fbpx

ဖော့ကလစ် ဘေးအန္တရာယ်ကင်းရှင်းရေး သိမှတ်ဖွယ်များ

သိုလှောင်ရုံများ အပါအဝင် လုပ်ငန်းခွင်များအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးတွင် ဖော့ကလစ်(ဝန်ချီယာဉ်)များ၏ အန္တရာယ်သည် ထိပ်တန်းဦးစားပေးအဆင့်ထားရှိသင့်သည့် လုံခြုံရေးဆိုင်ရာကိစ္စတစ်ရပ်ဖြစ်သည်။ဖော့ကလစ်ယာဉ်များသည် လူ့အသက်အန္တရာယ် ဆုံးရှုံးရသည်အထိ ထိခိုက်အနာတရ ဖြစ်စေ နိုင်သကဲ့သို့ အခြားယာဉ်နှင့် ကုန်စည်ပစ္စည်းများ ဆုံးရှုံးပျက်စီးသည်အထိ မလိုလားအပ်သော မတော် တဆမှုများစွာကို ဖြစ်ပွားစေနိုင်သည့် အန္တရာယ်တစ်ရပ်ပင်ဖြစ်သည်။ သို့ဖြစ်၍ လုပ်ငန်းခွင်များအတွင်း ဖော့ကလစ်ယာဉ်များကြောင့် မတော်တဆမှုများ မဖြစ်ပွား စေရေးအတွက် အခြေခံအားဖြင့် သတိပြုရမည့် အချက်အချို့ကို ဖော်ပြလိုက်ပါသည်။

✅ Operators must be qualified.
မောင်းနှင်သူများသည် အရည်အချင်းပြည့်မီရမည်။
✅ Appropriate clothes must be worn.
သင့်လျော်သည့် ဝတ်စုံများဝတ်ဆင်ထားရမည်။
✅ Examine equipment before use.
ယာဉ်ကို အသုံးမပြုမီ စစ်ဆေးပါ။
✅ Starting up the forklift.
ဖော့ကလစ်ယာဉ်စတင်မောင်းနှင်ခြင်းမပြုမီ ပြင်ဆင်ပါ။
✅ Consider the surrounding environment.
ပတ်ဝန်းကျင်ကိုထည့်သွင်းစဉ်စားပါ။
✅ Operate at a safe speed.
အန္တရာယ်ကင်းသည့်အရှိန်ဖြင့်သာ မောင်းနှင်ပါ။
✅ Avoid hazards.
ဘေးအန္တရာယ်ရှိစွန့်စားမှုများကို ရှောင်ရှားပါ။
✅ Ensure your load is stable and secure.
တင်ဆောင်သည့် ဝန်သည်တည်ငြိမ်ပြီး လုံခြုံစိတ်ချမှုရှိပါစေ။
✅ Make sure you have clear visibility.
မြင်ကွင်းရှင်းရန် သေချာပါစေ။
✅ Forklifts are for carrying load only.
ဖော့ကလစ်ယာဉ်များသည် ကုန်တင်ရန် သက်သက်သာ ဖြစ်သည်။
✅ Keep clear of the mast.
ဝန်ချီစက်မောင်းနှင်တိုင်နှင့် မထိခိုက်အောင်နေပါ။
✅ Driving on ramps
ကုန်းလျောများပေါ်တွင် မောင်းနှင်လျှင် ဂရုစိုက်ပါ။
✅ Ensure the forklifts is not over-load.
သတ်မှတ်ကုန်ချိန်ထက် မကျော်လွန်ပါစေနှင့်။
✅ Ensure the load is evenly distributed.
ဝန် (ကုန်ပစ္စည်းများ)ကို မျှမျှတတ ရောချထားပါစေ။
✅ Refueling
ဆီဖြည့်ရာတွင်လည်း ဂရုစိုက်ပါ။
✅ When the shift ends
လုပ်ငန်းပြီးဆုံးချိန်တွင်လည်း အထူးဂရုစိုက်ပါ။

#SuperLight #Logisttics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN