ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ ပျက်စီးကျိုးပဲ့မှုတွေ အကြောင်းကို ယခင်တစ်ခေါက်က ရေးသားဖော်ပြပြီး ဖြစ်ပါတယ်။  ထိုကဲ့သို့သော ပျက်စီးမှုတွေကို နောက်ထပ်မကြုံရအောင် ဘယ်လိုပုံစံ ကာကွယ်သယ်ယူသင့်လဲဆိုတဲ့ အကြောင်းအရာတွေကို ယခု ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကုန်ပစ္စည်းထုတ်ပိုးမှုနှင့်စပ်လျဉ်းပြီးတော့ လိုက်နာဆောင်ရွက်သင့်သည့် အချက်တွေကတော့ …
(၁) Invest in protective packaging (ကာကွယ်ပေးစွမ်းနိုင်သောထုပ်ပိုးမှုတွင် မြှပ်နှံပါ)
သင့်ကုန်ပစ္စည်းနှင့်အကောင်းဆုံး၊ လိုက်လျောညီထွေဖြစ်နိုင်ဆုံး ထုပ်ပိုးမှုနည်းလမ်း (အမျိုးအစား) ကိုရွေးချယ်နိုင်ရေးအတွက် အချိန်ပေးပြီး စမ်းသပ်လေ့လာစိစစ်ပါ။ ကောင်းနှိုးရာရာသင့်လျော်မည့် ထုပ်ပိုးမှုအမျိုးအစားများထဲမှ စမ်းသပ်ရွေးချယ်ခြင်းဖြင့် သင့်ကုန်ပစ္စည်းအတွက် အသင့်လျော်ဆုံးနည်းလမ်းကို ရရှိစေမည်ဖြစ်သည်။
(၂) Keep product insulated (ကုန်ပစ္စည်းအရည်အသွေးမပျက်အောင်ထိန်းသိမ်းပါ)
သင့်ကုန်ပစ္စည်းများ၏ ပင်ကိုယ်အရည်အသွေးကို ပတ်ဝန်းကျင်အပူ၊ အအေးရာသီဥတုဒဏ်ကြောင့် ထိခိုက်ခံရမှုမရှိအောင် ဆောင်ရွက်ပါ။ ဥပမာစားသောက်ကုန်များဆိုပါက သင့်လျော်သည့်အအေးခန်းကုန်သေတ္တာမျိုး အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းများကို ထိခိုက်မှုမရှိ လတ်လတ်ဆတ်ဆတ် ရှိစေနိုင်မည်ဖြစ်သည်။
(၃) Properly pack your pallet (ပစ္စည်းတင်အောက်ခံစင်ကိုစနစ်တကျထုပ်ပိုးပါ)
သယ်ယူပို့ဆောင်သည့်ကုန်ပစ္စည်းများ စိတ်ချမှုရရှိစေရေးအတွက် ပစ္စည်းတင်အောက်ခံစင်များ စနစ်တကျထုပ်ပိုးရေးနည်းစနစ်များသည်လည်း အရေးပါသည့်အချက်ဖြစ်သည်။ သယ်ယူပို့ဆောင်စဉ်အတွင်း ရွေ့လျားမှု၊ လျှောထွက်မှုမရှိစေရေးအတွက် ပစ္စည်းတင်အောက်ခံစင်များကို စနစ်တကျရစ်သိုင်းထားရန် လိုမည်ဖြစ်သည်။
(၄) Properly pack your load (သင့်ကုန်ပစ္စည်းများကိုစနစ်တကျနေရာချထားပါ)
သင့်ကုန်ပစ္စည်းများ စိတ်ချလုံခြုံမှုရှိစေရေးအတွက် နောက်တစ်ဆင့်ဆောင်ရွက်ရမည့်ကိစ္စမှာ သင့်ကုန်ပစ္စည်းများ (ပစ္စည်းတင်အောက်ခံစင်အပါအဝင်) ကို ကုန်သေတ္တာအတွင်း (သို့မဟုတ်) ကုန်တင်မော်တော်ယာဉ်အတွင်း စနစ်တကျနေရာချထားရေးပင်ဖြစ်သည်။ ပစ္စည်းတင်အောက်ခံစင်များကို ဟန်ချက်ညီညီနှင့် ရွေ့လျားမှုမရှိစေနိုင်ရေးအတွက် သင့်လျော်မည့်ကုန်တင်ဆောင်မှုနည်းလမ်း (ဥပမာ – pin wheeling loading method) တစ်မျိုးမျိုးကိုအသုံးပြုလျက် စနစ်တကျနေရာချထားသွားရမည်ဖြစ်သည်။
(၅) Use the adge crush test (ဖိနှိပ်မှုခံနိုင်အားစမ်းသပ်မှုကိုအသုံးပြုပါ)
ကုန်ပစ္စည်းများထည့်သွင်းသည့် စက္ကူသေတ္တာကဲ့သို့ပစ္စည်းများ၏ ဝန်ဖိအားခံနိုင်မှုကို စမ်းသပ်သည့် The edge crush test (ECT) သည် အလွန်အသုံးဝင်သော စမ်းသပ်မှုတစ်ရပ်ပင်ဖြစ်သည်။ အဆိုပါစမ်းသပ်မှုရလာဒ်အရ ကုန်ပစ္စည်းတစ်ခုအပေါ် ဝန်မည်မျှခံနိုင်မည် (သို့မဟုတ်) အဆင့်မည်မျှစီထပ်နိုင်မည်ကို ကြိုတင်သိရှိထားနိုင်ခြင်းဖြင့် ပစ္စည်းများထိခိုက်ပျက်စီးမှုမရှိအောင် ကြိုတင်စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
(၆) Use correct labeling (မှန်ကန်သည့်အမှတ်တံဆိပ် (လေဘယ်) အသုံးပြုပါ)
သင့်ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် တရားဝင်အသိအမှတ်ပြုလေဘယ်များ တပ်ဆင်ထားပါ။ ဥပမာအားဖြင့် အလွယ်တကူထိခိုက်ခံရနိုင်သည့်ပစ္စည်းမျိုးလား၊ မိုးရည်ထိခိုက်ခံရနိုင်မှုမရှိသည့်ပစ္စည်းမျိုးလား၊ အတည့်အတိုင်း (မျှားဖြင့်ညွှန်ပြသည့်အတိုင်း) ထားရမည့်ပစ္စည်းမျိုးလားဆိုသည်ကို ထင်ရှားစွာတံဆိပ်တပ်ဆင်ထားပါ။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ယာဉ်မောင်းများ၊ သိုလှောင်ရုံအလုပ်သမားများ၊ ကုန်တင်ကုန်ချလုပ်သားများအနေဖြင့် သင့်ကုန်ပစ္စည်းအပေါ် ပိုမိုအလေးထား သတိပြုဆောင်ရွက်လာစေမည်ဖြစ်သည်။
#SuperLight #Logistics #Educating
 
								 
														


 
														 EN
EN				 MY
MY