fbpx

သိုလှောင်ရုံနေရာ ရွေးချယ်သည့်အခါ စဉ်းစားသုံးသပ်ရမည့် အချက် (၅) ချက်

သိုလှောင်ရုံနေရာရွေးချယ်တာဟာ လုပ်ငန်းရဲ့ကဏ္ဍအသီးသီးအပေါ် ရိုက်ခတ်နိုင်တဲ့ အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပါတယ်။ သင့်လျော်တဲ့နေရာနဲ့ လျော်ကန်တဲ့ဈေးနှုန်း (ငှါးရမ်းခြင်း ဒါမှမဟုတ် ဝယ်ယူခြင်း) တို့အကြား ချိန်ဆရတာလဲ အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။ သိုလှောင်ရုံတည်နေရာဟာ သင့်ကုမ္ပဏီရဲ့လုပ်ငန်း အဆင်ပြေချောမွေ့စေမှုကို တိုက်ရိုက်ပေးစွမ်းနိုင်သလို သုံးစွဲသူများရဲ့ လိုအပ်ချက်အဝဝကိုလဲ ဖြည့်စွမ်းပေးနိုင်စွမ်းရှိပါတယ်။

သိုလှောင်ရုံနေရာရွေးချယ်မယ်ဆိုရင် စဉ်းစားသင့်တဲ့အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

  • (၁) ဝယ်ယူအားပေးမည့်သုံးစွဲသူများနေထိုင်ရာဒေသ
    (Desired consumer base)

သိုလှောင်ရုံနေရာရွေးချယ်တော့မယ်ဆိုလျှင် မိမိဖောက်သည်များ၏ နေထိုင်ရာဒေသကို သတိရပါ။
သိုလှောင်ရုံတည်နေရာသည် ဝယ်ယူအားပေးမည့်ဖောက်သည်များနှင့် အနီးစပ်ဆုံးရှိပါက ပစ္စည်းများကိုအမြန်ဆန်ဆုံး ပို့ဆောင်နိုင်ယုံမျှမက သယ်ယူပို့ဆောင်ခသက်သာကာ သုံးစွဲသူဖောက်သည်များအား ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ပြီး သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုကို ရရှိစေနိုင်မည်ဖြစ်သည်။

  • (၂) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်နီးကပ်ခြင်း
    (Proximity to carrier services)

သိုလှောင်ရုံတည်နေရာသည် သယ်ယူပို့ဆောင်မှုလုပ်ငန်းများအနီးတည်ရှိပါက သုံးစွဲသူများထံ ပစ္စည်းများတင်ပို့ပေးမှု လုပ်ငန်းစဉ်သည် အဆင်ပြေချောမွေ့နေမည်ဖြစ်သည်။
မိမိကုန်ပစ္စည်းအမျိုးအစားနှင့် ပို့ဆောင်မှုအနေအထားအရ အသုံးပြုမည့်ယာဉ် (ကား၊ ရထား၊ သဘောၤ၊ မီးရထား၊ လေယာဉ်စသည်)နှင့် နီးလျှင် လုပ်ငန်းပိုမိုမြန်ဆန်စေမည်သာမက စရိတ်စကကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။ သို့ပါ၍ သိုလှောင်ရုံနေရာ ရွေးချယ်သည့်အခါ ကုန်ထုတ်လုပ်ရာဒေသ သိုလှောင်ရုံတည်နေရာ၊ သုံးစွဲသူများနေထိုင်ရာဒေသအပြင် သယ်ယူပို့ဆောင်မှုနှင့် ခရီးအကွာအဝေးအရ ကုန်ကျမည့်သယ်ယူပို့ဆောင်ခတို့ကိုပါ ဟန်ချက်ညီအောင် ချင့်ချိန်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

  • (၃) ပစ္စည်းထိန်းသိမ်းထားသိုရန် လိုအပ်ချက်များ
    (Storage requirements)

သင့်ကုန်ပစ္စည်းအမျိုးအစားနှင့် သဘာဝပေါ်မူတည်၍ အထူးအဆောက်အဦ လိုအပ်ချက်ရှိ၊ မရှိကို ထည့်သွင်းတွက်ချက်ရန်နှင့် သင်နှစ်သက်သဘောကျသည့်နေရာတွင် တည်ရှိသည့်အဆောက်အဦ (သိုလှောင်ရုံ) သည် သင့်ကုန်ပစ္စည်းနှင့် သင့်လျော်မှုရှိ၊ မရှိ သေချာအောင် လေ့လာဆန်းစစ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် သိုလှောင်ရုံအနေအထား၊ ပစ္စည်းထားသိုမည့်နေရာအကျယ်အဝန်း၊ သိုလှောင်ရုံအခင်းအကျင်း၊ သိုလှောင်ရုံပတ်ဝန်းကျင်အခြေအနေ၊ သိုလှောင်ရုံအတွင်းအသုံးပြုသည့် ပစ္စည်းကရိယာနှင့် စက်ယန္တရားများ၊ အသုံးပြုနေသည့် ခေတ်မီနည်းစနစ်များ စသည်တို့ကိုပါ လေ့လာလျက် မိမိကုန်ပစ္စည်းနှင့် လိုက်လျောညီထွေမှုရှိ၊ မရှိ ဆန်းစစ်ရမှာဖြစ်ပါတယ်။

  • (၄) လုပ်သားအင်အားရရှိနိုင်မှု
    (Workforce availability)

သိုလှောင်ရုံတည်ရှိရာဒေသတွင် လိုအပ်သောကျွမ်းကျင်လုပ်သားများကို သင့်လျော်သောလုပ်ခဖြင့် ရရှိနိုင်မှုရှိ၊ မရှိသည်လည်း အရေးပါသည့်အချက်ဖြစ်ပါတယ်။ လုပ်သားအင်အားနည်းပါးပြီး လုပ်သားလိုအပ်ချက်များပြားနေလျှင် လုပ်ခကြီးမြင့်နေမှာဖြစ်ပါတယ်။ လုပ်သားအင်အားရရှိနိုင်မှုဟာ ကုမ္ပဏီရဲ့အသုံးစရိတ်အပေါ် ရိုက်ခတ်နိုင်တဲ့အတွက် သက်ဆိုင်ရာဒေသရဲ့ လုပ်သားအင်အားရရှိနိုင်မှု အခြေအနေ၊ လုပ်ခပေးချေရမှုအနေအထားနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူဦးရေစတဲ့ လူထုစစ်တမ်းများကို လေ့လာဆန်းစစ် ဆုံးဖြတ်သင့်ပါတယ်။

  • (၅) ကာလတာရှည်မှု
    (Longevity)

သိုလှောင်ရုံတည်ရှိရာနှင့် သိုလှောင်ရုံအနေအထားသည် ကာလတာရှည်သုံးစွဲရန်သင့်၊ မသင့်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ မိမိလုပ်ငန်းပမာဏတိုးချဲ့ခြင်း၊ ဝယ်လိုအားတိုးတက်လာသည်နှင့်အမျှ သိုလှောင်ရမည့်ပစ္စည်း တိုးပွားလာခြင်းစသည်တို့ကို ကြိုတင်တွက်ချက်မှန်းဆလျက် ပိုမိုများပြားလာမည့်ကုန်စည်များအတွက် သိုလှောင်ရုံတွင် သိုလှောင်ထားနိုင်မည့် အလားအလာများကိုပါ မျှော်မှန်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

သိုလှောင်ရုံတည်နေရာ ရွေးချယ်မှုသည် လုပ်ငန်းအဆင်ပြေချောမွေ့ရေးနှင့် အကျိုးအမြတ်တွက်သာမက သုံးစွဲသူများအတွက်ပါ အကျိုးသက်ရောက်နိုင်မည်ဖြစ်သဖြင့် စနစ်တကျလေ့လာဆန်းစစ် သုတေသနပြု ရွေးချယ်ဆောင်ရွက်သွားသင့်ပါတယ်။

#SuperLight #Logistics  #Five_factors_to_consider_when_choosing_warehouse _locations

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY