Incoterms (International Commerical Terms) များကို အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်း (International Chamber Of Commerce) (ICC) မှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင်စတင် ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် တစ်ကမ္ဘာလုံး အနေအထားဖြင့် လိုက်နာကျင့်သုံးလျက်ရှိပါသည်။ Incoterms အကြောင်း အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
1. FOB (Free On Board)
========================
FOB တွင် ရောင်းသူသည် ရောင်းချမည့် ကုန်ပစ္စည်းကို တင်ပို့ရမည့် သင်္ဘာပေါ်သို့ ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိသည်။ ရောင်းသူသည် တင်ပို့မည့်ကုန်ပစ္စည်းအတွက်ကျသင့်သည့် အကောက် ခွန်များကို တာဝန်ယူဆောင်ရွက်ရမည်။ ဝယ်သူသည် ကုန်ပစ္စည်း သင်္ဘောပေါ်သို့ ရောက်ရှိပြီးသည်နှင့် တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာ သည့်ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း ၊ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။
2. FAS (Free Along side Ship)
===========================
ရောင်းသူသည် ကုန်ပစ္စည်းအားတင်ပို့မည့် သင်္ဘာပေါ် (သို့) ဆိုက်ကပ်မည့် ဆိပ်ကမ်းရှိ သင်္ဘာနံဘေးအရောက် ပို့ဆောင်ပေးပြီး ရောင်းချခြင်းကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ ရောင်းသူသည် တင်ပို့မည့် ကုန်ပစ္စည်းအတွက် အကောက်ခွန် ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး၊ ဝယ်သူသည် ကုန်ပစ္စည်းလက်ခံသည့် အချိန်မှစ၍ ကုန်ပစ္စည်း ဆုံးရှုံးမှုနှင့် အခြားကုန်ကျစရိတ်များအားလုံးကို ကျခံရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာအသုံးပြုရမည်။
3. CFR ( Cost and Freight )
==========================
ရောင်းသူသည် ကုန်ပစ္စည်းများ တင်ပို့ရာတွင် တင်ပို့မည့်ကုန်ပစ္စည်းသင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများ ကို လွှဲပြောင်းပေးပြီးဖြစ်သည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် ကျသင့်သည့် သင်္ဘောခနှင့် အခြားကုန်ကျစရိတ်များ အားလုံးကို တာဝန်ယူရ မည်ဖြစ်သည်။ ဝယ်သူသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စရိတ်စက များ၊ ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်စီးမှုများအားလုံးကို တာဝန်ယူရမည် ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။
4. CIF (Cost, Insurance & Freight)
==============================
ရောင်းသူသည် ကုန်ပစ္စည်းများ တင်ပို့ရာတွင် တင်ပို့မည့်ကုန်ပစ္စည်း သင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများကို လွှဲပြောင်းပေးပြီး ဖြစ်ပါသည်။ ရောင်းသူသည် ဝယ်သူသို့ ရောင်းချမည့် ကုန်ပစ္စည်းအပေါ်အာမခံကြေးပေးဆောင်ပြီး ကုန်ပစ္စည်းကို ပို့ဆောင်ပေးရမည် ဟူသောအချက်မှလွဲ၍ ကျန်ကိစ္စရပ်များအားလုံးမှာ CFR နှင့် အတူတူပင်ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်း ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။
5. EXW (Ex Works)
===================
ဝယ်သူအတွက် တာဝန်အကြီးမားဆုံး ဖြစ်စေပြီး ရောင်းသူအတွက် တာဝန်အနည်းဆုံး ဖြစ်စေသည်။ ရောင်းသူသည် ၎င်း၏ အဆောက်အဦးနှင့် မြေယာနေရာ (အလုပ်နေရာ၊ စက်ရုံ ၊ ဂိုဒေါင်)တွင် ဝယ်သူနှင့် သဘောတူညီထားသောနေ့၌ ကုန်ပစ္စည်း စုစည်းပေးရန် တာဝန်ရှိ သည်။ ဝယ်သူသည် ကုန်ပစ္စည်းများ နောက်ဆုံး ရောက်ရှိရာနေရာအထိ သယ်ယူပို့ဆောင် စရိတ်အားလုံးနှင့် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ ကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်။
ကျန်ရှိသည့် အမျိုးအစားများကို Incoterms (International Commerical Terms) များအကြောင်း သိကောင်းစရာ (အပိုင်း – ၂) တွင် ဆက်လက်ဖော်ပြသွားပါမည်။
Source – Awards Logistics
#SuperLight #Logistics #Educating #Incoterms
 
								 
														


 
														 EN
EN				 MY
MY