fbpx

ကျွမ်းကျင်စိတ်ချရသော စားသောက်ကုန်သယ်ပို့ခြင်း၏ အရေးပါမှု

လတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကို ရောင်းချနိုင်ဖို့သည် စားသောက်ကုန်လုပ်ငန်းတွေအတွက် မရှိမဖြစ်အရေးကြီးဆုံးအရာဖြစ်ပါတယ်။ လုပ်ငန်းရှင်သာမက ပစ္စည်းထောက်ပံ့တဲ့ ရောင်းချသူတွေပါ ဒီအချက်ကို လက်ခံထားကြပါတယ်။ ဒီအရာဟာ စားသောက်ကုန်လုပ်ငန်းတစ်ခုအတွက် စားသုံးသူရဲ့ ကျေနပ်နှစ်သိမ့်မှုနဲ့အတူ ကြီးမားလှတဲ့ အကျိုးခံစားခွင့်ကို ပြန်လည်ရရှိစေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ စားသောက်ကုန်သယ်ယူပို့ဆောင်ရေးသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဏတစ်ခု အဖြစ်ပါဝင်လာရပါတော့တယ်။ ထို့ကြောင့် စားသောက်ကုန်သယ်ယူပို့ဆောင်ရာတွင် သိသင့်သည့် အခြေခံအချက်အလက်များကိုအောက်တွင်ဖော်ပြပေးသွားမှာဖြစ်ပါသည်။

Refrigerated transportation ဆိုတာ နှင့် ဘယ်ကစတာလဲ

—————————————————————-
Refrigerated transportation သို့မဟုတ် reefer freight ဆိုတာသည် ကုန်စည်တစ်ခုကို သတ်မှတ်ထားတဲ့ အပူချိန်ထိန်းညှိမှုတစ်ခုဖြင့် ပို့ဆောင်ပေးခြင်းလို့မှတ်လို့ရပါတယ်။ အဓိကအားဖြင့် ရာသီဥတုဒဏ်မခံနိုင်တဲ့ ကုန်စည်မျိုးတွေဖြစ်တဲ့ အရွက်တွေ၊ အသီးအနှံတွေ၊ အသားငါးတွေ၊ နို့ နဲ့ ပေါင်မုန့် စတဲ့ စားသောက်ကုန်စည်မျိုးတွေ သယ်ယူပို့ဆောင်ဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးတည်ဆောက် ထားတာဖြစ်ပါတယ်။ ၁၈၀၀ခုနှစ်လောက်မှာ Refrigerated transportation ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး အဲ့အချိန်တုန်းက ရေခဲတုံးတွေနဲ့ ဆားတွေကိုအသုံးပြုပြီး စားသောက်ကုန်အတွက် အကောင်းဆုံးဖြစ်မယ့် အပူချိန်ကို ထိန်းချုပ်ပြီး ပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အမျှ ဒီနည်းလမ်းကို ဆက်လက်သုံးစွဲခြင်းမရှိတော့ဘဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ နည်းလမ်းအသစ်တွေအသုံးပြုဖို့ကြံစည်လာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးအမြတ်ပိုင်းမှာ သိသိသာသာကို အရှုံးပေါ်တဲ့အတွက်ဖြစ်ပါတယ်။

Cold Chain Logistics ပေါ်ထွက်လာခြင်း

————————————————
အစောပိုင်းကာလတွေက အစပျိုးခဲ့တဲ့ Refrigerated transportation ကို ပိုမိုစိတ်ချရပြီး ကောင်းမွန်သည်ထက် ကောင်းမွန်လာအောင် အသင်းအဖွဲ့တွေအနေနဲ့ စွမ်းဆောင်လာကြပါတယ်။ အဲဒီကနေပြီးတော့ပဲ Cold Chain Logistics ဆိုတာဖြစ်ပေါ်လာပါတယ်။ Cold chain logistics သည် ပျက်စီးလွယ်ပုပ်သိုးလွယ်သော ကုန်စည်တွေနှင့် အပူချိန်အလိုက် ထိလွယ်ရှလွယ်သော ထုတ်ကုန်တွေအား အေးခဲလျက် သို့မဟုတ် အပူချိန်ထိန်းချုပ်တဲ့ ထုတ်ပိုးမှုတွေနဲ့ သိမ်းဆည်းသိုလှောင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုန်စည်ရဲ့ အကောင်းဆုံးအရည်အသွေးရရှိအောင် ကာကွယ်ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် Cannon Logistics သည် အဆင်မြင့် အပူချိန်ထိန်းချုပ်သယ်ယူပို့ဆောင်ရေး ကို ဝန်ဆောင်မှုပေးဖို့ရာအတွက် ကုန်စည်တွေကိုသယ်ယူနေစဉ်အတွင်း တင်းကျပ်တဲ့စည်းမျဉ်းကျင့်ဝတ် နှင့် ဘေးအန္တာရယ်ကင်းရှင်းရေးတိုင်းထွာချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ပြဌာန်းခဲ့ပါသည်။ ဒီပြဌာန်းချက်တွေမှာ ကုန်စည်တွေကို ကြည့်ရှုစစ်ဆေးသည့်နေရာတောင်မှသပ်သပ်မှတ်မှတ် တာဝန်ချထားပေးတဲ့သူတွေကသာ ဂရုစိုက်ဝန်ဆောင်မှုပေးဖို့ဆိုတာမျိုးတွေ ပါပါတယ်။

အပူချိန်ထိန်းညှိသယ်ပို့ခြင်းတွေရဲ့ အရေးပါမှု

————————————————
စားသောက်ကုန်တွေကို ဘေးကင်းစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ရေးတွင် အပူချိန်သည် အဓိကအခန်းကဏ္ဏတစ်ရပ်အဖြစ်ပါဝင်ပါသည်။ ပျက်စီးပုပ်သိုးလွယ်သောကုန်စည်များနှင့် အပူချိန်အလိုက်ထိလွယ်ရှလွယ်သော ကုန်စည်များသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ဝန်ဆောင်မှုပေးရန် တောင်းဆိုမှုများလာသည်နှင့်အမျှ Refrigerated transport ၏ အရေးပါမှုသည်လည်း မြင့်တက်လာပါသည်။
သန့်ရှင်းလတ်ဆက်သော စားသောက်ကုန်လုပ်ငန်းတစ်ခုအတွက် Refrigerated transport သည် မည်သို့ အကျိုးထူးစေနိုင်သည်ကို အကြောင်းအရာများစွာအနက်မှ အနည်းငယ်ဖော်ပြလိုက်ပါသည်။

မသန့်မရှင်းနှင့် ညစ်ညမ်းခြင်းများမှ ကာကွယ်ခြင်း

—————————————————–

စားသောက်ကုန်များ ညစ်ညမ်းခြင်းနှင့် မသန့်ရှင်းခြင်းတို့မှ ဖြစ်ပေါ်လာနိုင်သည့် အန္တာရာယ်ရှိ အဆိပ်အတောက်များဖြစ်ပေါ်လာနိုင်ခြင်းအား ကာကွယ်ရန်နှင့် ကုန်စည်တစ်မျိုးခြင်းအလိုက် ရှိရမည့် အကောင်းဆုံးအရည်အသွေးအား ထိန်းသိမ်းထားနိုင်ရန်အတွက် အပူချိန်ထိန်းညှိနိုင်သည့် Refrigerated truck များသည် စားသောက်ကုန်လုပ်ငန်းများအတွက် အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

ပျက်စီးလွယ်သည့် စားသောက်ကုန်စည်များ၏လိုအပ်ချက် မြင့်တက်လာခြင်း

——————————————————————————-
ကျန်းမာစေသော၊ သန့်ရှင်းလတ်ဆက်သော ထုတ်ကုန်များအား စားသုံးခြင်းကို စားသုံးသူများအကြား စိတ်ဝင်စားမှုမြင့်တက်လာသည်နှင့်အမျှ ၎င်းထုတ်ကုန်တို့၏ ဈေးကွက်လိုအပ်ချက်သည်လည်း မြင့်တက်လာသည်။ ထိုအကြောင်းအရာနှင့်အတူ ကုန်စည်များအပျက်အဆီးမရှိစေရေးနှင့် စိတ်ချရစေရေးတို့အတွက် လိုအပ်ချက်ဖြစ်သည့် Refrigerated transportation သည် ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာခြင်းဖြစ်ပါသည်။

မတူညီသောကုန်စည်များအတွက်ပါ အသုံးပြုနိုင်ခြင်း

———————————————————–
စားသောက်ကုန်စည်တစ်မျိုးတည်းအတွက်သာမဟုတ်ဘဲ အခြားသော အပူချိန်ထိန်းညှိမှုကိုလိုအပ်သော ကုန်စည်များဖြစ်သည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ စောင့်ရှောက်ရေးပစ္စည်းများ နှင့် အခြားတန်ဖိုးကြီး အနုပညာပစ္စည်းများအတွက်ပါ အသုံးပြုလေ့ရှိသည်။

စားသောက်ကုန်ဘေးအန္တာရာယ်ကင်းရှင်းရေး နည်းဥပဒေသများကိုပါ လေးစားလိုက်နာမှုရှိခြင်း

————————————————————————————————–
သြစတြေးလျနိုင်ငံသည် စားသောက်ကုန်နှင့်ပတ်သက်ပြီး တင်းကျပ်သော နည်းဥပဒေသများထုတ်လုပ်ထားပြီး ၎င်းဥပဒေသများကို လိုက်နာရန်လည်းလိုအပ်ပါသည်။ စားသောက်ကုန်များကို ၎င်းတို့အမျိုးအစားအလိုက် ရှိရမည့် အပူချိန်အတိုင်းထိန်းသိမ်း သိုလှောင်ပြီး မှ သယ်ယူပို့ဆောင်ရန်ကို အပြည့်အဝလိုက်နာရန်ဖြစ်သည်။ ထိုကဲ့သို့သော တင်းကျပ်သည့် ဥပဒေသများထုတ်ထားသည့်နိုင်ငံများအတွက်ပါ Refrigerated transportation သည် လေးစားလိုက်နာပြီးသားဖြစ်သည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN