fbpx

မြန်မာနိုင်ငံသွင်းကုန် ၊ ထုတ်ကုန်ုလုပ်ငန်းရှင်များအတွက် စည်းကြပ်ခွန်နှင့် အခွန်အခများ (Tariffs & Taxes for Myanmar Exporters/Importers)

စည်းကြပ်ခွန် (Tariffs)

မြန်မာနိုင်ငံတွင် သွင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို အောက်ပါအချက်များပေါ်တွင် အခြေခံ၍ တွက်ချက် စည်းကြပ်လျက်ရှိသည်။

  • (၁) သွင်းကုန်ပစ္စည်းအမျိုးအစား
  • (၂) သွင်းကုန်ပစ္စည်းတန်ဖိုး
  • (၃) သွင်းကုန်ပစ္စည်းမူရင်းထုတ်ရာဒေသ

သွင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုမှာ ၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သွင်းကုန်ပစ္စည်းများအတွက် ပျမ်းမျှစည်းကြပ်အခွန်မှာ ၈.၇ ရာခိုင်နှုန်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် မသက်ဆိုင်သော အခြားသွင်းကုန်များအတွက် ပျမ်းမျှစည်းကြပ်အခွန်မှာ ၅.၁ ရာခိုင်နှုန်းဖြစ်သည်။
သွင်းကုန်အမျိုးအစားအလိုက် စည်းကြပ်ခွန်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အသေးစိတ်ထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း ၊ ကုန်သွယ်ရေး ကင်းလွတ်ခွင့်ဇုန် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများထံမှ သွင်းကုန်ပစ္စည်းများအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်အခွန်ကင်းလွတ်ခွင့် ပြုထားလျက်ရှိပါသည်။ စည်းကြပ်အခွန်ကင်းလွတ်ခွင့်အတွက် သွင်းကုန်ပစ္စည်း၏ မူရင်းဒေသ ထောက်ခံချက် (Country of Origin) လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ပို့ကုန်ပစ္စည်းများအပေါ်ကိုမူ စည်းကြပ်ခွန်သတ်မှတ်ပြဌာန်းထားခြင်းမရှိပေ။

အထူးကုန်စည်ခွန်နှင့် အခြားအခွန်များ (Special Goods Tax & Others)

၂၀၁၆ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအစိုးရမှ သွင်းကုန်ထုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံနေသည့် ကုန်သွယ်ရေး လုပ်ငန်းခွန်အစား အထူးကုန်စည်များ အကောက်ခွန်အက်ဥပဒေတစ်ရပ်ကို သတ်မှတ်ပြဌာန်းခဲ့သည်။ အဆိုပါ အထူး ကုန်စည်ခွန်အက်ဥပဒေအရ ဇိမ်ခံပစ္စည်းများ ၊ ကျန်းမာရေး ဘေးဥပဒ်ဖြစ်စေသော ပစ္စည်းများ နှင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်သော ပစ္စည်းများကို အထူးအခွန်များ သတ်မှတ်ပြဌာန်းခဲ့သည်။ ကျောက်မျက်ရတနာ ၊ စီးကရက် ၊ ဒီဇယ် စသည့် အထူးကုန်စည်ခွန်နှင့် အကျုံးဝင်သော ပစ္စည်းများအပေါ် ၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသည့်အပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်၍ ပို့ကုန် ၊ သွင်းကုန်ပစ္စည်းများအားလုံးအပေါ်တွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း သတ်မှတ်ပြဌာန်းထားပြီး သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် ပစ္စည်းတင်ပို့ (သို့) သွင်းယူသည်နှင့် ကြိုတင်ပေးသွင်းရမည်ဖြစ်သည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN