fbpx

​ပြည်ပက မှာယူတင်သွင်းထားတဲ့ ကုန်ပစ္စည်းတွေ အရောက်နောက်ကျလို့ အမြဲ စိတ်ညစ်နေရပါသလား ?​

 Super Light Logistics နဲ့ သယ်ယူမယ်ဆိုရင်တော့ Customer များရဲ့ ကုန်ပစ္စည်းအော်ဒါ ရရှိပြီးသည်မှစ၍ ၊ Customer တွေရဲ့ ဆိုင်ကို ကုန်ပစ္စည်းများ ရောက်ရှိသည်အထိ စုစုပေါင်း အချိန် (၃)ရက်ပဲ ကြာမှာဖြစ်ပါတယ်။​

 ​ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းကောင်းတွေနဲ့ ခေတ်မီနည်းပညာများကို အသုံးပြုပြီး ကုန်ပစ္စည်းများအား စစ်ဆေးခြင်း ၊ သိုလှောင်ခြင်း ၊ ပို့ဆောင်ပေးခြင်း ၊ report လုပ်ပေးခြင်း စတဲ့ လုပ်ငန်းအဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်ပေးမှာမလို့ လျင်မြန်စိတ်ချရပြီး စိတ်တိုင်းကျစေမှာလည်း အသေအချာပါပဲ။ ​

 ကုန်ပစ္စည်းများ လုံခြုံရေးအတွက် အထူးစိတ်ချရပြီး ၊ ​ စနစ်ကျလှတဲ့ Warehouse Management Software များကို အသုံးပြုကာ ကုန်ပစ္စည်းနေရာသိုလှောင်မှုများကို ဆောင်ရွက်ပေးမှာ ဖြစ်လို့ အချိန်ပိုမကုန်ပဲ စနစ်ကျစွာနဲ့ ထားသိုနိုင်မှာလည်း ဖြစ်ပါတယ်။​

 ယာဉ်မောင်းများ၏ ကျွမ်းကျင်မှု ၊ လုပ်သားများ၏ အတွေ့အကြုံမြင့်မားမှုတို့ကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေစဉ်မှာလည်း ထိခိုက်ပျက်စီးမှုလုံးဝမရှိပဲ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။​

စိတ်ဝင်စားလို့ အသေးစိတ်မေးမြန်းလိုပါက message box မှ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ် ​ 📧

#SuperLight #Logistics #Branding #Border_Trade

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN