fbpx

Refrigerated Transport ရွေးချယ်မည်ဆိုပါက ထည့်သွင်းစဉ်းစားစရာအချက်များ

Refrigerated transportation ဝန်ဆောင်မှုပေးနေသော ကုမဏ္ဏီ များမှာ များစွာရှိသည်။ ထိုများစွာသော ဝန်ဆောင်မှုလုပ်ငန်းများမှ တစ်ချို့မှာ သိသာကွဲပြားစွာ သာလွန်နေသည့်အချက်များရှိနေတတ်သည်။ သင့်အနေဖြင့် ၎င်းတို့ထဲမှ တစ်ခုကို မငှားရမ်းမီ အောက်ဖော်ပြပါ အချက်များအား ဆောင်ရွက်ပေးနိုင်မှုရှိ မရှိကို စစ်ဆေးရန်လိုအပ်ပါလိမ့်မည်။

အပူချိန်မှတ်တမ်း
———————
သင့်အနေဖြင့် သင်၏ ကုန်စည်ကို သယ်ယူပို့ဆောင်နေစဉ်ကာလအတွင်း အပူချိန်ထိန်းညှိထားမှုကို မသိရှိရမည်ကို စိုးရိပ်ရန်မလိုအပ်ပေ။ Refrigerated transportation များတွင် အသုံးပြုသည့် စနစ်သည် ကုန်စည်၏အပူချိန်ကို အလိုလျောက်ထိန်းညှိပေးသည့်စနစ်ဖြစ်ပြီး သယ်ယူပို့ဆောင်သည့်လမ်းတစ်လျောက် မှတ်တမ်းထားရှိပေးသည့်စနစ်လည်း ပုံမှန်ပါဝင်လေ့ရှိသည်။ အကယ်၍ သတ်မှတ်ထားသည့် အပူချိန်အမှတ်မှ လျော့နည်းခြင်း ကျော်လွန်သွားခြင်းများဖြစ်ပေါ်လာပါကလည်း ယာဉ်မောင်းအားအချက်ပေးခြင်းကို စနစ်မှ အလိုလျောက်ပြုလုပ်ပေးမည်ဖြစ်သည်။

လမ်းကြောင်းကောက်စနစ် (Trackers)
——————————————-
အချို့သော သယ်ယူပို့ဆောင်ရေးကုမဏ္ဏီများသည် အပူချိန်ထိန်းညှိသည့် စနစ်အပြင် လမ်းကြောင်းကောက်သည့် (tracker) စနစ်ကိုပါ ၎င်းတို့၏ ယာဉ်များတွင်တပ်ဆင်ထားလေ့ရှိသည်။ လမ်းကြောင်းကောက်သည့် (tracker) စနစ်သည် သယ်ယူပို့ဆောင်နေသည့် လမ်းတစ်လျောက် စောင့်ကြပ်ကြည့်ရှုပေးနိုင်ပြီး လမ်းခရီးရောက်ရှိနေမှုအခြေအနေအားအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည်။ ထို့အပြင် အရေးပါသည့်နေရာများသို့ရောက်ရှိနိုင်မှု နှင့် ပို့ဆောင်လိုသည့်နေရာသို့ရောက်ရှိနိုင်မည့် ခန့်မှန်းရောက်ရှိချိန် ကိုပါတွက်ချက်နိုင်သည်။

ပစ္စည်းတင်ချခြင်း လုပ်ငန်းစဉ် ပြဌာန်းချက်များ
—————————————————–
ကုန်ပစ္စည်း၏ အရည်အသွေးသည် သယ်ယူပို့ဆောင်ရေးပြုလုပ်နေစဉ်ကာလတစ်ခုအတွင်းတွင်သာ မှီခိုနေသည်မဟုတ်ဘဲ ပစ္စည်းအတင်အချ ပြုလုပ်ရသည့်အချိန်တွင်ပါ ထိခိုက်နိုင်ခြေရှိသည်။ တာဝန်ရှိသူမှ ပစ္စည်းအတင်အချအား မည်သို့ကိုင်တွယ်သည် ဆိုသည့်အပေါ်မူတည်ပြီး ကုန်ပစ္စည်း၏ အရည်အသွေးသည်လည်း သိသာစွာပြောင်းလဲနိုင်သည်ကို ဂရုပြုသင့်သည်။

အထက်ဖော်ပြချက်များအရ အပူချိန်ထိန်းညှိနိုင်ခြင်းသည် စားသောက်ကုန်များအတွက် မသန့်မရှင်းဖြစ်ခြင်း ညစ်ညမ်းခြင်းများမှ ကာကွယ်နိုင်သည့် အဓိကသော့ချက်ဖြစ်သလို Refrigerated transportation သည်လည်း လတ်ဆက်သန့်ရှင်းသော စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ကုန်လက်လီရောင်းချခြင်းလုပ်ငန်းများ နှင့် ထောက်ပံ့ရောင်းချသူများအစရှိသည့် စားသောက်ကုန်လုပ်ငန်းကွန်ယက်တစ်ခုလုံးအတွက် အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတော့သည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN