ကမ္ဘာ့ကုန်သွယ်မှုတွင် အသုံးပြုသည့် အပင်နှင့် အပင်ထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ဆိုင်ရာ ထောက်ခံချက် (phytosanitary certificate) သည် အပင်များ ၊ အပင်ထွက်ကုန်ပစ္စည်းများကဲ့သို့ သတ်မှတ်ပြဌာန်းထားသည့် ပစ္စည်းများကို ပြည်ပသို့ တင်ပို့သည့်အခါ လိုအပ်သည့် တရားဝင်အထောက်အထား လက်မှတ်တစ်ခုပင်ဖြစ်သည်။ phytosanitary certificate သည် အပင်နှင့် အပင်ထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့မည့် နိုင်ငံ၏ သစ်သီးဝလံ ပန်းမန်ဥယျာဉ် ၊ လယ်ယာထွက်ကုန် ၊ အစားအစာနှင့် ရေထွက်ကုန်ပစ္စည်းများ ဆိုင်ရာအစုမှ ထုတ်ပေးသည့် တရားဝင်အထောက်အထားဖြစ်သည်။
အဆိုပါ အထောက်အထားသည် အမျိုးသားသစ်ပင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီ (National Plant Protection Agency) မှ မူပိုင်ခွင့်အာဏာ အပ်နှင်းထားသော အစိုးရ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း မှ တာဝန်ရှိသူ အရာရှိမှသာလျှင် ထုတ်ပေးနိုင်ခွင့်ရှိမည်ဖြစ်သည်။ အမျိုးသားသစ်ပင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီ (National Plant Protection Agency) သည် တင်သွင်းမည့် နိုင်ငံအတွင်းသို့ ပိုးမွှား ၊ ညစ်ညမ်းစေမှုများ (သို့) ရောဂါများ ပြန့်ပွားမည့် အန္တရာယ်မှ ကာကွယ်တားဆီးရန် တာဝန်ရှိအဖွဲ့အစည်းဖြစ်သည်။
မည်သည့်အချိန်တွင် phytosanitary certificate လိုအပ်ပါသလဲ ?
—————————————–
ကုန်ပစ္စည်းတင်သွင်းမည့်သူ (သွင်းကုန်လုပ်ငန်းရှင်) သည် အပင်များ ၊ အပင်မျိုးပွားရေးအတွက် သစ်ဖုနှင့်သစ်ဥများ (သို့) သစ်စေ့များ ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ၊ ပန်း ပန်းဖူးနှင့် သစ်ကိုင်းသစ်ခတ်များ ၊ ကောက်ပဲသီးနှံနှင့် အပင်စိုက်ရန် အသင့်သုံး မြေစာထုပ်များကဲ့သို့သော သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမျိုးအမည်များကို တင်သွင်းနိုင်ရန် phytosanitary certificate ကို လိုအပ်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကုန်သေတ္တာ(အလွတ်)များ ၊ ယာဉ်များ (သို့) အခြားသက်ရှိများကဲ့သို့သော အဆိပ်အတောက်နှင့် ပိုးမွှားများစသည့်တို့ဖြင့် မသန့်ရှင်း ၊ ညစ်ညမ်းနိုင်သည့် ပစ္စည်းများအတွက် အကာအကွယ်ဖြစ်စေရန် phytosanitary certificate ကို လိုအပ်လေ့ရှိသည်။ ကုန်ပစ္စည်းတင်ပို့သူအနေဖြင့် ကုန်ပစ္စည်းတင်သွင်းသူထံ phytosanitary certificate ကို ပေးအပ်ခြင်းမပြုနိုင်ပါက အဆိုပါ သွင်းကုန်ပစ္စည်းများမှာ အကောက်ခွန် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ကို ရရှိနိုင်မည် မဟုတ်သည့်အပြင် အဆိုပါ ကုန်ပစ္စည်းများမှာ သိမ်းဆည်းခံရနိုင်ပြီး လုံးဝဖျက်စီးခြင်းခံရမည်ဖြစ်သည်။
ပြည်ပတင်ပို့မှုအတွက် phytosanitary certificate တစ်ခုကို မည်သို့ရယူနိုင်မည်နည်း
—————————————-
ကုန်ပစ္စည်းများ တင်သွင်းမည့်သူ (သွင်းကုန်လုပ်ငန်းရှင်)သည် အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်နိုင်ရန် ပို့ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ မရောက်ရှိမီကပင် phytosanitary certificate တစ်ခု ရရှိထားရန် လိုအပ်မည်ဖြစ်သည်။ ကုန်ပစ္စည်းများကို တင်ပို့သူ (ရောင်းချသူ ၊ ပစ္စည်းပေးပို့ရန် ကိုယ်စားအပ်နှံတာဝန်ပေးခံထားရသူ) သည် ၎င်း၏ နိုင်ငံမှ သက်ဆိုင်ရာဌာနသို့ ဆက်သွယ်ကာ phytosanitary certificate လျှောက်ထားရမည်ဖြစ်သည်။ အစဉ်အလာအရ လျှောက်ထားသူများသည် သက်ဆိုင်ရာလက်မှတ်လျှောက်ထားခြင်း မပြုမီ ရှေးဦးစွာ မှတ်ပုံတင်ရမည်ဖြစ်သည်။ ပစ္စည်းတင်ပို့မည့်သူ၏ လုပ်ငန်းခွင် (အလုပ်ရုံ ၊ စက်ရုံ ၊ ပြည်ပပို့ကုန်အတွက် သတ်မှတ်ထားသော သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေးဆိုင်ရာ စံနှုန်းများနှင့် အညီ လိုက်နာကျင့်သုံမှု ရှိ ၊မရှိ စစ်ဆေးဆောင်ရွက်မည်ဖြစ်သည်။ ယခုအခါ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်း အများစုသည် ပစ္စည်းတင်ပို့သူများအား ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များနှင့် phytosanitary certificate များကို Online မှတစ်ဆင့် လျှောက်ထားခွင့်ပြုပေးလျက်ရှိသည်။ သို့ရာတွင် အချို့ကိစ္စရပ်များတွင် အတည်ပြုချက်ရရှိရေးအတွက် လိုအပ်သည့် စာရွက်စာတမ်း ၊အထောက်အထားများကို သွားရောက်တင်ပြပေးရမည်ဖြစ်သည်။
phytosanitary certificate တွင်မည်သည့် အချက်အလက်များ ပါဝင်သလဲ
———————————
အပင်နှင့် ကုန်ပစ္စည်းများ တင်ပို့ခွင့်ဆိုင်ရာ ထောက်ခံချက် (phytosanitary certificate) တွင် အောက်ဖော်ပြပါ အချက်များပါရှိရမည်ဖြစ်သည်။
၁။ ကုန်ပစ္စည်းတင်ပို့သူ (ရောင်းချသူ ၊ ပို့ကုန်လုပ်ငန်းရှင်)၏ ကုမ္ပဏီအမည် ၊ လိပ်စာနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
၂။ ကုန်ပစ္စည်းလက်ခံမည့်သူ (ဝယ်ယူသူ ၊ သွင်းကုန်ုလုပ်ငန်းရှင်)၏ ကုမ္ပဏီအမည် ၊ လိပ်စာနှင် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
၃။ မူရင်းဒေသ (ပေးပို့ကုန်ပစ္စည်းများ ထွက်ရှိသည့်ဒေသ)
၄။ ကုန်ပစ္စည်းရောက်ရှိမည့်နိုင်ငံ (နောက်ဆုံးပို့ဆောင်မည့်နေရာ)
၅။ သယ်ယူပို့ဆောင်မှုနည်းလမ်း (ကုန်းလမ်း ၊ ရထား ၊ လေကြောင်း ၊ ရေကြောင်း)
၆။ သွင်းကုန်ပါမစ်နံပါတ်
၇။ ပို့ကုန်ပစ္စည်းတွင် ပါဝင်သော ကုန်ပစ္စည်းမျာ အသေးစိတ်စာရင်း
၈။ ပို့ကုန်အမှတ်အသားများနှင့် ကုန်သေတ္တာ နံပါတ်များ၊ ပစ္စည်းထုတ်များ အရေအတွက်နှင့် အမျိုးအမည်ဖော်ပြချက် ၊ ထုတ်ကုန်ပစ္စည်းအမည် ၊ အရေအတွက် ၊ ရုက္ခဗေဒဆိုင်ရာအမည် ၊ ကုန်ပစ္စည်းအမျိုးအမည် သင်္ကေတနှင့် စုစုပေါင်းအလေးချိန်)
၉။ ကုမ္ပဏီဖော်ပြချက်
ဥပမာအားဖြင့် –
ထိုထောက်ခံချက်တွင် ဖော်ပြထားသည့် အပင်များ ၊ အပင်ထွက်ကုန်ပစ္စည်းများ (သို့) အခြားသတ်မှတ်ပြဌာန်းထားသော ပစ္စည်းများကို တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီးနှင့် စမ်းသပ်ပြီးမြောက်ကြောင်းနှင့် ၎င်းပစ္စည်းများသည် တင်သွင်းမည့် ကန်ထရိုက်ချုပ်ထားသော အဖွဲ့မှ သတ်မှတ်ထားသည် ထိန်းချုပ် ပိုးမွှားများ (Quarantine pests) များမှ ကင်းစင်သည်ဟု သတ်သေခံနိုင်ကြောင်းနှင့် ပစ္စည်းတင်သွင်းမည့် ကန်ထရိုက် ချုပ်ဆိုထားသော အဖွဲ့၏ လက်ရှိ သတ်မှတ်ထားသော (အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်ပို့ခြင်းဆိုင်ရာ လိုအပ်ချက်များ (ထိန်းချုပ်မှုကင်းလွတ်သည့် ၊ သတ်မှတ်ပြဌာန်းထားသော ပိုးမွှာမးျား ကင်းစင်မှု အပါအဝှု်) နှင့် ကိုက်ညီမှုရှိကြောင်း တရားဝင်ဖော်ပြအပ်ပါသည်။
၁၀။ အရေးယူေဆောင်ရွက်မှု အသေးစိတ် ၊ ရက်စွဲ ၊ အရေးယူဆောင်ရွက်မှုအမျိုးအစား ၊ ဓာတုဒြပ်စင်ပါဝင်မှု ၊ ဆောင်ရွက်ချိန်ကြာမြင့်မှု ၊ အပူချိန်နှင့် အခြားထပ်မံဖော်ပြလိုသည့် အချက်အလက်များ (သို့) ကြညာချက်များ။
၁၁။ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်း ၊ ဌာနမှ တာဝန်ပေးအပ်ထားသော အရာရှိက ထောက်ခံချက်ပေါ်တွင် လက်မှတ်ရေးထိုးပြီး တံဆိပ်ရိုက်နှိပ်ရမည်ဖြစ်သည်။
#SuperLight #Logistics #Knowledge #Global_Trade
 
								 
														


 
														 EN
EN				 MY
MY