သော်လည်း ဖြစ်နိုင်လျှင် လုပ်သားများအား အမြင့်ပိုင်းတွင် အလုပ်လုပ်စေခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန်လိုအပ်လှပါသည်။ မဖြစ်မနေ လိုအပ်ပါကလည်း အမြင့်မှ ပြုတ်ကျမှုကို ကာကွယ်နိုင်မည့် ကိရိယာတန်ဆာပလာများ အသုံးပြုစေခြင်းမျိုး ညွှန်ကြားသင့်ပါတယ်။ အလုပ်သမားများအား လိုအပ်သည့် သင်တန်းပို့ချမှုမျိုးနှင့် ဖော့ကလစ်များ၏ ဝန်ချီတန်ပေါ် (သို့) ပစ္စည်းတင်စက်လေးများ (Pallets) ပေါ်ရပ်ခြင်းမျိုးကိုလည်း မပြုလုပ်စေရန် ကြိုတင် အသိပေးထားရန် လိုအပ်လှပါသည်။

  • (၅) Moving Vehicles
    (ရွှေ့လျားနေသောယာဉ်များ)

သိုလှောင်ရုံအတွင်းနှင့် ဝန်းကျင်တွင် ယာဉ်၏ သွားလာမှုကို သေချာစွာ ကြီးကြပ်ကွပ်ကဲရန် အထူးလိုအပ်လှပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ယာဉ်လမ်းကြောင်းများကို ပြင်ပ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များ ၊ ဧည့်သည်များအား အသိပေးထားခြင်းဖြင့် မတော်တဆမှုများကို အတတ်နိုင်ဆုံး လျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။ သိုလှောင်ရုံများတွင် မဖြစ်မနေ အများဆုံး အသုံးပြုနေရသည့် ရွေ့လျားဝန်ချီစက် Fork-Lift Truck များမှာလည်း အန္တရာယ်ကြီးမားသည့် ယာဉ်များပင်ဖြစ်တာကြောင့် ဖော့ကလစ်အသုံးပြုမှုကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့် ပစ္စည်းတင်စက်များအကြား ၊လျှောက်လမ်းများကို ဖော့ကလစ်များ ဝင်ရောက်အလုပ်လုပ်နိုင်ရန် လုံလောက်သည့်အကျယ်အဝန်းထားပေးခြင်း၊ ဖော့ကလစ်ယာဉ်မောင်းများအား လိုအပ်သည့် သင်တန်းပို့ချမှုနှင့်အတူ ယာဉ်ကြံ့ခိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲခြင်းမျိုးတွေကိုလည်း ပြုလုပ်ရပါမယ်။

  • (၆) Security
    (လုံခြုံရေး)

သိုလှောင်ရုံအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ ပျက်ဆီး ၊ ဆုံးရှုံးမှုမရှိစေရေး အထူးသဖြင့် ပြင်ပမှ ဝင်ရောက်လာမည့် သူခိုးသူဝှက်များ၏ အန္တရာယ်မှ ကာကွယ်ရေးသည်လည်း အရေးပါသည့် အချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် လုံခြုံရေးဆိုင်ရာအစီအမံများ (ဥပမာ CCTV တပ်ဆင်ခြင်းမျိုး) ကို လိုအပ်သည့် အတိုင်းအတာအပေါ် မူတည်ကာ ကြိုတင်စီမံဆောင်ရွက်သင့်ပါသည်။

  • (၇) Other Risks
    (အခြားဖြစ်ပွားနိုင်သည့်အန္တရာယ်များ)

အချို့သော သိုလှောင်ရုံများတွင် ၎င်းတို့အတွက် ကြိုတင်ကာကွယ်မျုအဖြစ် လုပ်ငန်းဆောင်မရွက်မှုအချို့ကို ထပ်ဆောင်းဆောင်ရွက်ထားခြင်းမျိုးရှိပါသည်။ ဥပမာအားဖြင့် ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများနှင့် မီးလောင်လွယ်သည့် အန္တရာယ်ရှိ ပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ဆိုသည့် လုပ်နည်းစနစ်မျိုးကို ကြိုတင်ရေးဆွဲထားခြင်းမျိုးဖြစ်သည်။ သိုလှောင်ရုံများတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များတွင် မီးလောင်ခြင်း ၊ ရေလျှံခြင်းစသည့် ဘေးအန္တရာယ်များ ၊ သဘာဝဘေးအန္တရာယ်ကြီးများဖြစ်သည့် မြေငလျင်နှင့် လေပြင်းမုန်တိုင်း၊ လေဆင်နှာမောင်း စသည်များကိုလည်း မမျှော်လင့်ပဲ ကြုံတွေ့နိုင်သည်ဖြစ်သောကြောင့် ထည့်သွင်းစဉ်းစားသင့်ပေသည်။

#SuperLight  #Logistics #Warehouse_Manager

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY