fbpx

သိုလှောင်ရုံစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (Warehouse Management Ideas)

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း ၊ နေရာချထားခြင်း ၊ ပြန်လည်ထုတ်ယူခြင်း ၊ သင်္ဘောတင်ပို့ခြင်း စသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။

 

(၁) သိုလှောင်ရုံနေရာချထားမှုများကို ပြန်လည်စီစစ်ပါ (Reassess your floor plan)

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းတင်စင်များ ၊ ကရိယာများ ၊ တန်ဆာပလာများ ၊ အလုပ်ခုံများ ၊ စားပွဲများ စသည်တို့အား အစီအစဉ်တကျ နေရာချထားရန် လိုအပ်ပါသည်။ စနစ်ကျသည့် နေရာချထားမှုများအား ဆောင်ရွက်သည့်အခါ အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်လှပါသည်။
(၁) ပစ္စည်းထားသိုရန် နေရာအကျယ်အဝန်း အများဆုံးရရှိစေရေး
(၂) ကုန်ပစ္စည်းများ သယ်ယူမှုအကွာအဝေး အနည်းဆုံးဖြစ်စေရေး
(၃) ကုန်ပစ္စည်းများကို အလွယ်ကူဆုံးအထုတ်အသွင်း ပြုလုပ်နိုင်စေရေး
(၄) ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အဆင်ပြေချောမွေ့စေရေး
(၅) အလုပ်လုပ်သည့် နေရာများ ဖန်တီးပေးနိုင်ရေး (ရုံးအဖွဲ့ ၊ ပစ္စည်းလက်ခံရာနေရာ ၊ ပစ္စည်းသိုလှောင်ထိန်းသိမ်းရာနေရာ ၊ ပစ္စည်းထုတ်ပိုးရန်နေရာ ၊ သင်္ဘောတင်ပို့ရန်ပြင်ဆင်သည့်နေရာ စသည်ဖြင့်) သိုလှောင်ရုံကို ဘေးအန္တရာယ်ကင်း လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးနိုင်စေရေးကိုလည်း သတိပြုဆောင်ရွက်ရန်ဖြစ်ပါသည်။

(၂) သိုလှောင်ရုံအတွင်း ပစ္စည်းတင်စင်များထားရှိပါ (Install Warehouse Racks and Shelves)

သိုလှောင်ရုံအတွင်း သိုလှောင်ထိန်းသိမ်းသည့် ကုန်ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ သင့်လျော်သည့် ပစ္စည်းတင်စင်အမျိုးမျိုးကို ထားရှိအသုံးပြုပါ။ ပစ္စည်းတင်စင်အမျိုးအစား ၊ အရွယ်အစားနှင့် နေရာကို ထားရှိမည့် ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန် နှင့် သိုလှောင်ရုံ တည်ဆောက်မှုအပေါ် မူတည်၍ ရေပြင်ညီအကျယ်အဝန်းကိုသာမက ဒေါင်လိုက်အကျယ်အဝန်း ဖန်တီးရရှိရေးကိုပါ ထည့်သွင်းသုံးသပ်ဆောင်ရွက်ရန် ဖြစ်ပါသည်။

(၃) သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများကို စနစ်တကျနေရာချထားပါ (Organize your warehouse inventory)

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများအနက် အထုတ်အသွင်းအများဆုံး ကုန်ပစ္စည်းများကို အလွယ်ကူဆုံး ၊အလျင်မြန်ဆုံး အထုတ်အသွင်း ပြုလုပ်ရမည့် နေရာများတွင် နေရာချထားပါ။ ဒုတိယအထုတ်အသွင်း အများဆုံးကုန်ပစ္စည်းများကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ၊ အထုတ်အသွင်း အနည်းဆုံး ကုန်ပစ္စည်းများကို စင်များ၏ အပေါ်ဆုံး (သို့) သိုလှောင်ရုံအတွင်းပိုင်းတွင်နေရာချထားပါ။

(၄) သိုလှောင်ရုံအတွင်း ပစ္စည်းများအားလုံးကို တံဆိပ်ကပ်ပါ (Label Everything in your warehouse)

သိုလှောင်ရုံအတွင်း လုပ်ငန်းတွင်ကျယ်ရေး ၊ ဆက်သွယ်မှု လွယ်ကူရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သိုလှောင်ရုံအတွင်း ပစ္စည်းများအားလုံးကို တံဆိပ်တင်ဆင်ထားရှိပါ။ ကုန်ပစ္စည်းများကိုသာ တံ ဆိပ်တပ်ဆင်ထားရှိရန်မဟုတ်ပဲ လုပ်ငန်းခွင်နေရာများ ၊ အန္တရာယ်သတိပေးချက် ၊ လူသွားလမ်း ၊ ပစ္စည်းတင်စင် စသည်တို့ကိုပါ တံဆိပ်တပ်ဆင်ထားရန် လိုအပ်မှာဖြစ်ပါသည်။

(၅) ကုန်ပစ္စည်းများ ရွေးထုတ်မှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပါ (Accelatate the picking process)

သိုလှောင်ရုံအတွင်း လိုအပ်သော ကုန်ပစ္စည်းများကို အလျင်အမြန်လွယ်ကူစွာ ထုတ်ယူနိုင်မှုသည် အရေးပါသည့်အလျောက် ပစ္စည်းများ ထုတ်မှုလုပ်ငန်းစဉ်ကို လျှင်မြန်နိုင်သမျှ လျှင်မြန်အောင် အရှိန်မြှင့်တင်ပါ။

(၆) ကုန်ပစ္စည်းများကို လွယ်ကူထိရောက်စွာလက်ခံပါ (Receive Good Efficiently)

သိုလှောင်ရုံ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပစ္စည်းများလက်ခံရယူခြင်းသည် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပေးပို့လာသည့် ပစ္စည်းအမျိုးအစား မှန်ကန်မှု ရှိ / မရှိ ၊ အရေအတွက် ၊ အရည်အသွးကို စစ်ဆေးလက်ခံရသည့်အားလျော်စွာ လုပ်ငန်းလွယ်ကူထိရောက်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။
(၁) ဝင်လာမည့်ကုန်စည်အတွက် အမျိုးအစာခွဲခြားနိုင်ရေးနေရာနှင့် ထားသိုမည့်နေရာ စီစဉ်ထားရှိရန်
(၂) Perpetual inventory system ကဲ့သို့ ခေတ်မီနည်းစနစ်များကို အသုံးပြုပါ
(၃) ပစ္စည်းအတင်အချ ပြုလုပ်ရာတွင် ဖော့ကလစ် ၊ ဝန်ချီစက် ၊ ရွှေ့လျားစက်ခါးပတ် စသည့် စက်ယန္တရာများကို အသုံးပြုပါ
(၄) ပစ္စည်းလက်ခံသည့် နေရာတွင်ပင် အရည်အသွေးစစ်ဆေးမှုကို ဆောင်ရွက်ပြီး ပျက်စီးထိခိုက်မှုများကို တံဆိပ်ကပ်ပါ။

(၇) ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပ (Perform regular maintenance)

နေ့စဉ်နေ့တိုင်း လုပ်ငန်းသိမ်းချိန်တွင် လုပ်ငန်းနေရာများသန့်ရှင်းရေး ၊ ကြမ်းပြင်ပေါ်ရှိ အမှိုက်များနှင့် အသုံးမလိုသော စွန့်ပစ်ပစ္စည်းများ ကင်းစင်ရေး ၊ ကိရိယာတန်ဆာပလာများ သက်ဆိုင်ရာနေရာများတွင် စနစ်တကျ ထားရှိရေးတို့ကို ဆောင်ရွက်ပါ။

(၈) သိုလှောင်ရုံနေရာချထားမှုကို ပြန်လည်သုံးသပ်ပါ (Review your warehouse organization)

သိုလှောင်ရုံအတွင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အခါအားလျော်စွာ ပြန်လည်သုံးသပ်မှုများကို ပြုလုပ်ပြီး လိုအပ်သလို ပြုပြင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းထားသိုရန် နေရာအကျယ်အဝန်း အများဆုံး ရရှိရန် ဖန်တီး ထားနိုင်သလား ၊ လုပ်ငန်းခွင်အတွင်း လုပ်သားများ ပျော်ရွှင်စွာ ဆောင်ရွက်နေကြသလား စသည့်အချက်များကို သုံးသပ်ရန်သာမက လုပ်သားများ၏ အကြံဉာဏ်များကိုပါ ရယူဆောင်ရွက်ပါ၊

#SuperLight #Logistics #Knowledge #Warehouse_Management_Ideas

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY