သိုလှောင်ရုံများ အပါအဝင် လုပ်ငန်းခွင်များအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးတွင် ဖော့ကလစ်(ဝန်ချီယာဉ်)များ၏ အန္တရာယ်သည် ထိပ်တန်းဦးစားပေးအဆင့်ထားရှိသင့်သည့် လုံခြုံရေးဆိုင်ရာကိစ္စတစ်ရပ်ဖြစ်သည်။ဖော့ကလစ်ယာဉ်များသည် လူ့အသက်အန္တရာယ် ဆုံးရှုံးရသည်အထိ ထိခိုက်အနာတရ ဖြစ်စေ နိုင်သကဲ့သို့ အခြားယာဉ်နှင့် ကုန်စည်ပစ္စည်းများ ဆုံးရှုံးပျက်စီးသည်အထိ မလိုလားအပ်သော မတော် တဆမှုများစွာကို ဖြစ်ပွားစေနိုင်သည့် အန္တရာယ်တစ်ရပ်ပင်ဖြစ်သည်။ သို့ဖြစ်၍ လုပ်ငန်းခွင်များအတွင်း ဖော့ကလစ်ယာဉ်များကြောင့် မတော်တဆမှုများ မဖြစ်ပွား စေရေးအတွက် အခြေခံအားဖြင့် သတိပြုရမည့် အချက်အချို့ကို ဖော်ပြလိုက်ပါသည်။
Operators must be qualified.
မောင်းနှင်သူများသည် အရည်အချင်းပြည့်မီရမည်။
Appropriate clothes must be worn.
သင့်လျော်သည့် ဝတ်စုံများဝတ်ဆင်ထားရမည်။
Examine equipment before use.
ယာဉ်ကို အသုံးမပြုမီ စစ်ဆေးပါ။
Starting up the forklift.
ဖော့ကလစ်ယာဉ်စတင်မောင်းနှင်ခြင်းမပြုမီ ပြင်ဆင်ပါ။
Consider the surrounding environment.
ပတ်ဝန်းကျင်ကိုထည့်သွင်းစဉ်စားပါ။
Operate at a safe speed.
အန္တရာယ်ကင်းသည့်အရှိန်ဖြင့်သာ မောင်းနှင်ပါ။
Avoid hazards.
ဘေးအန္တရာယ်ရှိစွန့်စားမှုများကို ရှောင်ရှားပါ။
Ensure your load is stable and secure.
တင်ဆောင်သည့် ဝန်သည်တည်ငြိမ်ပြီး လုံခြုံစိတ်ချမှုရှိပါစေ။
Make sure you have clear visibility.
မြင်ကွင်းရှင်းရန် သေချာပါစေ။
Forklifts are for carrying load only.
ဖော့ကလစ်ယာဉ်များသည် ကုန်တင်ရန် သက်သက်သာ ဖြစ်သည်။
Keep clear of the mast.
ဝန်ချီစက်မောင်းနှင်တိုင်နှင့် မထိခိုက်အောင်နေပါ။
Driving on ramps
ကုန်းလျောများပေါ်တွင် မောင်းနှင်လျှင် ဂရုစိုက်ပါ။
Ensure the forklifts is not over-load.
သတ်မှတ်ကုန်ချိန်ထက် မကျော်လွန်ပါစေနှင့်။
Ensure the load is evenly distributed.
ဝန် (ကုန်ပစ္စည်းများ)ကို မျှမျှတတ ရောချထားပါစေ။
Refueling
ဆီဖြည့်ရာတွင်လည်း ဂရုစိုက်ပါ။
When the shift ends
လုပ်ငန်းပြီးဆုံးချိန်တွင်လည်း အထူးဂရုစိုက်ပါ။
#SuperLight #Logisttics #Educating