fbpx

Super Light Logistics ရဲ့ ဝန်ဆောင်မှုတွေအပေါ် Customer များ၏ ရင်တွင်းစကားသံများ

🔶 Myo Thein Electronics ကုမ္ပဏီဟာ ၁၉၉၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ခေတ်မီလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ယင်းကုမ္ပဏီ စတင်တည်ထောင်စ အချိန်ကတည်းကနေ ၊ ယခုအချိန်အထိ ခေတ်မီပြီး အရည်အသွေးပြည့်ဝတဲ့ နာမည်ကြီး လျှပ်စစ်ပစ္စည်း အမှတ်တံဆိပ်ပေါင်း များစွာကို ဖြန့်ဖြူးရောင်းချလာခဲ့တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး။

🔶 Myo Thein Electronicsကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံရဲ့ အဓိကမြို့တော်ကြီးတွေဖြစ်တဲ့ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံးခွဲပေါင်း (၅) ခုထိ ဖွင့်လှစ်ထားလျက်ရှိပြီး၊ အဓိကပင်မ ရုံးချုပ်ကတော့ မန္တလေးမြို့နယ်မှာ ဖွင့်လှစ်တည်ထောင်ထားပဲ ဖြစ်ပါတယ်။

🔶 Myo Thein Electronics ကုမ္ပဏီသည် နာမည်ကျော် အမှတ်တံဆိပ်များဖြစ်သော TCL ၊ Samsung နှင့် အခြားသော Branded လျှပ်စစ်ပစ္စည်း အမျိုးမျိုးကို ချိုသာသောဈေးနှုန်းထားနှင့် ဈေးကွက်အတွင်း လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။

🔶 Myo Thein Electronics ဟာ ဆိုရင် ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ၊ ဈေးကွက်လိုအပ်ချက်အတိုင်း သယ်ပို့ရောင်းချနိုင်ရေးအတွက် ကျွန်တော်တို့ရဲ့ Super Light Logistics ကို ရွေးချယ်လာခဲဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာရှည်လာခဲ့ပြီ ဖြစ်ပါတယ်။

ထိုကဲ့သို့ ကျွန်တော်တို့ Super Light Logistics နှင့် ယုံကြည်စိတ်ချစွာ အတူလက်တွဲလုပ်ကိုင်ခဲ့သော Myo Thein Electronics လည်း ဆထက်မက တိုးတက်လာပြီး ရာစုနှစ်ပေါင်းများစွာအထိ ဈေးကွက်အတွင်း အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🤗🤗
#SuperLight #Logistics #Branding #Customer_recommendation

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN