fbpx

သိုလှောင်ရုံစီမံခန့်ခွဲမှုကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက် အများအားဖြင့် တွေ့ကြုံရလေ့ရှိသည့် အမှား (၈) ခု ကို Super Light Logistics မှ မျှဝေပေးလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အမှား (၈) ခု ထဲက တစ်ခုခုကို တွေ့ကြုံနေရပြီဆိုရင်တော့ အဲဒီအချက်ကို အရင်ဆုံး ဦးစားပေးဖြေရှင်းသင့်ပါတယ်။

  • (၁) ပိုလျံပစ္စည်းများ သိုလှောင်ထားရှိမှု
    (Holding excess inventory)
    သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းအမြောက်အများ သိုလှောင်ထိန်းသိမ်းထားမှုဟာ အဖြစ်အများဆုံး သိုလှောင်ရုံအမှားများအနက် တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကုန်ပစ္စည်းအမယ်တစ်မျိုးထဲကို လျော့ဈေး Discount ရယူလိုတဲ့အတွက် လိုအပ်တာထက် အမြောက်အများ ပိုမိုဝယ်ယူမိခြင်းမျိုးဖြစ်ပါတယ်။
  • (၂) ပစ္စည်းအထုတ်အသွင်းလမ်းကြောင်း အဆင်ပြေဆုံးဖြစ်အောင် မဆောင်ရွက်နိုင်မှု
    (Failing to optimize picking paths)
    ပစ္စည်းအထုတ်အသွင်းလမ်းကြောင်းများကို လွယ်ကူလျင်မြန်ထိရောက်အောင် စီစဉ်ပေးခြင်းဖြင့် အချိန်နဲ့လုပ်အားခကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။
  • (၃) စာရွတ်စာတမ်းလုပ်ငန်းများကို ဆုပ်ကိုင်ထားရှိမှု
    (Clinging on to paper processes)
    ခေတ်မီနည်းပညာများအသုံးမပြုပဲ မြန်ဆန်သွက်လက်မှုမရှိတဲ့ စာရွတ်စာတမ်းအခြေပြု လုပ်ငန်းလည်ပတ်မှုကို လက်မလွှတ်နိုင်ပဲ ဆက်လက်ဆုပ်ကိုင်ထားတာဟာလဲ သိုလှောင်ရုံအမှားများထဲက အချက်တစ်ချက်ဖြစ်ပါတယ်။
  • (၄) သန့်ရှင်းသပ်ရပ်မှုကို အလေးမထားခြင်း
    (Lack of attention to housekeeping)
    သိုလှောင်ရုံအတွင်း အလုပ်ခွင်နှင့် ပစ္စည်းတင်စင်များအကြား လူနှင့်ကုန်ပစ္စည်းများ သွားလာပို့ဆောင်မှုကို ရှုပ်ပွနေသောပစ္စည်း၊ အမှိုက်သရိုက်များက အဟန့်အတားဖြစ်စေပြီး လုပ်ငန်းလျင်မြန်ချောမွေ့မှုကို အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် စုပုံနေတဲ့ ဖြတ်စ၊ ညှပ်စ အမှိုက်သရိုက်များကို ဖယ်ရှားနိုင်ရေးအတွက် အလုပ်ဆိုင်းတစ်ဆိုင်းမသိမ်းခင် သန့်ရှင်းသပ်ရပ်ရေးကို ဆောင်ရွက်ဖို့ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပေးရပါမယ်။
  • (၅) ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုချွတ်ယွင်းခြင်း
    (Inadequate health and safety management)
    သိုလှောင်ရုံအတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလွယ်တကူသိသာမြင်သာတဲ့ ဘေးအန္တရာယ်များကိုသာမက အမှတ်မထင်ဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်မဲ့ အလားအလာများကိုပါ ကြိုတင်မှန်းဆသတိပြု ဆောင်ရွက်ရပါမယ်။
  • (၆) ဆောင်ရွက်ဆဲကုန်ပစ္စည်းများကို လျစ်လျူပြုခြင်း
    (Neglecting goods-in processes)
    သိုလှောင်ရုံများတွင် ပစ္စည်းပေးပို့ရန်အမှာစာများကို အချိန်မှီပေးပို့နိုင်ရေးအတွက် အလုပ်များနေချိန်တွင် တစ်ခါတစ်ရံဆောင်ရွက်ဆဲလုပ်ငန်းများကို အလေးထားရန်မေ့လျော့နေလေ့ရှိသည်။
  • (၇) ဝန်ထမ်းများ၏ တိုးတက်လမ်းကို ဂရုမပြုခြင်း
    (Ignoring staff development)
    ဝန်ထမ်းတစ်ဦးချင်းစီရဲ့ တက်လမ်းအတွက် လိုအပ်ချက်တွေ၊ အခွင့်အရေးတွေကို ကြာရှည်လျစ်လျူရှူမထားပဲ လိုအပ်တဲ့လေ့ကျင့်သင်တန်းပေးဖို့နဲ့ လစ်လပ်နေရာများမှာ ရာထူးတိုးတာဝန်ပေးသွားဖို့ လိုမှာဖြစ်ပါတယ်။
  • (၈) လုပ်ငန်းဆောင်ရွက်မှုကို အကဲဖြတ်ရန် ပျက်ကွက်ခြင်း
    (Failing to measure the right thing)
    အဖွဲ့အစည်းအများအပြားသည် ၎င်းတို့၏ သိုလှောင်ရုံလုပ်ငန်းဆောင်ရွက်မှုများကို မှန်ကန်စွာအကဲဖြတ်တိုင်းတာနိုင်ခြင်း မရှိကြပေ။ သိုလှောင်ရုံမန်နေဂျာတစ်ဦးအနေဖြင့် သိုလှောင်ရုံအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို မှန်ကန်စွာအကဲဖြတ်တိုင်းတာနိုင်မည်ဆိုပါက လုပ်ငန်းအောင်မြင်တိုးတက်မှုကို မလွဲမသွေရရှိနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ သိုလှောင်ရုံများအတွင်း အများဆုံးတွေ့ကြုံရလေ့ရှိတဲ့ အမှားတွေကို ကျော်လွှားနိုင်ခြင်းဖြင့် အချိန်တိုအတွင်း သိုလှောင်ရုံလုပ်ငန်းများ ပိုမိုတိုးတက်ပြောင်းလဲမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

#SuperLight #Logistics #Education #8_common_warehouse_mistakes

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY